- အရှင်အနုရုဒ္ဓါ
- အရှင်အာနန္ဒာ
- အရှင်ပုဏ္ဏ
- အရှင်မဟာကဿပ
- အရှင်မဟာမောဂ္ဂလာန
- အရှင်သာရိပုတ္တရာ
- အနာထပိဏ်သူဋ္ဌေး
- စိတ္တသူကြွယ်
Wednesday, October 30, 2024
သာဝကများအကြောင်း
သင်ကြားရေးနည်းစနစ်
- ပါဠိတော်ကို ပါဠိတော်အဖွင့်နဲ့ လေ့လာနည်း ခေတ်စားကြီးကျယ်လာတဲ့ တစ်နေ့ မြန်မာရဟန်းတော်တွေရဲ့ ဉာဏ်ပညာဟာ အဋ္ဌကထာဋီကာဆရာတို့ရဲ့ဉာဏ်နဲ့ တန်းတူဖြစ်လာမှာပါ။ အချို့နေရာ သာတာလေးတွေတောင် ရှိလာမှာပါ။
- သင်ကြားရေးနည်းစနစ်နဲ့ ပတ်သက်ရင် ဗြိတိသျှကောင်စယ်၊ အမေရိကန်စင်တာမှာ သုံးတဲ့ သင်ကြားရေး နည်းစနစ်များကို ယူ၍ ပြဋ္ဌာန်းကျမ်းစာတွင် ထည့်သွင်းအသုံးပြုရန််
- သင်ရိုးကို စာကြည့်တိုက်နဲ့တွဲပြီး သုံးနိုင်အောင် စီစဉ်ရန်
- အင်တာဗျူးခြင်း အတတ်ပညာကို စာတွေ့လက်တွေ့ သင်စေခြင်း
- စာသင်နေတဲ့အချိန်မှာ Question မေးဖို့က အရေးကြီးတယ်။ ဒါကို သင်္ခမ်းစာတိုင်းမှာ ပါအောင် ဆရာကိုင်လမ်းညွှန်တွေမှာ သေသေချာချာ ထည့်သွင်းမှာကြားထားဖို့
- အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်းထက် နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချနိုင်စွမ်းကို ပိုမိုအလေးထားသည်။
- ကျောင်းသားကို စာသင်ခန်းထဲ ပိတ်လှောင်ထားခြင်းထက် သဘာဝတွင် ပညာသင်၊ ပတ်ဝန်းကျင်တွင် ပညာသင်၊ လုပ်ငန်းခွင်တွင် ပညာရှာဆိုသည့် သင်ခန်းစာများ ထည့်ပေးရန်
- လေ့လာထားသည်များကို အတန်းထဲတွင် ပြန်ပြီး ရှင်းလင်းရန်
- တောတောင်ရေမြေကို ချစ်မြက်နိုးသူများဖြစ်လာစေရန် အချို့သင်ခန်းစာများကို သစ်ပင်အောက်တွင် သင်ဖို့ ဒီဇိုင်းဆွဲရန်။ တောတောင် ရေမြေကို စိတ်ဝင်စားသည့် အကြောင်းအရာများ ထည့်သင်ရန်
- ပြတိုက်များသို့ ခေါ်သွား၍ လေ့လာစေခြင်း
- အနီးဆုံး ရှေးဟောင်းနယ်မြေသို့သွားပြီး လေ့လာစေခြင်း၊ မိမိအတွေ့အကြုံကို စာတစ်မျက်နှာစာ ရပို့တင်စေခြင်း
- ပုံပြောခြင်းအနုပညာ (စာဖတ်တာကို အားပေးဖို့၊ confidence building, creative thinking)
Friday, October 25, 2024
မြန်မာနှင့် သီရိလင်္ကာ သာသနာဆက်ဆံရေး
(၁၂) ရာစုက သီဟိုဠ်ကို ရောက်သွားတဲ့ မွန်ရဟန်းတော် ဆပ္ပဋမထေရ်နဲ့ ပတ်သက်တဲ့ မှတ်တမ်း သီဟိုဠ်မှာ မရှိပါ။ မြန်မာတွေ မှတ်တမ်းတင်ထားလို့သာ သူတို့ သိတာပါ။ ကလျာဏီမှာ သိမ်ဝင်ဖို့ (၁၄) ရာစုက မွန်ဘုရင် ဓမ္မစေတီမင်း လွှတ်လိုက်တဲ့ ရဟန်းတော်များအကြောင်းလည်း သီဟိုဠ်မှတ်တမ်းတွေမှာ မရှိပါ။ မြန်မာတွေ ပြောလို့သာ ဒီအကြောင်းကို သီဟိုဠ်က ကိုယ်တော်တွေ ဂုဏ်ယူစွာနဲ့ ပြောနေကြရတာ။
(၁၁) ရာစုက သီဟိုဠ် ဝိဇယဗာဟုမင်းရဲ့ ပင့်ဖိတ်ချက်အရ အနော်ရထာမင်း အစီအစဉ်နဲ့ မြန်မာရဟန်းတော်တွေ သီဟိုဠ်ကို ရောက်လာပါတယ်။ သီဟိုဠ် ရဟန်းတော်တွေကို ဥပသမ္ပဒကံဆောင် (ရဟန်းပြု) ပေးခဲ့ပါတယ်။ ပိဋကတ်သုံးပုံကိုလည်း သင်ကြားပို့ချပေးခဲ့ပါတယ်။ ဒီအကြောင်းကို သီဟိုဠ်သမိုင်းကျမ်းဖြစ်တဲ့ စူဠဝံသမှာ အတိအလင်း ဖော်ပြထားပါတယ်။ ကျောက်စာ အထောက်အထားလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီလောက် ခိုင်မာတဲ့ အထောက်အထားများကို တချို့ သီဟိုဠ်ပညာရှင်တွေက မခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ ငြင်းချက် ထုတ်ချင်ကြတာ တွေ့ရတယ်။ ပညာရေးစနစ်ရဲ့ အားနည်းချက်ကြောင့် မြန်မာရဟန်းတော်လောကမှာတောင် ဒီအကြောင်းအရာတွေကို သိသူ၊ သတိထားမိသူ နည်းပါလိမ့်မယ်။
အထက်က သမိုင်းအချက်အလက် (၃) ခုကို ထောက်ဆကြည့်ရင် မြန်မာနဲ့ သီရိလင်္ကာဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း အချင်းချင်း ကူးလူးဆက်ဆံမှု ရှိခဲ့တယ်။ အကူအညီတောင်းသူနဲ့ အကူအညီ ပေးသူ နှစ်ဦးကြားမှာ အကူအညီတောင်းသူက အကူအညီပေးသူရဲ့ အကြောင်းကို ကျေးဇူးတင်စွာနဲ့ မှတ်တမ်း ထိုးလေ့ရှိပါတယ်။ သို့သော် အကူအညီ ပေးသူကတော့ သူတို့သမိုင်းမှာ တခုတ်တရ မှတ်တမ်းတင်ထားလေ့ မရှိဘူးတာကို တွေ့ရပါတယ်။
