- သာမဏေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း
- ပေါင်းကူးစနစ်ပါသည့်အတွက် လူထွက်ချင်သည့် ရဟန်းသာမဏေတို့အတွက် ဘဝတက်လမ်း ဆုံးရှုံးနင့်နာမှု မရှိခြင်း
- နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ အလဟသတ် မဖြစ်ခြင်း
- ဘုန်းတော်ကြီးတို့၏ ဩဇာအာဏာ ကြီးမားလာခြင်း
Saturday, June 28, 2025
စနစ်သစ်၏ အားသာချက်များ
Friday, June 27, 2025
ပါဠိတော်ကို ပါဠိတော်ဖြင့် ဖွင့်ဆိုနည်း
- သုတ္တန်တစ်ခုရဲ့ အနက်ဖွင့်ကို အဋ္ဌကထာတွေပေးတဲ့ အဓိပ္ပါယ်ထက် အခြားနှီးနွယ်တဲ့ သုတ္တန်တွေနဲ့ ချိတ်ဆက်ပြီး အဓိပ္ပါယ်ဖော်နိုင်ဖို့ ကြိုးစားဖြစ်ခဲ့တယ်။ (ကိုအောင်သန်းမြင့်, ၂၀၂၄, ဇန် ၂၃)
ပါဠိတော်ဖြင့် ပါဠိတော်ကို ဖွင့်ဆိုခြင်း
- သင်္ဂဟဝတ္ထုသုတ်လာ သင်္ဂလဝတ္ထုလေးမျိုးကို ဗလသုတ်ဖြင့် ပြန်လည်ဖွင့်ဆိုခြင်း
Tuesday, June 24, 2025
သာသနာ့သမိုင်း ရေးသားခြင်း လုပ်ငန်းစဥ်
- ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်းဘောင် နှစ်ခေတ်ခွဲဲ။ (ဦးဖေမောင်တင်ရဲ့ မြန်မာစာပေသမိုင်းကို ကြည့်ရန်)
- မြန်မာနိုင်ငံဗုဒ္ဓသာသနာ့သမိုင်း (အတွဲ - ၁) (ပျူခေတ်) ကို ဦးကေသရက တာဝန်ယူ ရေးသားရန်
- မြန်မာနိုင်ငံဗုဒ္ဓသာသနာ့သမိုင်း (အတွဲ - ၂) (ပုဂံခေတ်) ကို ဦးစက္ကပါလက တာဝန်ယူ ရေးသားရန်
- မြန်မာနိုင်ငံဗုဒ္ဓသာသနာ့သမိုင်း (အတွဲ - ၃) (ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း) ကို ဦးအာသဘ ရေးသားရန်
- မြန်မာနိုင်ငံဗုဒ္ဓသာသနာ့သမိုင်း (အတွဲ - ၄) (ကုန်းဘောင်နှင့် ကိုလိုနီခေတ်) ကို ဦးအာသဘ ရေးသားရန်
- မြန်မာနိုင်ငံဗုဒ္ဓသာသနာ့သမိုင်း (အတွဲ - ၅) (လွတ်လပ်ရေး ရပြီးနောက်ပိုင်း) ကို ဦးအာသဘ ရေးသားရန်
- တာဝန်ယူ ရေးသားသူများက တစ်အုပ်လုံး ပြီးစီးအောင် ရေးရန်
- ရေးသားမူ စာမူကို ပြင်ပပညာရှင်များ၏ အကြံပြု ဆွေးနွေးချက်များကို နားထောင်ရန်
ပုဂံခေတ်ဗုဒ္ဓသာသနာ့သမိုင်း
- ပျူခေတ်နှင့် ပုဂံခေတ် သာသနာရေး ဆက်စပ်မှု
- ပုဂံခေတ် ကိုးကွယ်မှုနောက်ခံသမိုင်း
- ဘုရင်များနှင့် ဗုဒ္ဓသာသနာ
- ပုဂံခေတ်ပရိယတ္တိပညာရေး
- ပုဂံခေတ်ပေါ် ကျမ်းစာများ
- ပြည်ပနိုင်ငံများနှင့် သာသနာဆက်ဆံရေး
- ပုဂံခေတ် ဗုဒ္ဓသာသနာဂိုဏ်းများ
- ပုဂံခေတ် သာသနိက ဗိသုကာနှင့် အနုပညာ
- ပုဂံခေတ် သာသနာပြန့်ပွားရေး
အင်းဝခေတ်မှ ကုန်ဘောင်ခေတ်အထိ
Sunday, June 22, 2025
အရံသင်ရိုး (co- curriculum)
- Debate ပြိုင်ပွဲ
- ကျပန်းစကားပြောပြိုင်ခြင်း
- Group Presentation
- စာစီစာကုံးပြိုင်ပွဲ
- တရားအားထုတ်ခြင်း (Meditation)
- Interview program
- Field Trip
- Excursion
- စာကြည့်တိုက်ပညာ
Saturday, June 21, 2025
ပေါင်းကူး လုပ်ငန်းစဥ်
- ဖြစ်နိုင်ခြေရှိသည့် ဘုန်းကြီးကျောင်းများကို ရွေးချယ်စီစစ်၍ ပေါင်းကူးသင်တန်းကျောင်းများအဖြစ် အသိအမှတ်ပြုရေး
- ထိုပေါင်းကူးကျောင်းများအတွက် ရံပုံငွေ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရေး
- တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်အတွက် အစိုးရဘက်မှ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ဆွေးနွေးရန်
- လိုအပ်ပါက Non-formal School များနှင့် ချိတ်ဆက်၍ အကောင်အထည် ဖော်ရန်
Thursday, June 19, 2025
သင်ရိုးညွှန်းတမ်း ရေးဆွဲရေး လုပ်ငန်းစဥ်
၁။ သင်ရိုးစီမံအဖွဲ့ (ခြောက်ဦးခန့်)
- သင်ရိုးစီမံအဖွဲ့ဟူသည် ခေတ်သစ်ပရိယတ္တိပညာရေးသင်ရိုးညွှန်းတမ်း ရေးဆွဲရေးအတွက် အရေးကြီဆုံး အဖွဲ့ဖြစ်သည်။ ဤအဖွဲ့သည် အရည်အသွေး ပြည့်မီသော သင်ရိုးညွှန်းတမ်းများ ဖြစ်ပေါ်လာရေးအတွက် အဓိက စီမံခွင့်၊ လုပ်ပိုင်ခွင့်ရှိသည်။ သင်ရိုးစီမံအဖွဲ့ကို အဖွဲ့ဝင် (၆) ဦး (သို့မဟုတ်) (၇) ဦးဖြင့် ဖွဲ့စည်းရမည်။ သင်ရိုးစီမံအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- ပညာရေးစနစ်သစ်တွင် ပါဝင်မည့် အတန်းအရေအတွက်နှင့် အတန်းတို့၏အမည်များကို သက်မှတ်ရန် (ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးပညာရှင်များနှင့်ပါ ဆွေးနွေးတိုင်ပင်၍ အတည်ပြုရန် ဖြစ်သည်။)
- ဆိုင်ရာအတန်းတို့၌ ပြဌာန်းသင့်သော သင်ခန်းစာများအတွက် သင်ရိုးမာတိကာ (ပြဋ္ဌာန်းစာ ခေါင်းစဥ်အကျဥ်း) များကို ဆွေးနွေးဆုံးဖြတ်ရန်
- ဆွေးနွေးဆုံးဖြတ်၍ စုစည်းထားသော သင်ရိုးမာတိကာတို့ကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ နောက်ဆုံးအတည်ပြုရန်
- သင်ရိုးမာတိကာတို့ကို ရေးသားရန်အတွက် ခေါင်းစဥ်အလိုက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံ အပ်နှံရန်
- ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ရေးသားထားသော စာမူကြမ်းများကို အချက်အလက်၊ စကားလုံးအသုံးအနှုန်း၊ စာအရေးအသားစသည် စီစစ်တည်းဖြတ်ရန်
- တည်းဖြတ်ပြီး စာမူများကို လိုအပ်ပါက ပြင်ပပညာရှင်များနှင့်တွဲဖက်၍ ထပ်မံ စီစစ်တည်းဖြတ်ရန် (Discussion with Panel of External Expert)
- နောက်ဆုံး တည်းဖြတ်ပြီးသား စာမူများကို သင်ရိုးညွှန်းတမ်းရေးဆွဲမည့် ပညာရှင်များထံ အပ်နှံရန်
- သင်ရိုးညွှန်းတမ်းပညာရှင်များ ရေးဆွဲထားသော စာမူများကို ထပ်မံ စီစစ်တည်းဖြတ်ရန် (Final edition) (လိုအပ်ပါက ပြင်ပပညာရှင်များနှင့်ပါ ညှိုနှိုင်း လုပ်ဆောင်ရန်။)
- ဒီဇိုင်းပညာရှင်များ၊ ပန်းချီပညာရှင်များနှင့် ဓာတ်ပုံပညာရှင်များထံ စာမူများအပ်နှံကာ မူကြမ်းစာအုပ်အဖြစ် ပုံနှိပ်ရေး ဦးစီးဆောင်ရွက်ရန်
- နောက်ဆုံးထွက်လာသည့် မူကြမ်းစာအုပ်ကို ထပ်မံ စီစစ်၍ အတည်ပြုရန် (ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ ပြင်ပပညာရှင်များနှင့်ပါ ထက်မံ တိုင်ပင်၍ အကြံဉာဏ်များ ရယူကာ နောက်ဆုံး အတည်ပြုရန်)
- ကျောင်းသားကိုင်သင်ခန်းစာ (Student Textbook) အတွက် ဆရာလမ်းညွှန်စာအုပ် ကိုလည်း ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် သင်ရိုးညွှန်းတမ်းပညာရှင်များ၏ အကူအညီဖြင့် ရေးသား၍ စာအုပ်အဖြစ် ပုံနှိပ်ရေး ဦးစီးဆောင်ရွက်ရန်
