Wednesday, August 27, 2025
Tuesday, August 26, 2025
ပါဠိပါဒကစာမေးပွဲ
- ပါဠိပါဒကစာမေးပွဲ လို့ အတိုကောက် ခေါ်တယ်။ ထေရဝါဒပရိယတ္တိသာသနဟိတစာမေးပွဲ လို့ အရှည်ခေါ်တယ်။
- ပါဠိပါဒကစာမေးပွဲရဲ့ အင်္ဂလိပ်စာ ပြဋ္ဌာန်းကျမ်းစာတွေကို အောက်ကလင့်မှာ ဒေါင်းလုတ်ယူနိုင်ပါတယ်။
- ပါဠိပါဒကအင်္ဂလိပ်စာ = https://www.facebook.com/permalink.php?story_fbid=pfbid0ZApWFeDbhD2Y6vKYZREqf5UPbMkDKWYBkAjx3LWD41AuZ6RoarXA7hVco8pbKK7gl&id=100070800083759&rdid=r8gE1Lo2KLxeuSqt#
- ပါဠိပါဒကစာမေးပွဲ ဖေ့ဘုတ်လင့် = https://www.facebook.com/profile.php?id=100070800083759
Friday, August 22, 2025
ဆုနှင်းသဘင် / စာမေးပွဲ
- ဘွဲ့နှင်းသဘင်ကို ခမ်းနားစွာ ကျင်းပသွားရန်
- ပထမရသူ သိန်း ၁၀၀၊ ဒုတိယရသူ သိန်း ၅၀၊ တတိယရသူ သိန်း ၃၀၊ အောင်စဥ် ၁ မှ ၁၀၀ အတွင်း အောင်မြင်သူ ၅ သိန်းနှုန်း ဆုချီးမြင့်ရန် (ဥပမာ ပေးခြင်းသာ ဖြစ်သည်။ ခေတ်အနေအထားအရ ဆုပမာဏ အတိုးအလျော့ ရှိနိုင်သည်။)
- ပ၊ ဒု၊ တ ဝင်သူတို့၏ ကျောင်းတိုက်များကိုလည်း လှူဒါန်းရန်
အကြံပြုချက်များ
၁။ မျှော်မှန်းချက် (vision)
၁၀။ အတန်းများ (မူကြမ်း)
- သင်ရိုးညွှန်တမ်း မရေးဆွဲမီ လက်ရှိသက်မှတ်ထားသော အတန်းများအားလုံးအတွက် (ပါဒကတန်းမှ ဓမ္မာစရိယ စတုတ္ထနှစ်အထိ) သင်ရိုးမာတိကာများကို အပြီးသတ် ခွဲခြားသက်မှတ်ထားသင့်တယ်။ (အတန်းအားလုံးအတွက် သင်ရိုးမာတိကာ ဖရိန်ချထားရန်)
- အတန်းခွဲတာနဲ့ပတ်သက်ရင် (က) အခြေခံပညာ (မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်), (ခ) အဆင့်မြင့်ပညာရေး (ဓမ္မာစရိယ၊ မဟာဓမ္မာစရိယ၊ ဓမ္မပါရဂူ) ဆိုပြီး နှစ်ပိုင်း ခွဲခြားသက်မှတ်ထားသင့်တယ်။ ဒါမှသာ သင်ရိုးပညာရှင်တွေနဲ့ စကားပြောတဲ့အခါ အဆင်ပြေမယ်။ (ဦးဉာဏိန္ဒ)
- ဓမ္မာစရိယတန်းကို (၃) သုံးတန်းပဲ သက်မှတ်သင့်တယ်။ (ဦးကေသရ)
ပေးအပ်မည့်ဘွဲ့များ (မူကြမ်း)
- သာသနာလင်္ကာရဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့ဟူသော အမည်များထက် အများနှင့်မတူ တမူထူးခြားသော ဘွဲ့အမည်များ ဖြစ်သင့်တယ်။ (ဦးကေသရ) (ဦးအာသဘ)
- Accreditation ရှိဖို့ လိုတယ်။
- အွန်လိုင်းစနစ်ပါ ပူးတွဲကျင်းပပေးရန် (ကိုငြိမ်း)
- ပြည်တွင်းက မဟနက အသိအမှတ် မပြုဘူးဆိုရင်တောင် International Institutions တွေနဲ့ ချိတ်ဆက်ပြီး အသိအမှတ်ပြုအောင် လုပ်ဖို့ (ကိုငြိမ်း၊ မခင်ရဲလွင်)