(၁၈) ရာစု အစောပိုင်း ဘိုးတော် ပဒုံမင်းတရားကြီး လက်ထက်တွင် မြန်မာနိုင်ငံတွင် ရဟန်းပြုရန် သီဟိုဠ်မှ သာမဏေများ ရောက်လာသည်။ အမရပူရ မင်းနေပြည်တွင် မင်းဆရာဖြစ်သူ () ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ် ခံယူကြသည်။ ထိုရဟန်းတော်များက သီဟိုဠ်တွင် အမရပူရဂိုဏ်းထောင်ကာ သာသနာပြုကြသည်။ ထိုအကြောင်းကို ဥပဇ္ဈာဆရာဖြစ်သူ ရာဇသင်္ကြံက သာသနာလင်္ကာရစာတမ်းတွင် အကျယ်တဝင့် မှတ်တမ်း ရေးထိုးထား၏။
မဟနအတွင်းရေးမှူးနှင့် စင်္ကာပူ
မျက်ရည်များသမိုင်း (Nov, 2013)
အရှင်ဇောတိကာလင်္ကာရ (ဖောင်ပြင်)
ပထမပြန်စနစ် ဆန်းစစ်ကြည့်ခြင်း
(အရှင်ဇောတိကာလင်္ကာရ = ဖောင်းပြင်)
https://www.facebook.com/ujotikar.linkarra/posts/1760899550793322
မြန်မာနိုင်ငံပရိယတ္တိပညာရေးလောကတွင် 'ပထမပြန်စာမေးပွဲနှင့် အဋ္ဌကထာပြန်ဓမ္မာစရိယစာမေးပွဲ' ဟု ပင်မစာမေးပွဲကြီး နှစ်မျိုးရှိပါသည်။ ပထမပြန်စာမေးပွဲ၌ အခြေပြုမူကြိုတန်း၊ အခြေပြုမူလတန်း၊ အစိုးရပထမငယ်တန်း၊ အစိုးရပထမလတ်တန်း၊ အစိုးရပထမကြီးတန်း-ဟု အတန်း(၅)တန်း ခွဲခြားထား၏။ အတန်းတိုင်းရှိ သင်ရိုးညွှန်းတန်းများမှာ ပိဋကတ်အခြေခံသင်ရိုးညွှန်းတန်းများသာ ဖြစ်၍ ကွာခြားမှု သိပ်မရှိလှပါ။ ဝိနည်း၊ သဒ္ဒါ၊ သဂြိုဟ်၊ ညဝါ၊ ယမိုက်၊ ပဋ္ဌာန်း၊ အဘိဓာန်၊ အလင်္ကာ၊ ဆန်း၊ ဇာတ်အဋ္ဌကထာနှင့် ဆိုင်ရာအခြံအရံကျမ်းများကို ပြဌာန်းထားသည်။
ဝိနည်းဆိုင်ရာတွင် ရှင်သာမဏေတို့ လိုက်နာရမည့်စည်းကမ်းချက်များကို ပြဆိုသော ရှင်ကျင့်ဝတ်၊ ရဟန်းတော်တို့ လိုက်နာစောင့်ထိန်းရမည့်စည်းကမ်းချက်များကို ပြဆိုသော ဘိက္ခုဝိနည်းနှင့် သိထားရမည့် ဘိက္ခုနီဝိနည်း-ဟူသော ဝိဘင်းပါဠိတော်နှင့် ကင်္ခါဝိတရဏီအဋ္ဌကထာတို့ကို ပြဋ္ဌာန်းထား၏။ ဝိနည်းဆိုင်ရာမှာ ရှင်ရဟန်းတို့အနေဖြင့် မဖြစ်မနေသိရှိလိုက်နာရမည့် စည်းကမ်းချက်များဖြစ်၍ မသင်မနေရ သင်ယူရမည့် ကျမ်းစာများဖြစ်၏။ အထူးဆိုဖွယ်မရှိပါ။
သဒ္ဒါဆိုင်ရာတွင် ကစ္စည်းသဒ္ဒါကြီးပါဠိနှင့်အနက်၊ ရူပသဒ္ဓိပါဠိနှင့်အနက်၊ နာမ်ဂိုဏ်းများ၊ အာချာတ်ဂိုဏ်းများ- စသည့် ပါဠိသဒ္ဒါကျမ်းစာတို့ကို ပြဋ္ဌာန်းထားပါသည်။ ပါဠိသဒ္ဒါကို သင်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ပါဠိသဒ္ဒါ၌ ကျွမ်းကျင်၍ ပါဠိဉာဏ်ရင့်သန်ပြီး ပါဠိတော်၊အဋ္ဌကထာ၊ဋီကာ၊အနုဋီကာ-ဟူသော ပိဋကတ်ပင်လယ်ကြီးကို လွယ်ကူစွာ ကူးမြောက်နိုင်စေရန်ဖြစ်၏။ ရည်ရွယ်ချက်ကား ကောင်းမွန်လှ၏။ သို့သော် သင်ကြားပုံစနစ်ကား ခေတ်နှင့်အံမဝင်တော့ချေ။ စာသင်သားများသည် သဒ္ဒါကြီးစာအုပ်တစ်ခုလုံးကို အလွတ်ထောင်ကျက်ကြရ၏။ ပါဠိရရုံနှင့်မပြီးသေး အနက်ကိုရော အလွတ်ကျက်ကြရ၏။ ရူပသဒ္ဓိကျမ်းစာတွင်လည်း ထိုနည်း¤င်း။ အမှန်မှာ သုတ်ပြီး၊ရုပ်ပြီးတတ်၍ လိင်ဂိုဏ်းကာရန်ကျွမ်းကျင်ပြီး ကတ္တား၊ကံ၊ကြိယာခွဲတတ်လျှင်ပင် သဒ္ဒါရေး အခြေခံရ၏။ ပါဠိတော်၊အဋ္ဌကထာများ ကြည့်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးဖို့သာ လိုအပ်တော့၏။ ယခုမူ ဘာမျှနားမလည်ပဲ သဒ္ဒါစည်းမျဉ်းပါဠိ+အနက်တွေကို အလွတ်ကျက်မှတ်ခြင်းဖြင့်သာ အချိန်ကုန်နေကြ၏။ လိင်လည်း မကွဲ။ ဂိုဏ်းလည်း မစဉ်တတ်။ ကတ္တားလည်း မသိ။ ကံလည်း မရှာတတ်။ ဘာကြိယာမှန်းလည်း နားမလည်။ ထိုသို့ဖြင့် သဒ္ဒါပါဠိများ အလွတ်ရွတ်ပြီး သဒ္ဒါရေးများကို သဘောမပေါက်ကြတော့။ ပါဠိတော်၊အဋ္ဌကထာများ ဖတ်ရှုပြီး ပိဋကတ်ပင်လယ်ကို ကူးခတ်ဖို့အရေးမှာ အလှမ်းဝေးလှသော အိပ်မက်မျှသာ ဖြစ်နေချေတော့၏။ သဒ္ဒါသင်ပြီး သဒ္ဒါနားမလည်ကြ။ ပါဠိသင်ပြီး ပါဠိမတတ်ကြတော့။ 'သဒတ်မတာ၊ စတ်မတာ၊ သဒ္ဒါမတတ်၊ စာမတတ်' ဟူသော