- နောက်ဆုံး စီစစ်ပြီး ကျောင်းသားကိုင်၊ ဆရာကိုင် ပြဋ္ဌာန်းစာအုပ်များကို အတန်းအလိုက် ကန့်သက်အဖြစ် ပုံနှိပ်ထုတ်ဝေရန်
၂။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ
- ဝိနည်းဘာသာအတွက် စီစစ်သက်မှတ်ထားသော သင်ရိုးမာတိကာပါ ခေါင်းစဥ်များအအတွက် ဝိနည်းဘာသာရပ်၌ ကျွမ်းကျင်သော ပညာရှင်တို့ကို တာဝန်ပေး၍ သင်ခန်းစာများ ရေးသားစေခြင်း၊ မြန်မာစာ၊ သမိုင်းစသော အခြားဘာသာရပ်များအတွက် သင်ရိုးမာတိကာပါ ခေါင်းစဥ်များကိုလည်း ၄င်းဘာသာရပ်တို့၌ ကျွမ်းကျင်သော ပညာရှင်များကို ဆက်သွယ်၍ သင်ခန်းစာများ ရေးသားရန် တာဝန်ပေးခြင်း
- သင်ခန်းစာများ ရေးသားရန် တာဝန်ပေးရာ၌ သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာအုပ်ထုတ်ဝေထားသည့် ပညာရှင်များ (သို့မဟုတ်) ဆောင်းပါး ရေးသားထားသည့် ပညာရှင်ကို ဦးစားပေးရွှေးချယ်ရန်။ ဥပမာ ... "ကာလာမသုတ်" အကြောင်းကို သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းပြဋ္ဌာန်းလိုပါက ကာလာမသုတ်အကြောင်း စာအုပ်၊ ဆောင်းပါး ရေးသားထုတ်ဝေထားသည့် ပညာရှင်ထံ ချဥ်းကပ်၍ သင်ခန်းစာရေးဖို့ တာဝန်ပေးရန်။ "မြစေတီကျောက်စာ" အကြောင်းကို သင်ရိုးညွှန်းတမ်းထဲ ထည့်မည်ဆိုပါက မြစေတီကျောက်စာအကြောင်း စာအုပ်၊ ဆောင်းပါး ရေးသားထားပြီးဖြစ်သည့် ပညာရှင်ထံ အပ်နှံရန်။
၃။ ပြင်ပပညာရှင်များ (Panel of External Experts)
- ပြင်ပပညာရှင်များဟူသည် သင်ရိုးစီမံအဖွဲ့က ရွေးချယ်ဖိတ်ကြားထားသော ဘာသာရပ်အလိုက် ကျွမ်းကျင်သူများ ဖြစ်သည်။ ရေးသားပြီး စာမူများကို ဆွေးနွေးတိုင်ပင်ရန် ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သော ပညာရှင်တို့ကို သီးခြား ဖိတ်ကြား၍ ဆွေးနွေးရမည်။
- သင်ရိုးစီမံအဖွဲ့သည် ရေးသားထားသည့် စာမူများကို ပြင်ပပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ နောက်ဆုံးအချောသတ်စာမူများဖြစ်သည်အထိ ညှိုနှိုင်းဆောင်ရွက်ရမည်။
၄။ သင်ရိုးညွှန်တမ်းရေးဆွဲရေးပညာရှင်များ
- သင်ရိုးညွှန်တမ်းရေးဆွဲရေး အတွေ့အကြုံရှိသည့် ကျွမ်းကျင်ပညာရှင်များ ဖြစ်ရမည်။
- သင်ရိုးစီမံအဖွဲ့သည် သင်ရိုးရေးဆွဲရာ၌ လွယ်ကူချောမွေ့စေရေးအတွက် သင်ရိုးညွှန်တမ်းရေးဆွဲရေးပညာရှင်များကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် စီစဥ်ပေးရမည်။
Subscribe to:
Posts (Atom)
-
ပညာရှင်များ ဦးအဘယာလင်္ကာရ ဝိနည်းဘာသာ ပြဋ္ဌာန်းကျမ်းစာများ ပစ္စဝေက္ခဏာ (၄) ပါး လိင် (၁၀) ပါး ဒဏ် (၁၀) ပါး သေခိယသိက္ခာပုဒ် (၇၅) ပါး ခန္ဓကဝတ် (...
-
မြန်မာနိုင်ငံဗုဒ္ဓသာသနာ့သမိုင်းကို စုပေါင်းရေးသားရန်။ မရေးသားမီ စာအုပ်စာတမ်း၊ ကျောက်စာစသည်များမှ သာသနာ့သမိုင်းနှင့် ပတ်သက်သော အချက်အလက်အား...
-
ပညာဗိုလ် - ကျောက်ဆည် (သ၊စ၊အ ဓမ္မာစရိယ) မဟာဂန္ဓာရုံ ပညာရေးအကြောင်း (၁) --------------- "တေသု - ထိုနှစ်ဦးတို့တွင်၊ အနာထပိဏ္ဍိကေန - အနာထပိ...