Tuesday, August 19, 2025
မဟာဓမ္မာစရိယတန်း
အထူးပြုဘာသာရပ်များ (Specialized Subjects)
- အဘိဓမ္မာ
- ကမ္မဋ္ဌာနာစရိယ
- ကျောက်စာ
- ပါဠိဘာသာ
- ပေပုရပိုဒ်
- မြန်မာစာ
- ဝိနည်း
- ဝိနည်းဓိုရ်
- သက္ကတ
- သမိုင်း
- လောကနီတိနှင့် အနှစ်သာရ
မူလတန်း
ရည်ရွယ်ချက်ပန်းတိုင် (Learning Goal)
- စာဖတ်သည့် အလေ့အထ ပြုစုပျိုးထောင်ရန်
- လူသူပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲ ရှိလာစေရန်
- စာသင်သားဗဟိုပြု သင်ကြားမှုစနစ် ထည့်သွင်း
၁။ ဝိနည်း
၂။ သုတ္တန်
၃။ ဝိနည်း
၄။ မြန်မာစာ
၅။ အင်္ဂလိပ်စာ
၆။ အထွေထွေဘာသာ
ပါဒကတန်း / မူကြိုတန်း
ရည်ရွယ်ချက်ပန်းတိုင် (Learning Goal)
- စာနာစိတ် (ကရုဏာ)
- လေးစားတတ်ခြင်း
- စည်းကမ်းလိုက်နာခြင်း
- တာဝန်ယူစိတ်ရှိဖို့
- ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာရေး (အဖွဲ့လိုက် လုပ်တတ်အောင် သင်ကြားပေးခြင်း)
- လူသူပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲ ရှိလာစေရန်
- ဖတ်ခြင်း အလေ့အထ ပြုစုပျိုးထောင်ရန်စာ
- ရေးစာဖတ် ကျွမ်းကျင်ရန်စာ
- သင်သားဗဟိုပြု သင်ကြားမှုစနစ် ထည့်သွင်းရန်
၁။ ဝိနည်း
- ပစ္စဝေက္ခဏာ (၄) ပါး (သုတ္တန်ထဲက လာတာ)
တစ်ကိုယ်ရေ သန့်ရှင်းရေး
- အိမ်သာတက်နည်း (ဘိုထိုင်၊ ဗမာထိုင်)
- ကျင်ငယ်စွန့်နည်း
- ဆွမ်းစားနည်း
- ရေချိုးနည်း
- ဆရာတော်များနှင့် ဆက်ဆံရေး
- ဆွမ်းခံအိမ် ဒကာ၊ ဒကာများနှင့် ဆက်ဆံရေး
- ဒကာ၊ ဒကာမများနှင့် ဆက်ဆံရေး
လူပုဂ္ဂိုလ်နှင့် သီလရှင်များအတွက်
- ဂီဟိဝိနယ (သိင်္ဂါလောဝါဒသုတ်)
၂။ သုတ္တန်
- ၂၂
၃။ အဘိဓမ္မာ
- ၂၂
၄။ မြန်မာစာ
- သင်ပုန်းကြီး
- လက်ရေးလှလေ့ကျင့်ခန်း
၅။ အင်္ဂလိပ်စာ
- ဂျပန်နိုင်ငံက မူလတန်းအဆင့်မှာ အင်္ဂလိပ်စာသင်တဲ့အခါ စကားပြောနဲ့ နားထောင်မှုကိုပဲ အဓိကထား သင်ကြားတယ်။
၆။ ဝိဇ္ဇာသိပ္ပ
(သင်္ချာ)
Sunday, August 17, 2025
နေ့စဥ်ဘဝ ဝိနည်းကျင့်ဝတ်များ
- အကြောင်းကြားခြင်း။ ။ အပြင်သွားမည်ဆိုပါက ကျောင်းမှာရှိသူတစ်ဦးကို အကြောင်းကြားခြင်းသည် ဝိနည်းကျင့်ဝတ်တစ်ခု ဖြစ်၏။
Thursday, August 14, 2025
ခေတ်သစ်ပရိယတ္တိပညာရေးစီမံကိန်း
၁။ ရည်ရွယ်ချက်များ/ မျှော်ရည်ချက်/ မျှော်မှန်းချက် (Visions)
- ထေရဝါဒဗုဒ္ဓသာသနာ၏ အနှစ်သာရနှင့် အစဥ်အလာများကို အခြေခံ၍ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ပရိယတ္တိပညာရေးသင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲရန်