ဆိုရိုးစကားဖြင့် အရေးမပါလှသော သဒ္ဒါရေးမှာသာ အချိန်ကုန်၍ အရေးကြီးသော ဘုရားဟော ပိဋကတ်များကို မသိရှိကြတော့ပေ။ ထို့ကြောင့် ရှင်ရဟန်းအများစုသည် သဒ္ဒါသင်ပြီး သဒ္ဒါမတတ်ကြသလို ဘုရားဟောပိဋကတ်စာပေများကိုလည်း အဓိပ္ပါယ်မှန်စွာ ဖတ်ရှုနိုင်စွမ်းမရှိကြသဖြင့် ပိဋကတ်ကျွမ်းကျင်သူ နည်းပါးလွန်းလှ၏။ ကတ္တား၊ကံကိုမျှပင် မှန်ကန်စွာ မခွဲနိုင်သော လက်ရှိပါဠိသဒ္ဒါသင်ရိုးသည် မှန်ကန်မှုရှိ/မရှိ၊ သင်ကြားပုံနည်းစနစ်သည်လည်း ကောင်းမွန်မှု ရှိ/မရှိ စိစစ်သုံးသပ်သင့်ကြပြီ။
အဘိဓမ္မာဆိုင်ရာတွင် 'လက်သန်းအဋ္ဌကထာ'ဟု ခေါ်သော အဘိဓမ္မတ္ထသင်္ဂဟပါဠိ+အနက်နှင့် ဋီကာကျော် ပါဠိ+အနက်တို့ကို ပြဋ္ဌာန်းထားသည်။ အဘိဓမ္မတ္ထသင်္ဂဟပါဠိမှာ မြတ်စွာဘုရားဟောတော်မူခဲ့သော အဘိဓမ္မာ (၇)ကျမ်း၏ အနှစ်ချုပ် သဂြိုဟ်(၉)ပိုင်းခေါ် အဋ္ဌကထာငယ်တစ်စောင် ဖြစ်၏။ အလွန်ကောင်းမွန်လှသော ကျမ်းစာဖြစ်သည်။ ဋီကာကျော်မူကား ဝါဒရေးရာများရှုပ်ထွေးလှသလို သာမန်စာသင်သားအများစု နားမလည် ကြသော ကျမ်းစာဖြစ်၏။ ဝါဒရေးရာများ ခက်ခဲလှသဖြင့် ပညာရှင်ဖြစ်လိုသူများအတွက်သာ သင့်တော်သော ကျမ်းစာ-ဟု ယူဆမိပါသည်။ အဘိဓမ္မာသဘောသွားကို နားလည်နိုင်ဖို့ သဂြိုဟ်သည် မသင်မဖြစ်သင်ယူရမည့် ကျမ်းစာဖြစ်သော်လည်း ယခုစာသင်သားအများစုသည် စိတ်အစဉ်၊ စေတသိက်အစဉ်၊ ရုပ်အစဉ်ဖြစ်ပုံများကို နားမလည်ကြ။ ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်နွယ်မှုများကို ရှင်းလင်းစွာသဘောမပေါက်ကြ။ ပဋ္ဌာန်းသဘော တရားတို့၏ ရှေ့နောက်ဆက်သွယ်ဟန်၊ ကျေးဇူးပြုဟန်များကို နားမလည်ကြ။ စာမေးပွဲရမှတ်ကိုသာ ဦးစားပေး နေရ၍ သဘောတရားရေးပိုင်းမှာ အားနည်းလာခြင်းဟု ယူဆပါသည်။ ပါဠိ+အနက်သာရပြီး သဘောအဓိပ္ပါယ် မကျွမ်းကျင်ကြသဖြင့် အကျိုးမများလှ။ အဘိဓမ္မာအခြေခံသင်ကြားပုံကိုလည်း စိစစ်သုံးသပ်သင့်ပါသည်။
ညဝါဘာသာနှင့် ယမိုက်၊ ပဋ္ဌာန်းဘာသာတို့မှာ စာသင်သားအများစုအတွက် အခက်ဆုံးဘာသာဟု ဆိုလျှင် မှားနိုင်မည်မထင်ပါ။ နှုတ်တက်ရွရွသာ အာဂုံရွတ်ဆိုခဲ့ရသည် ဘာတွေမှန်းလည်း နားမလည်ကြ။ ဉာဏ်မမီကြ သည်သာ များ၏။ အချို့ဆိုလျှင် နည်းစနစ်ပိုင်းကိုပင် သဘောမပေါက်ကြ။ အခက်ဆုံးဘာသာရပ်ထဲတွင် ထိပ်ဆုံးဖြစ်နေလိမ့်မည် ထင်ပါသည်။ အဘိဓမ္မာဆိုင်ရာသည် သိမ်မွေ့နက်နဲလှသဖြင့် တော်ရုံဉာဏ်ဖြင့် သဘောမပေါက်နိုင်ပါ။ အခြေခံအဆင့်တွင် မပြဋ္ဌာန်းပဲ ပညာရှင်အဆင့်/ဂုဏ်ထူးတန်းအဆင့်၌သာ ပြဋ္ဌာန်း သင့်သော ကျမ်းစာများ ဖြစ်၏။ အဘိဓမ္မာညဝါ ပြဋ္ဌာန်းစာများသည်လည်း စိစစ်သုံးသပ်သင့်သော ကျမ်းစာများ ဖြစ်ပါသည်။
အဘိဓာန်၊ အလင်္ကာ၊ ဆန်း၌ အဘိဓာန်နှင့်ပတ်သက်၍ကား ဝေဖန်သူများလွန်း၍ အထူးမဝေဖန် လိုတော့။ ဝေါဟာရအဘိဓာန်ကို အလွတ်ထောင်ကျက်သူများမှာ ဘုန်းကြီးများသာ ရှိ၏-ဟု မှတ်ကြလေကုန်။ အလင်္ကာနှင့်ဆန်းကျမ်းမူကား ပါဠိစာပေကျွမ်းကျင်ရေးအတွက် အရေးပါလှသော ကျမ်းစာများ ဖြစ်၏။ နည်းစနစ်ကောင်းမွန်စွာဖြင့် လေ့ကျင့်သင်ကြားသင့်သော ကျမ်းစာများ ဖြစ်၏။ ယခုကား စာမေးပွဲရမှတ်ကို ဦးစားပေးလွန်းပြီး ပါဠိ+အနက်ရရေးသာ အားစိုက်နေကြသဖြင့် အလင်္ကာနည်း၊ ဆန်းနည်းများ၌ ကျွမ်းကျင်မှု အားနည်းကြ၏။ အလင်္ကာ၊ဆန်းများ ကျွမ်းကျင်စေရေးအတွက် ပါဠိတော်၊ အဋ္ဌကထာကို သင်ယူစဉ် လက်တွေ့ လေ့ကျင့်ခြင်းကသာ ထိရောက်မှုရှိမည်ဟု ယူဆမိပါသည်။ အဘိဓာန်ကလွဲလျှင် ထိုဘာသာရပ်များမှာ အထူးဆိုဖွယ်မရှိ။ ကျွမ်းကျင်မှုနည်းပါးခြင်းအကြောင်းကိုသာ စိစစ်သုံးသပ်သင့်သည်။
ဇာတ်အဋ္ဌကထာဘာသာကို ဘာသာပြန်ကျွမ်းကျင်စေရေးအတွက် ပြဋ္ဌာန်းထားခြင်း ဖြစ်၏။ စာသင်သားများ အတွက်မူကား ထိုဘာသာသည် အလကားဘာသာ ဖြစ်နေပါသည်။ မည်သူမျှဂရုမစိုက်ကြ။ မည်သူမျှ အရေးမလုပ်ကြ။ ထို့ကြောင့် ထိရောက်မှုတစ်စုံတစ်ရာမျှ မရှိသောဘာသာဖြစ်၏။ မြန်မာစာပြဋ္ဌာန်းစဉ် မြန်မာစာဝါကျ၊ စကားပြေပိုင်းများ လေ့ကျင့်ခဲ့ကြ၏။ စာစီစာကုံးများရေးသားနိုင်ကြ၏။ ဘာသာပြန်သင်ရပြီး ဘာသာမပြန်တတ်သူများသာ ဖြစ်နေကြဆဲပင်။ ဖြစ်ပျက်နေမှုများကို အားလုံးသိပြီးဖြစ်၏။ ပါဠိမတတ်ရုံသာ မဟုတ်၊ မြန်မာစာတွင်လည်း အားနည်းလှ၍ မြန်မာ့စာပေလောကတွင် မြန်မာစာပေပညာရှင်ရဟန်းတော်များ နည်းပါးနေလေ၏။ ဘာသာပြန်ဘာသာ၏ ပါဠိမှ မြန်မာသို့၎င်း၊ မြန်မာမှ ပါဠိသို့၎င်း ဘာသာပြန်ဆိုခြင်း လုပ်ငန်းတွင် ထိရောက်မှု ရှိ/မရှိ အကျိုးရလာဒ်များကို စိစစ်သုံးသပ်သင့်ပါသည်။
ဘာသာရပ်များအားလုံးကို ခြုံငုံသုံးသပ်ရလျှင် ပထမပြန်စနစ်သည် ပိဋကတ်အခြေခံရနိုင်ရေးအတွက် ပါဠိကျွမ်းကျင်ရေးစနစ်-ဟု မြင်မိပါသည်။ ပါဠိကျွမ်းကျင်ရေးတွင်လည်း သဒ္ဒါကျွမ်းကျင်ရေးကိုသာ အဓိကထားသော စနစ်-ဟု မြင်မိပါသည်။ အဖြစ်မှန်ကား သဒ္ဒါသင်ပြီး သဒ္ဒါမကျွမ်းကျင်ကြသလို၊ ပါဠိသင်ပြီး ပါဠိပင် အဓိပ္ပါယ်မှန်အောင် မဖတ်တတ်ကြပါ။ ပိဋကတ်ပင်လယ်ကို ကူးခပ်နိုင်ရေးမှာကား ရွှေပြည်တော် မျှော်တိုင်းဝေးပင်တည်း။ ပထမကြီးသာ အောင်သွားသည် သီလတရားပင် မဟောတတ်ကြ။ ဘာသာပြန့်ပွါးရေး ဆောင်ရွက်ရန်ကား အိပ်မက်မျှသာတည်း။
ယခုခေတ်တွင် 'သဒ္ဒါတတ်မှ၊ စာတတ်သည်'ဟူသော စနစ်ဖြင့် အလုပ်လုပ်၍ ဖြစ်/မဖြစ်၊ ခေတ်နှင့် အံဝင်မှု ရှိ/မရှိ၊ အကျိုးဖြစ်ထွန်းမှု များ/မများ စိစစ်သုံးသပ်သင့်နေပြီဖြစ်ပါကြောင်း . . . . .
အရှင်ဇောတိကလင်္ကာရ (ဖောင်းပြင်)
၅-၈-၂ဝ၁၆
https://www.facebook.com/ujotikar.linkarra
-------------------------------------
ဓမ္မဒေါင်းလုတ် ဦးကျော်လွင် လျှောက်ထားလွှာ
ဓမ္မဒေါင်းလုတ် ကိုကျော်လွင်
စိန်ရတနာဆရာတော် ပညာရေး အယူအဆ
အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
ပါချုပ်ဆရာတော်ဘုရားကြီး
ဘာသာရေးအမြင် ပြောင်းလဲရေး
- ဗုဒ္ဓဘာသာဝင် အများစုသည် အဋ္ဌကထာစာပေတို့ကို အခြေခံသော ဘာသာရေးအမြင်ဖြင့် ပြုမူပြောဆို ကျင့်ကြံနေကြ၏။ ထိုသို့ဖြစ်နေခြင်းမှာ အဋ္ဌကထာအခြေခံသော ဘာသာရေးစာပေများကို ဖတ်ရှုလေ့လာကြ၍ ဖြစ်သည်။ ဘာသာရေးအမြင် ပြောင်းလဲရန်မှာ ပါဠိတော်အခြေခံသော ဘာသာရေးစာပေ ထွန်းကားဖို့ လိုအပ်၏။ သို့ဖြစ်၍ ဘုရားဟောစစ်စစ် ပါဠိတော် အခြေခံ စာပေများ ရေးဖို့ လိုအပ်သည်။
- ငါးရာ့ငါးဆယ် ဇာတ်တော်များ နေရာတွင် ပါဠိတော်မှ ပုံဝတ္ထုများဖြင့် အစားထိုးဖို့ လိုသည်။ ငါးရာ့ငါးဆယ် ဇာတ်တော်များ၏ သမိုင်းကြောင်းအမှန်ကို အမှန်အတိုင်း သိဖို့ လိုသည်။
- ဓမ္မပဒ အဋ္ဌကထာစသော အဋ္ဌကထာစာပေများကို စိစစ်ကာ ရေးသားဖို့ လိုသည်။ မဟုတ်လျှင် ဒဏ္ဍာရီဆန်ဆန် ပုံပြင်ဝတ္ထုတို့ဖြင့် လွှမ်းနေသည့် စာပေအဆင့်က တက်နိုင်မည် မဟုတ်ပေ။
သင်ကြားနည်းစနစ်များ (Teaching Methodology)
၁။ Group Discussion & Presentation
- သင်တန်းရှိ ကျောင်းသားများကို လေးယောက် (သို့မဟုတ်) ငါးယောက်တစ်စု ခွဲလိုက်ပါ။ အုပ်စုတစ်စုစီကို လေ့လာစရာ အကြောင်းအရာ (Topic) တစ်ခုစီ ပေးလိုက်ပါ။ သူတို့အချင်းချင်း ဆွေးနွေးတိုင်ပင်ကြပါစေ။ ထိုအထဲမှာ နှစ်ယောက်ခန့်ရွေး၍ အတန်းရှေ့ထွက်၍ ပြောဆိုစေရမည်။
- လေ့လာထားသည်များကို အတန်းထဲတွင် ပြန်လည်ရှင်းလင်းခိုင်းရန်
- ဒီဘိတ်စနစ်ထည့်သွင်း၍ သင်ကြားရန်၊ မြို့နယ်အလိုက်၊ တိုင်းအလိုက် ဒီဘိတ်ပွဲများ ကျင်းပ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ပါ ဒီဘိတ်ပြိုင်ပွဲ ပြုလုပ်ရန်
- ပြဌာန်းစာအုပ်တွင် အကြောင်းအရာတချို့ကို စာကြည့်တိုက်မှာ စာရှာခြင်းစနစ် ချိတ်ဆက်ထည့်သွင်းရန်
- ရည်ညွှန်းကိုးကားစာအုပ်နှင့် အွန်လိုင်းဒေတာစနစ်ထည့်သွင်းရန်
- ပိဋကတ်စာရှာနည်း၊ ChatGBT, Google Search, Google Translate etc.