- ထိုသင်ရိုးညွှန်းတမ်းသစ်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒကို ခံယူ၍ တစ်နိုင်ငံလုံး၏ ပရိယတ္တိပညာရေးသင်ရိုးညွှန်းတမ်းမူသစ်အဖြစ် သတ်မှတ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်
- ပထမဆင့်အနေဖြင့် လက်ရှိ ပါဠိပထမပြန်စာမေးပွဲစနစ်ကို မထိခိုက်စေဘဲ ပညာရေးစနစ်သစ် စာမေးပွဲတစ်ခုအဖြစ် ဆန္ဒရှိသူများ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် စီစဥ်ကျင်းပသွားရန် ဖြစ်သည်။ သင်ရိုးဟောင်းနှင့် သစ်ရိုးသစ် စာမေးပွဲနှစ်ခုလုံးကို တပြိုင်တည်း မကျင်းပဘဲ အချိန်ခြား၍ ကျင်းပနိုင်သည်။ ဥပမာအားဖြင့် သင်ရိုးဟောင်း ပါဠိပထမပြန်စာမေးပွဲကို တပေါင်းလတွင် ကျင်းပလျှင် သစ်ရိုးသစ် စာမေးပွဲကို နယုန်လတွင် ကျင်းပရန်ဖြစ်သည်။
- ဒုတိယဆင့်အနေဖြင့် သင်ရိုးညွှန်းတမ်းအသစ်က လက်ရှိကျင်းပနေသော ပါဠိပထမပြန်ပညာရေးစနစ်ထက် ပို၍ကောင်းသည်ဟု အများက လက်ခံလာသောအချိန်၌ ပါဠိပထမပြန်ပညာရေးစနစ်ကို "ခေတ်သစ်ပရိယတ္တိပညာရေးစနစ်" ဖြင့် အပြီးသတ် အစားထိုး သွားရန်ဖြစ်သည်။
၂။ လုပ်ငန်းစဉ်များ (Missions)
- သင်ရိုးစီမံအဖွဲ့က ဦးဆောင်၍ သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲခြင်းကို ၅၀ ရာခိုင်နှုန်း ပြီးစီးသည်အထိ ဆောင်ရွက်ရန် (ဤအချိန်အထိ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် လုပ်ဆောင်ကြရန် ဖြစ်သည်။)
- သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း ၅၀ ရာခိုင်နှုန်း ပြီးစီးချိန်၌ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းရန်
- အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သာသနာရေးဦးစီးဌာနတို့ကို ချဥ်းကပ်၍ ရေးဆွဲပြီး သင်ရိုးညွှန်းတမ်းအသစ်ကို ခေတ်သစ်ပရိယတ္တိပညာရေးသင်ရိုးညွှန်းတမ်းသစ်အဖြစ် အသိအမှတ်ပြုနိုင်ရေး ညှိုနှိုင်းဆောက်ရွက်သွားရန်
- ပထမဆင့်အနေဖြင့် လက်ရှိပါဠိပထမပြန်ပညာရေးစနစ်ကို မထိခိုက်စေဘဲ သင်ရိုးသစ်ဖြင့်ကျင်းပသော စာမေးပွဲကို ဆန္ဒရှိသူများ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ဦးစီးဆောင်ရွက်ရန်
- ဒုတိယဆင့်အနေဖြင့် သင်ရိုးညွှန်းတမ်းမူသစ်က လက်ရှိကျင်းပနေသော ပါဠိပထမပြန်ပညာရေးစနစ်ထက် ပို၍ကောင်းသည်ဟု အများက လက်ခံလာသောအချိန်၌ ပါဠိပထမပြန်ပညာရေးစနစ်ကို "ခေတ်သစ်ပရိယတ္တိပညာရေးစနစ်" ဖြင့် အပြီးသတ် အစားထိုး ကျင်းပသွားရန်