- အကြောင်းအရာ ခေါင်းစဥ်တစ်ခု ပေးပြီး လူပုဂ္ဂိုလ်များကို အင်တာဗျူးခိုင်းခြင်း။ အင်တာဗျူးရာမှ သိလာသည့် အချက်အလက်တို့ကို ချရေးခိုင်းခြင်း၊ ပြန်လည်ပြောပြခိုင်းခြင်း
- အကြောင်းတစ်ခု မသင်ခင် (ဥပမာ - ရာဇကုမာရကျောက်စာ) ကြိုတင်ပြီး အဲ့ဒီအကြောင်းအရာကို ဂရုလိုက် ကြိုတင်လေ့လာခိုင်းမယ်။ အဲ့ဒီအကြောင်းအရာ မသင်ခင် ဂရုခေါင်းစဥ်အကြောင်း ဆွေးနွေး ငြင်းခုံခိုင်းတဲ့နည်း။
အွန်လိုင်းနှင့် ဗုဒ္ဓစာပေ
- အွန်လိုင်းတွင် ဗုဒ္ဓစာပေများ လွယ်လွယ်ကူကူ ဖတ်ရှုနိုင်ရန် ပြုလုပ်ရန်
- ပိဋကတ်အနှစ်ချုပ်
- ဆရာတော်ဦးသာသနဝရ (စိန်ရတနာဆရာတော်)
- ဦးဝိမလ (မစိုးရိမ်)
- ဦးပညာဓဇ (ပိဋကတ်သုံးပုံဆော့ဝဲလ်တီထွင်သူ)
- Kothodaw Piṭaka Digital Library Project လုပ်နေသည့် ဆရာတော်လေး (မန်းသီတဂူ)
- ဘိက္ခုကေသရ
- ဓမ္မဒေါင်းလုတ်ဦးကျော်လွင်
ပညာရေးစနစ်အတွက် လေ့လာရန်
- ထိုင်းနိုင်ငံ သာမဏေကျော် Conference (2023 ခုနှစ် အောက်တိုဘာလ (13-14-15) များမှာ ကျင်းပ (ဒီမှာတော့ လင့်ကို တစ်ချိန်စာပဲ တင်ထားပါတယ်) = Click here
သာမဏေ ရှားပါးမှုပြဿနာ ဖြေရှင်းခြင်း
- ရှင်မပြုခင် ကျောင်းပို့ပြီး သိသင့်သိထိုက်တာတွေ လေ့လာဖို့
- ရှင်ပြုနေစဥ်အတွင်းမှာ ဗုဒ္ဓစာပေတွေ သင်ပေးနိုင်အောင် စီစဥ်သင့်
- အဓိကအကြောင်းရင်းမှာ ပညာရေးစနစ်ဖြစ်၏။ ပညာရေးက အနာဂတ်အာမခံမှု မရှိသောကြောင့် မိဘများက ၄င်းတို့၏ သားသမီးများကို ရှင်သာမဏေရဟန်း မပြုစေလိုခြင်း ဖြစ်ပေသည်။
ပညာရေးစနစ်သစ် ဦးတည်ချက်များ
- အကျင့်သီလ မြင့်မားစေခြင်း
- ပိဋကတ်ကျမ်းဂန် နှံ့စပ်စေခြင်း
- ပါဠိဘာသာတတ်မြောက် ကျွမ်းကျင်စေခြင်း
- မြန်မာစာပေအရေးအသား တော်စေခြင်း
- အကျင့်ကောင်း၍ စာတတ်သော သာသနာ့ဝန်ထမ်းများ မွေးထုတ်နိုင်ရေး
- ပိဋကတ်စာပေနှံ့စပ်ရေးနှင့် ကျွမ်းကျင်ရေး
- ပဋိယတ်နှင့် ပဋိပတ် ယှည်တွဲကျင့်သုံးနိုင်ရေး
- ထေရဝါဒ၏ အနှစ်သာရများကို ထိမ်းသိမ်းစောင့်ရှောက်ရေး
- စာပေဖတ်ရှုနိုင်မှုစွမ်းရည် မြှင့်တင်နိုင်ရေး
- တရားဟောပြောမှုနှင့် စာပေရေးသားမှုစွမ်းရည်များ တိုးတက်စေရေး
- သာသနာ့ဝန်ထမ်းများ၏ ပြည်တွင်း၊ ပြည်ပသာသနာပြုစွမ်းရည်များ မြှင့်တင်နိုင်ရေး
- အစိုးရပညာရေးစနစ်များနှင့် ဟန်ချက်ညီညီ ချိတ်ဆက်နိုင်သော ပညာရေးစနစ်ဖြစ်မြောက်ရေး (ရဟန်းဘဝ၊ သီလရှင်ဘဝကို မပျော်ပိုက်၍ လူထွက်ခဲ့သော် လူ့ဘဝအတွက် အသုံးချနိုင်သော ပညာရေးစနစ်ဖြစ်ရေး)
- အင်းဝခေတ်ကဲ့သို့ မြန်မာစာပေ တခေတ်ဆန်း၍ ဖွံ့ဖြိုးတိုးတက်စေရေး
- အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်းထက် နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချနိုင်စွမ်းကို ပိုမိုအလေးထားသည်။
- တောတောင်ရေမြေကို စိတ်ဝင်စားသည့် အကြောင်းအရာများ ထည့်သင်ရန်
သင်ရိုးညွှန်တမ်းအသစ် လိုအပ်မှု
- ဘာသာခြားနယ်ချဲ့များက နှစ်ပေါင်းတစ်ရာခန့် မြန်မာပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့ကြသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နှင့် မွန်ပြည်တို့၌ ၄င်းတို့ဘာသာ တိုးမပေါက်ခဲ့သည်မှာ ဘုန်းကြီးကျောင်း ပညာရေးစနစ်ကြောင့် ဖြစ်ပါသည်။ ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန် အများစုမှာ ဘုန်းကြီးကျောင်းများတွင် ပညာမျိုးစုံသင်ကြားပြီး ကြီးပြင်းလာကြသူများ ဖြစ်သည်။ ထို့ကြောင့် ၄င်းတို့၏ နေ့စဥ်ဘဝတွင် ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓစာပေ၊ ဗုဒ္ဓဘာသာ ယဥ်ကျေးမှုများသည် အရေးခဲ့သည်။ နယ်ချဲ့အစိုးရက လောကဓာတ်ကျောင်းများ ဖွင့်လှစ်ခဲ့ချိန်မှစ၍ ဘုန်းကြီးကျောင်းများ၏ ဩဇာမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပေသည်။