- ပညာရေးစနစ်သစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် သုတေသနပြု၍ အားနည်းချက်၊ အားသာချက်တို့ကို ရှာဖွေကာ သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မွမ်းမံခြင်းများ လုပ်ဆောင်ရန်
၃။ အခြေခံမူများ (Core Values & Principles)
- ထေရဝါဒ၏ အနှစ်သာရနှင့် အစဥ်အလာများကို ထိမ်းသိမ်းစောင့်ရှောက်ရန်
- ပဋိပတ်မကင်းသော ပရိယတ်ဖြစ်ရေးမူကို အခြေခံရန်
- စာတော်၍ အကျင့်ကောင်းသော သာသနာ့ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန်
၄။ အသင်းဖွဲ့စည်းပုံ (Governance Structure / Constitution)
- အလုပ်အမှုဆောင်အဖွဲ့ (အဓိကအားဖြင့် သင်ရိုးညွှန်းတမ်းဖြစ်မြောက်ရေး အကောင်အထည်ဖော်ရန်)
- သင်ရိုးစီမံအဖွဲ့ (သင်ရိုးညွှန်းတမ်းရေးဆွဲရေးအတွက် အဓိကတာဝန်ယူစီမံရန်)
- သင်ရိုးအထောက်အကူပြုအဖွဲ့ (အချက်အလက်များရှာဖွေရေးနှင့် အကြံပေးဆွေးနွေးရေး)
- စာမေးပွဲကြီးကြပ်ရေးနှင့် စာစစ်လုပ်ငန်းအဖွဲ့
- ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့
၅။ မူဝါဒ (policy)
- ထေရဝါဒ၏ အနှစ်သာရနှင့် အစဥ်အလာများကို ထိမ်းသိမ်းစောင့်ရှောက်ရန်
- ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတည်းဟူသော ပိဋကတ်သုံးပုံ ပါဠိတော်တို့ကို အဓိကအခြေခံ၍ သင်ရိုးညွှန်းတမ်းကို ရေးဆွဲပြဌာန်းရန်
- သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သာသနာပြန့်ပွားရေးတို့အတွက် လိုအပ်သော မြန်မာစာ၊အင်္ဂလိပ်စာ၊ သမိုင်း၊ စိတ်ပညာ၊ ဒဿနိက၊ သုတေသနစသော ဘာသာရပ်တို့ကိုပါ ထည့်သွင်းပြဌာန်းရန်
- ခေတ်သစ်ပရိယတ္တိပညာရေးစနစ်က သာသနာ့ဝန်ထမ်းများ လူထွက်ခဲ့လျှင်လည်း ဘဝအာမခံချက် ရရှိရေး မူဝါဒများချမှတ် ဆောင်ရွက်သွားရန်
၆။ ဦးတည်ချက်များ (objectives)
- ပိဋကတ်စာပေနှံ့စပ်၍ ပဋိယတ်နှင့် ပဋိပတ် ယှည်တွဲကျင့်သုံးနိုင်စေရန်
- IT နှင့် AI တို့ကို အသုံးချ၍ ပိဋကတ်စာပေနှင့် အခြားသော ဘာသာရပ်များကို လွယ်ကူလျှင်မြန်စွာ တတ်မြောက်စေရေး စီစဥ်ဆောင်ရွက်ရန်
- စာတော်၍ အကျင့်ကောင်းသော သာသနာ့ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန်
- စာပေဖတ်ရှုနိုင်မှုစွမ်းရည် မြှင့်တင်နိုင်စေရန်
- တရားဟောပြောမှု၊ စာပေပို့ချမှုနှင့် စာပေရေးသားမှုစွမ်းရည်များ တိုးတက်လာစေရန်
- သာသနာ့ဝန်ထမ်းများ၏ ပြည်တွင်း၊ ပြည်ပသာသနာပြုစွမ်းရည်များ မြင့်မားလာစေရန်
- အစိုးရပညာရေးစနစ်များနှင့် ဟန်ချက်ညီညီ ချိတ်ဆက်နိုင်သော ပညာရေးစနစ်ကို အကောက်အထည်ဖော်ရန် (ရဟန်းဘဝ၊ သီလရှင်ဘဝကို မပျော်ပိုက်၍ လူထွက်သွားသူများအတွက် လူ့ဘဝအတွက်ပါ အသုံးဝင်သော ပညာရေးစနစ်ဖြစ်ရေး စီစဥ်ဆောင်ရွက်ရန်)
- အင်းဝခေတ်ကဲ့သို့ မြန်မာစာပေ တခေတ်ဆန်း၍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာစာပေနှင့် ပတ်သက်၍ စကားလုံးဇစ်မြစ်၊ အသုံးအနှုံး၊ စာပေအယူ၊ ကျောက်စာ၊ ခေါင်းလောင်းစာစသည်တို့ ကျွမ်းကျင်လာစေရေးအတွက် သင်ခန်းစာများကို စနစ်တကျ ပြဌာန်းနိုင်ရေး ဆောင်ရွက်ရန်
- ဘုန်းကြီးမှန်လျှင် အင်္ဂလိပ်စာ ကျွမ်းကျင်ကြသည်ဟု အများက မြင်လာပြောလာကြသည်အထိ အင်္ဂလိပ်စာ တတ်ကျွမ်းစေရေးအတွက် သင်ခန်းစာများကို စနစ်တကျ ရေးဆွဲပြဌာန်းရန်
၇။ နည်းလမ်းများ (Strategies)
- ပထမဆင့်အနေဖြင့် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း ၅၀ ရာခိုင်နှုန်း ပြီးစီးသည်အထိ သင်ရိုးစီမံအဖွဲ့က ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲရေးပညာရှင်တို့၏ အကူအညီဖြင့် အကောင်းဆုံး သင်ရိုးညွှန်းတမ်းမူသစ်တစ်ခု ပေါ်ပေါက်လာရေးအတွက် ကြိုးစားဆောင်ရွက်ရန်
- ဒုတိယဆင့်အနေဖြင့် အလုပ်အမှုဆောင်အဖွဲ့နှင့် သင်ရိုးစီမံအဖွဲ့တို့ ညှိနှိုင်းကာ သင်ရိုးညွှန်းတမ်းများ အပြီးသတ်ရေးဆွဲရေးနှင့် ပညာရေးစနစ်သစ် အကောင်အထည်ဖော်ရေး ကြိုးစားဆောင်ရွက်ရန်
- ပညာရေးစနစ်သစ် ခိုင်မာစွာ အမြစ်တွယ်၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် သုတေသနပြု၍ အားနည်းချက်၊ အားသာချက်တို့ကို ရှာဖွေကာ သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မွမ်းမံခြင်းများ လုပ်ဆောင်ရန်
- လိုအပ်သော အချက်အလက်တို့ကို စစ်တမ်းကောက်ယူခြင်း၊ ဆီမီနာများ၊ ဆွေးနွေးပွဲများကျင်းပခြင်းတို့ဖြင့် အရည်အသွေးပြည့်မီသော သင်ရိုးညွှန်းတမ်းမူသစ်တစ်ခုဖြစ်ရေး ကြိုးစားဆောင်ရွက်ရန်
- ပရိယတ္တိပညာရေးစနစ်သစ် ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ရေးအတွက် ဆရာဖြစ်သင်တန်းများကို စဥ်ဆက်မပြတ် ဖွင့်လှစ်ရန်
- ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်ကြမည့် စာသင်တိုက်များ၊ စာချဆရာတော်များ၊ စာသင်သားများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို သိရှိအောင် လေ့လာသုတေသနပြုကာ အခက်အခဲများကို ဖြေရှင်း၍ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးရန်