- ဘုန်းကြီးကျောင်းများက လူပုဂ္ဂိုလ်တို့ကို ပြန်လည်သင်ကြားရန် မဖြစ်နိုင်တော့သော်လည်း ရဟန်းသာမဏေသီလရှင်များအတွက် ခေတ်နှင့်လျှော်ညီ၍ ခေတ်နှင့်လိုက်လျောညီထွေ ဖြစ်နိုင်မည့် ခေတ်သစ်ပညာရေးစနစ် လိုအပ်တော့မည် ဖြစ်သည်။ အထူးသဖြင့် သာသနာဘောင်သို့ ရောရှိလာကြမည့် သာသနာ့ဝန်ထမ်းများအတွက် နှစ်လမ်းသွား ပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့ လိုပါသည်။
ကိုးကားရန်စာအုပ်များ
- ကလေးများအဖို့ ဗုဒ္ဓဝင် (နုယဥ်) စိတ်ကူးချိုချိုအနုပညာ စာအုပ်တိုက် (ဒုတိယအကြိမ်)
- ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာရာသီပွဲတော်များ (ဦးအေးနိုင် (ဘီ-အေ)
- ဒဂုံဦးထွန်းမြင့် စာအုပ်များ
- ဓမ္မအမေးအဖြေများပေါင်းချုပ် (အရှင်ကေလာသ)
- ပိဋကတ်တော်သမိုင်း (ဦးယံ)
- ပိဋကတ်တော်သမိုင်းသစ် (ဟင်္သာတမြစ်ကွေ့ဆရာတော်)
- မြန်မာစာ မြန်မာစကား (ဖြည့်စွက်ပုံနှိပ်ထုတ်ဝေခြင်း)
- ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဥ်ကျေးမှု (ဒဂုန်ဦးထွန်းမြင့်)
- Tipitaka Studies (Thai - ဦးဣန္ဒာဝုဓမေးရန်)
- Tipitaka Guide (U Ko Lay)
ဖတ်ရန်စာအုပ်စာရင်း
- ပရိယတ္တိသင်ပြနည်းစည်းမျည်းဥပဒေ (မဟာဂန္ဓာရုံဆရာတော်) (ကန့်သတ်အဖြစ်သာ စာအုပ်ထုတ်)
- Tipiṭaka Studies: Traditional and Contemporary (Conference); Shan State University = Click here
- ပါဠိအခြေခံကျမ်း (ဓမ္မာစရိယဦးမောင်မောင်လေး) ပေစာ။ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ကမ္ဘာအေး) အတွက် ရေးသည့် ပြဋ္ဌာန်းကျမ်းစာ လက်ရေးမူ (၁၉၆၄၊ မတ်လ)
- Dhamma School Foundation Lesson Books = Click here
- https://www.learnbig.net/my/book_category/teaching_materials_myanmar_nfpe/
- https://studybuddhism.com/en/advanced-studies/history-culture/monasteries-in-tibet/the-gelug-monastic-education-system
ပညာရှင်များစာရင်း
- ဦးစက္ကပါလ
- ဒေါက်တာဉာဏိန္ဒ
- ဒေါက်တာဣန္ဒာဝုဓ
- ဒေါက်တာဉာဏိန္ဒ (သန်လျင်းမင်းကျောင်း)
- ဒေါက်တာဝိသုတ (ဖလော်ဆော်ဖီ၊ မဟာယာန)
- ဒေါက်တာစန္ဒာဝရာလင်္ကာရ (ပခုက္ကူ)
- ဦးစက္ကပါလ
- ဦးဝိစိတ္တာလင်္ကာရ (ဘုတလင်)
- ဒေါက်တာဣန္ဒာဝုဓ
- ဦးဝိမလ (မစိုးရိမ်)
- ဒေါက်တာအာသဘ
- ဦးကေသရ (သမိုင်း၊ အင်္ဂလိပ်စာ)
- ဦးဇာဂရာလင်္ကာရ (လူထွက်)
- ဦးအရိယဝံသ (အောင်ချမ်းသာ)
- ဦးဇနနန္ဒ
- ဦးဝဏ္ဏသီရိ (နာလန္ဒ)
- အရှင်သီရိသုမင်္လသာမိ (အမေရိကန်)
- ဦးမာနိတ (ခိုနန်း)
- ဒေါက်တာဝိသာရဒ
- ဒေါက်တာဥတ္တမာနန္ဒ
- ဦးပညာဓိကာလင်္ကာရ
- ဒေါက်တာနေမိန္ဒ (ထိုင်း) (Research)
- ဒေါက်တာဓမ္မသာမိ (အောက်စ်ဖို့ဒ်ဆရာတော်)
- ဒေါက်တာဝိသုဒ္ဓ (တဝဂူ) (ပါဠိ) (အဘိဓမ္မာ)
- ဦးသာသနဝရ
- ဒေါက်တာအာစာရ (မြန်မာစာ၊ အင်္ဂလိပ်စာ)
- ဦးကေလာသ (အမေရိကန်) (သမိုင်းဘာသာရပ်အတွက် ရေးသားရန်)
- ဦးကေသရ (Bhikkhu) (သမိုင်း)
- ကိုကိုသက်မှူး (လူထွက်) = [ကို ကို သက်မှူး FB account] (ပါဠိဘာသာအတွက်)
- ကိုကျော်လွင် (ကျောင်းတိုက်စီမံခန့်ခွဲရေး)
- ဦးကောဏ္ဍညကိတ္တိ (ဓမ္မကာယ) (သမိုင်း၊ ပိဋကတ်စာပေ)
- ဦးဇာဂရာလင်္ကာရ (လူထွက်) (ပါဠိဘာသာအတွက်)
- ဦးဉာဏ်ဇော် (လူထွက်) [လှည်းကူးမဟာဝိဟာရ] (ပါဠိဘာသာအတွက်)
- ဦးကေသရ (မန်းနပသ ပါချုပ်)
- ဒေါက်တာဓမ္မသာမိ (အောက်စဖို့ဒ်) (အကြံပေး)
- ဒေါက်တာနောဓိဉာဏ (ITBMU ဒုပါချုပ်) (အဘိဓမ္မာ)
- ဦးပဏ္ဍိတ (ပညာဘူမိ) (အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်)
- ဒေါက်တာပါရမီ (အင်္ဂလိပ်စာ၊ ဝိနည်း)
- ဒေါက်တာဖြိုးသီဟ (မြန်မာစာ၊ စိတ်ပညာ)
- ဦးသာသနဝရ (ဗုဒ္ဓစေတမာန်)
- Mr. Piya Tan (အကြံပေး)
- ဦးဒေဝိန္ဒာဘိဝံသ (ဘိဝံသစာမေးပွဲနှင့် ပတ်သက်၍ အကြံပြုလွှာ ရေးသားရေးအဖွဲ့)
- ဒေါက်တာဝဏ္ဏိတာဘိဝံသ (ဝိသုဒ္ဓါရုံ) (ပညာရေးနဲ့ ပတ်သက်ပြီး စာတမ်းရေးဖူးတယ်။)
- ဒေါက်တာဝိသုဒ္ဓ (တဝဂူ) (ပါဠိ)
- ဦးပဏ္ဍိတ (ဗုဒ္ဓတက္ကသိုလ်) = ပါဠိ