၈။ လုပ်ငန်းအကောင်အထည်ဖော်ခြင်း (action plans)
- သင်ရိုးညွှန်းတမ်းများ (၅၀) ရာခိုင်နှုန်း ရေးဆွဲပြီးပါက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒကို ခံယူ၍ အလုပ်အမှုဆောင်အဖွဲ့က ဦးဆောင်ကာ စာမေးပွဲများ စတင်ကျင်းပရန်
- စာအောင်ပုဂ္ဂိုလ်များကို ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်နိုင်ရေး အလေးထား ဆောင်ရွက်ရန်
- သင်ရိုးညွှန်းတမ်းအသစ်ဖြင့် ကျင်းပသော စာမေးပွဲများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရေးအတွက် စည်းရုံးခြင်း၊ ပညာပေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်ရန်
၉။ လေ့လာစောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း
(Monitoring & Evaluation)
- စာမေးပွဲနှင့် သင်ရိုးညွှန်းတမ်းတို့၏ အားနည်းချက်၊ အားသာချက်တို့ကို လေ့လာသုံးသပ်ရေး၊ စာသင်တိုက်၊ စာချဆရာတော်နှင့် စာသင်သားတို့၏ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်ရေးစသည်တို့အတွက် ရေးရာကော်မတီများ ဖွဲ့စည်း၍ အလုပ်အမှုဆောင်အဖွဲ့သို့ အစီရင်ခံစာများ ရေးသားတင်ပြစေခြင်း
- ပညာရေးစနစ်သစ် ခိုင်မာစွာ အမြစ်တွယ်၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် သုတေသနပြု၍ အားနည်းချက်၊ အားသာချက်တို့ကို ရှာဖွေကာ သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်ရန်
Tuesday, August 12, 2025
စီမံကိန်း (Old facts)
ရည်ရွယ်ချက်များ (Visions of Organization)
- ပရိယတ္တိပညာရေးအတွက် သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲရန်
- ထိုသင်ရိုးညွှန်းတမ်းသစ်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဦးဆောင်၍ တစ်နိုင်ငံလုံးအတွက် သင်ရိုးညွှန်းတမ်းမူသစ်အဖြစ် သတ်မှတ်ပေးနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန် (လက်ရှိ ပါဠိပထမပြန်စာမေးပွဲစနစ်ကို မထိခိုက်စေဘဲ ပညာရေးစနစ်သစ်တစ်ခုအဖြစ် ဆန္ဒရှိသူများ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျင်းပရန် ဖြစ်သည်။)
- ပရိယတ္တိပညာရေးစနစ်သစ် ခိုင်မာစွာ အမြစ်တွယ်၍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် သုတေသနပြုကာ ကူညီပံ့ပိုးရန်
- ပရိယတ္တိစာသင်တိုက်များ စည်းစနစ်တကျ လည်ပတ်နိုင်ရေးအတွက် လေ့လာသုတေသနပြု၍ ကူညီပံ့ပိုးရန်
လုပ်ငန်းစဉ်များ (Missions)
- သင်ရိုးစီမံအဖွဲ့က ဦးဆောင်၍ သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲရန်
- သင်ရိုးညွှန်းတမ်း ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးချိန်၌ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းရန်
- အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ရေးဆွဲပြီး သင်ရိုးညွှန်းတမ်းကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သာသနာရေးဌာနတို့ကို ချဥ်းကပ်၍ လက်ရှိ ပါဠိပထမပြန်စာမေးပွဲစနစ်ကို မထိခိုက်စေဘဲ ပညာရေးစနစ်သစ်တစ်ခုအဖြစ် ဆန္ဒရှိသူများ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်
- ဆရာဖြစ်သင်တန်းများ ဦးစီးဖွင့်လှစ်ပေးရန်
- ပညာရေးစနစ်သစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် သုတေသနပြု၍ အားနည်းချက်၊ အားသာချက်တို့ကို ရှာဖွေကာ သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်ရန်
- ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်နေကြသော စာသင်တိုက်များ၏ အခက်အခဲနှင့် လိုအပ်ချက်များ သိရှိနိုင်ရေး၊ စာမေးပွဲများ စနစ်တကျ ကျင်းပနိုင်ရေး စသည်တို့အတွက် ရေးရာကော်မတီများ ဖွဲ့စည်း၍ အစီရင်ခံစာများ ရေးသားတင်ပြစေခြင်း
အသင်းဖွဲ့စည်းပုံ (Organisation Structure/ constitution)
- အလုပ်အမှုဆောင်အဖွဲ့
- သင်ရိုးစီမံအဖွဲ့ (သင်ရိုးညွှန်းတမ်းရေးဆွဲရေးအတွက် အဓိကစီမံ တာဝန်ယူရမည့်အဖွဲ့)
- သင်ရိုးအထောက်အကူပြုအဖွဲ့ (အချက်အလက်များ ရှာဖွေရေးနှင့် အကြံပေး ဆွေးနွေးရေး)
- စာမေးပွဲဖြစ်မြောက်ရေးနှင့် စာစစ်လုပ်ငန်းအဖွဲ့
- ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့
- စစ်တမ်းကောက်ခြင်း
- ဆီမီနာများ၊ ဆွေးနွေးပွဲများ ဦးစီးကျင်းပခြင်း
- သင်ရိုးစီမံအဖွဲ့ကို အခါအားလျော်စွာ အကြံပြုခြင်း (သင်ရိုးစီမံအဖွဲ့ကလည်း သင်ရိုးအထောက်အကူပြုအဖွဲ့ထံမှ လိုအပ်သည့် အကြံဉာဏ်များကို တောင်းယူနိုင်သည်။)
မူဝါဒ (policy)
- သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲရာ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ပရိယတ္တိပညာရေးဆိုင်ရာမူကြီးလေးချက်ကို ဦးထိပ်ထား၍ ဆောင်ရွက်ရန်