- တက္ကသိုလ်သောတုဇန (မန်း န.ပ.သ) (မြန်မာစာ)
- ဦးအောင်မွန် (မြတ်စုမွန်) (သမိုင်းဘာသာရပ်အတွက်)
- မောင်ခင်မင် (ဓနုဖြူ) (မြန်မာစာအတွက်)
- ဓမ္မာစရိယဦးအေးနိုင် (မြန်မာစာ၊ မြန်မာမှု)
- ရှင်ဇောတိကာလင်္ကာရ (ဖောင်းပြင်) [Facebook မှ ရေးထားသော ပရိယတ္တိပညာရေးစနစ်ကို ဆန်းစစ်ခြင်း ဆောင်းပါးများမှာ ကောင်းမွန်ပြီး အကျိုးအပြစ်တို့ကို ကောင်းစွာ ထောက်ပြနိုင်၏။ https://www.facebook.com/ujotikar.linkarra]
- အရှင်မနောဟရ (မြစကြာ) (ကဗျာ၊ ပါဠိ)
- အရှင်သီရိသုမင်္လသာမိ (အမေရိကန်)
- ဒေါက်တာဇဋိလ (နမ့်စမ်) (ရန်ကုန်နပသ) (အင်္ဂလိပ်စာ)
- ကိုအောင်သန်းမြင့် (သုတ္တန်များ)
- ဒေါက်တာအရှင်သူရိယ (နိကာယ်အနှစ်ချုပ်ရေးသူ)
- ဦးဝိမလ (မစိုးရိမ်)
- ဦးဝိသုဒ္ဓ (တဝဂူ)
- ဒေါက်တာဝိလာသဂ္ဂါလင်္ကာရ (ငနုချောင်း)
- ဦးတေဇောဘာသ (ရာဇဓာနီစာသင်တိုက်၊ နေပြည်တော်)
- သာမဏေကျော် (ဦးဓမ္မိကာလင်္ကာရာဘိဝံသ) - ပါဠိ
- ဒေါ်မိုးမိုးလွင် (Debate)
- မြေလတ်မင်းလွင် (ကဗျာ) [FB: Myay Latt Min Lwin]
- Ko Wai Phyo Aung (ait computer)
- ဒေါက်တာအာကာမိုးသူ (ရန်ကုန်တက္ကသိုလလ်)
- အရှင်နန္ဒာစာရ (ဗုဒ္ဓစိတ်ပညာ)
- ဦးဣန္ဒာဝုဓ
- ဦးဝိစိတ္တလင်္ကာရ (ဘုတလင်)
- ဒေါက်တာဓမ္မာစာရ (ဓမ္မပရိယာယ သုတေသန Foundation)
- မြစကြာကျောင်းတိုက် နာယက အရှင်ဝဏ္ဏိတာလင်္ကာရာဘိဝံသ၊ "ပဒဗျဉ္ဇနဝိနိစ္ဆယကထာ" ကျမ်းပြုစုသူ (ပါဠိသဒ္ဒါ)
- စျာန်သစ်အောင် (မောင်သာဝ) (သမိုင်းများ အချောသတ်ရေးရန်)
- ဇော်မင်းဦး (Zaw Min-Oo)
- ဦးအရိယာလင်္ကာရာဘိဝံသ (အောင်ချမ်းသာ)
- ဦးအဘယာလင်္ကာရ (မဟာဝိဟာရ) သို့မဟုတ် မဟာဝိဟာရမှာ တစ်ပါး (ပါဠိ၊ ဝိနည်း)
- ဦးဝိမလ (မစိုးရိမ်တိုက်)
- အရှင်သရဏ (ကိုဂျင်ဆန်) (Jansen Stovicek) ဝိနည်း (English mediem) နဲ့ ပတ်သက်ပြီး တာဝန်ပေးရန်
ပရိယတ္တိပညာရေးစနစ်
- ပထမဆုံး လက်ရှိပညာရေးစနစ်၏ အားနည်းချက်၊ အားသာချက်တို့ကို စနစ်တကျ လေ့လာသုတေသနပြုရန်နှင့် ပြဋ္ဌာန်းကျမ်းစာများ သက်မှတ်၊ ရေးသားရန် အဖွဲ့အစည်းတစ်ခု အခိုင်အမာ ဖွဲ့စည်းတည်ထောင်ရမည်။
- ပရိယတ္တိပညာရေးနှင့် ပတ်သက်၍ နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ရမည်
- အတန်းသက်မှတ်ရေး စနစ်တကျ ဆွေးနွေး သုတေသနပြုရန်။ အတန်းမည်မျှ သက်မှတ်မည်နည်း? အရေးကြီးသော အပိုင်း ဖြစ်သည်။ အတန်းများ၏ အမည်ကို ယခင်အတိုင်း ခေါ်ဝေါ်မည်လော။ အမည်အသစ် ပေးမည်လော။
- စိတ်ပညာဘာသာရပ် (ဒကာ၊ ဒကာမများနှင့် ဆက်ဆံ ပြောဆိုရာ၌ အနောက်တိုင်း စိတ်ပညာဘာသာရပ်ကို သိထားသင့်၏။ ထို့နောက် မြတ်စွာဘုရား အသုံးပြုခဲ့သည့် Counselling ဘာသာရပ်ကိုလည်း စနစ်တကျ သိထားသင့်လှသည်။)
- ဟောပြောမှုပညာ (ရဟန်းတော်တိုင်းအတွက် အရေးပါလှ၏။)
- ဒဿနိကဘာသာရပ် (အရှေ့တိုင်း၊ အနောက်တိုင်း ဒဿနိက ဘာသာရပ်များကို ဗုဒ္ဓဒဿနနှင့် နှိုင်းယှည် လေ့လာသင့်၏။)
- ပဋိပတ်မကင်းသော ပဋိယတ်၊ ပဋိယတ် မကင်းသော ပဋိပတ် ဖြစ်ရေး
- ကျောက်စာအထူးပြု ဘာသာရပ်အနေဖြင့် Master Degree Course တစ်ခု ရှိသင့် (သမိုင်းနဲ့ ဘာသာရေးမှာ ကျောက်စာ အရေးကြီး)
- Thesis ရေးသား၍ ကျမ်းတင်သည့် စနစ်ကို ထည့်သွင်း သက်မှတ်ရမည်။
- ပရိယတ္တိ ပညာရေးစနစ်တွင် Debate စနစ် ထည့်သွင်း သက်မှတ်ရေး၊ ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပသက်မှတ်ရေး (မြို့နယ်၊ တိုင်းနှင့် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်)
- မဟာဂန္ဓာရုံဆရာတော်ကြီး၏ "ပရိယတ္တိသင်ပြနည်း စည်းမျည်းဥပဒေ" စာအုပ်ကို ကြည့်ရှုလေ့လာ
- န.ပ.သ တက္ကသိုလ်များ သာသနာပြု စေလွှတ်သကဲ့သို့ ပြည်မအတွင်းမှ ကျေးရွာများသို့ သာသနာပြု စေလွှတ်သည့် စနစ်ကျင့်သုံးရေး (ထိုသို့ စေလွှတ်ရာ၌ အောက်ပိုင်းမှ သံဃာများကို အထက်ပိုင်းသို့ စေလွှတ်ရေး၊ အထက်ပိုင်းမှ သံဃာများကို အောက်ပိုင်းသို့ စေလွှတ်ရေး)
- ပြဋ္ဌာန်းကျမ်းစာ သက်မှတ်ရေးနှင့် ရေးသားရေးအတွက် အကြံပေးအဖွဲ့ကို ပီပီပြင်ပြင် ဖွဲ့စည်းရန်
- စာသင်တိုက်ကြီးများမှ စာချဆရာတော်များကို ပင့်ဖိတ်၍ ၎င်းတို့၏ အမြင်တို့ကို နားထောင်မှတ်သားရန်
- စာသင်သားများကို အင်တာဗျူး၍ အစီအရင်ခံစာ ရေးသားတင်ပြရန်
- လက်ရှိကျင်းပနေသည့် စာမေးပွဲများစနစ်နှင့် တာဝန်ယူမှုအပိုင်း (သာသနာရေးဝန်ကြီးဌာန စသည်) ကို စနစ်လေ့လာ သုံးသပ်၍ အကြံပြုချက်များ ရေးသားတင်ပြရန်
- ပရိယတ္တိပညာရေးစနစ်ကို ပြင်ဆင်ရာ၌ အစိုးရ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယ စာမေးပွဲများအတွက် အဓိကထား ပြင်ဆင်ရမည် ဖြစ်သော်လည်း နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၊ တိပိဋကစာမေးပွဲ၊ နိကယ်ငါးရပ်စာမေးပွဲ၊ လူပုဂ္ဂိုလ်တို့အတွက် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်စာမေးပွဲများအတွက်ပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
- ပုဂ္ဂလိကအနေဖြင့် ကျင်းပပေးနေသည့် ဘိဝံသစာမေးပွဲများ၊ သာမဏေကျော်စာမေးပွဲများ အတွက်လည်း ဝေဖန်သုံးသပ် အကြံပြုချက်များ ရေးသားတင်ပြရမည်။
- ပြဋ္ဌာန်းကျမ်းစာထဲ အင်္ဂလိပ်၊ မြန်မာစာ၊ သမိုင်းဘာသာရပ်များ ထည့်ရမည်ဖြစ်၍ ထိုဘာသာရပ်နှင့် ဆိုင်သော လူပုဂ္ဂိုလ် ပညာရှင်များကို ရှာဖွေသက်မှတ်ရန်
- အဘယ့်ကြောင့် ပြဋ္ဌာန်းကျမ်းစာများကို ပြင်ဆင်သင့်ကြောင်း၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သမိုင်းစသော ဘာသာရပ်အသစ်များ ထည့်သွင်း သက်မှတ်သင့်ကြောင်း အကြံံပြုလျောက်ထားလွှာ ရေးသားရန်
- ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများမှ ပရိယတ္တိပညာရေးစနစ်များကို စနစ်တကျ လေ့လာ သုတေသနပြု၍ တင်ပြရန်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သို့ ကိုယ်စားလှယ်များ စေလွှတ်၍၎င်း၊ (သို့မဟုတ်) ထိုနိုင်ငံများတွင် လက်ရှိ ပညာသင်ကြားနေကြသည့် ပညာသင် ရဟန်းတော်များကို အဖွဲ့ကိုယ်စား တောင်းပန်လျောက်ထား၍ လေ့လာသုတေသန ပြုစေပြီး အကြံပြုလွှာ ရေးသား လျောက်ထားစေခြင်းဖြင့် အသုံးဝင်မည့် အချက်အလက်များ၊ အကြံပြုချက်များ ရရှိမည် ဖြစ်သည်။
- မဟာယာနဗုဒ္ဓဘာသာနိုင်ငံများမှ ပရိယတ္တိပညာရေးစနစ်များကို စနစ်တကျ လေ့လာ သုတေသနပြု၍ တင်ပြရန်။ အထူးသဖြင့် တိဘက်တို့ အခြေစိုက်ရာ အိန္ဒိယနိုင်ငံ၊ ဒရန်ဆာလာသို့ကိုယ်စားလှယ်များ စေလွှတ်၍၎င်း၊ (သို့မဟုတ်) အိန္ဒိယနိုင်ငံတွင် လက်ရှိ ပညာသင်ကြားနေကြသည့် ပညာသင် ရဟန်းတော်များကို အဖွဲ့ကိုယ်စား တောင်းပန်လျောက်ထား၍ လေ့လာသုတေသန ပြုစေပြီး အကြံပြုလွှာ ရေးသား လျောက်ထားစေခြင်းဖြင့် အသုံးဝင်မည့် အချက်အလက်များ၊ အကြံပြုချက်များ ရရှိမည် ဖြစ်သည်။
- ပညာရေးကောင်းမွန်သည့် အနောက်နိုင်ငံ ပညာရေးစနစ်များကို လေ့လာသုတေသန ပြုရန် (စင်္ကာပူနိုင်ငံ၏ ပညာရေးစနစ်ကိုပါ လေ့လာနိုင်သည်)
- ပြဋ္ဌာန်းကျမ်းစာများ ရေးသားပြီးချိန်၊ လက်ရှိပညာရေးစနစ်၏ အားနည်းချက်၊ အားသာချက်တို့ကို လေ့လာသုတေသနပြု၍ အကြံပြုလျှောက်ထားလွှာ ရေးသားပြီးချိန်တွင် မဟနဆရာတော်ကြီးတို့ကို စနစ်တကျ ကြိုတင်လျှောက်ထားရမည်။ တိုင်ပင်ကိုက်၍ ပြီးမှသာ မဟန အစည်းအဝေးတွင် အတည်ပြုချက် ရရေး အဆိုတင်သွင်းနိုင်ရေး လုပ်ဆောင်ရမည်။
-
ပညာရှင်များ ဦးအဘယာလင်္ကာရ ဝိနည်းဘာသာ ပြဋ္ဌာန်းကျမ်းစာများ ပစ္စဝေက္ခဏာ (၄) ပါး လိင် (၁၀) ပါး ဒဏ် (၁၀) ပါး သေခိယသိက္ခာပုဒ် (၇၅) ပါး ခန္ဓကဝတ် (...
-
မြန်မာနိုင်ငံဗုဒ္ဓသာသနာ့သမိုင်းကို စုပေါင်းရေးသားရန်။ မရေးသားမီ စာအုပ်စာတမ်း၊ ကျောက်စာစသည်များမှ သာသနာ့သမိုင်းနှင့် ပတ်သက်သော အချက်အလက်အား...
-
ပညာဗိုလ် - ကျောက်ဆည် (သ၊စ၊အ ဓမ္မာစရိယ) မဟာဂန္ဓာရုံ ပညာရေးအကြောင်း (၁) --------------- "တေသု - ထိုနှစ်ဦးတို့တွင်၊ အနာထပိဏ္ဍိကေန - အနာထပိ...