- အသိ (ဝိဇ္ဇာ) နှင့် အကျင့် (စရဏ) နှစ်ပါးလုံးနှင့်ပြည့်စုံသော ပြည်တွင်းပြည်ပသာသနာပြု သာသနာ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်သည့် ပညာရေးစနစ် ဖော်ဆောင်ရန်
- ပညာရေးစနစ်သစ်က သာသနာ့ဝန်ထမ်းများ လူထွက်ခဲ့လျှင်လည်း ဘဝအာမခံချက် ရရှိရေး မူဝါဒချမှတ် ဆောင်ရွက်ရန်
ဦးတည်ချက်များ (objectives)
- အကျင့်ကောင်း၍ စာတတ်သော သာသနာ့ဝန်ထမ်းများ မွေးထုတ်နိုင်ရေး
- ပိဋကတ်စာပေနှံ့စပ်ရေးနှင့် ကျွမ်းကျင်ရေး
- ပဋိယတ်နှင့် ပဋိပတ် ယှည်တွဲကျင့်သုံးနိုင်ရေး
- ထေရဝါဒ၏ အနှစ်သာရများကို ထိမ်းသိမ်းစောင့်ရှောက်ရေး
- စာပေဖတ်ရှုနိုင်မှုစွမ်းရည် မြှင့်တင်နိုင်ရေး
- တရားဟောပြောမှုနှင့် စာပေရေးသားမှုစွမ်းရည်များ တိုးတက်စေရေး
- သာသနာ့ဝန်ထမ်းများ၏ ပြည်တွင်း၊ ပြည်ပသာသနာပြုစွမ်းရည်များ မြှင့်တင်နိုင်ရေး
- အစိုးရပညာရေးစနစ်များနှင့် ဟန်ချက်ညီညီ ချိတ်ဆက်နိုင်သော ပညာရေးစနစ်ဖြစ်မြောက်ရေး (ရဟန်းဘဝ၊ သီလရှင်ဘဝကို မပျော်ပိုက်၍ လူထွက်ခဲ့သော် လူ့ဘဝအတွက် အသုံးချနိုင်သော ပညာရေးစနစ်ဖြစ်ရေး)
- အင်းဝခေတ်ကဲ့သို့ မြန်မာစာပေ တခေတ်ဆန်း၍ ဖွံ့ဖြိုးတိုးတက်စေရေး
နည်းလမ်း (Strategy)
- သင်ရိုးညွှန်းတမ်း ၅၀ ရာခိုင်နှုန်း ပြီးစီးသည်အထိ သင်ရိုးစီမံအဖွဲ့က ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲရေးပညာရှင်တို့၏ အကူအညီဖြင့် အကောင်းဆုံး သင်ရိုးညွှန်းတမ်းအသစ် ပေါ်ပေါက်လာရေးအတွက် ကြိုးစားဆောင်ရွက်ရန်
- ဒုတိယဆင့်အနေဖြင့် အလုပ်အမှုဆောင်အဖွဲ့နှင့် သင်ရိုးစီမံအဖွဲ့တို့ ညှိနှိုင်းကာ သင်ရိုးညွှန်းတမ်းများ အပြီးသတ်ရေးဆွဲရေးနှင့် ပညာရေးစနစ်သစ် အကောင်အထည်ဖော်ရေး ကြိုးစားဆောင်ရွက်ရန်
Monday, August 11, 2025
သင်ခန်းစာများ ရေးဆွဲရေး
ကျောင်းဖွင့်ချိန်
- ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ စတင်ဖွင့်ရန်
စာသင်ချိန်
- တစ်ရက်ကို (၃) ကြိမ်နှုန်း သင်ကြားပေးရန် (တစ်ချိန်လျှင် တစ်နာရီ)
- ဥပုသ်တစ်ပတ်လျှင် (၆) ရက်နှုန်း (၃x၆=၁၈)
- တစ်လလျှင် (၄) ပတ်ရှိ၍ (၁၈x၄=၇၂)
- တစ်နှစ်လျှင် (၉) လ (၇၂x၉=၆၄၈)
- စုစုပေါင်း စာသင်ချိန် (၆၄၈) ရှိမည်။ ထိုစာသင်ချိန်များကို (၇) ဘာသာအတွက် အချိန်ခွဲဝေလျှင် တစ်ဘာသာလျှင် (၉၂) ချိန်/နာရီ ရမည်။ (၆၄၈÷ ၇=၉၂.၅)
- ဓမ္မာစရိယစတုတ္ထနှစ်အထိ (၁၁) တန်းရှိမည်ဖြစ်၍ တစ်ဘာသာလျှင် စာသင်ချိန် (၁၀,၁၇) ချိန်/နာရီ ရှိမည် ဖြစ်သည်။ (၉၂.၅x၁၁=၁၀,၁၇)
- ၁၁ တန်းအတွက် တစ်ဘာသာလျှင် သင်ရိုးမာတိကာ (၁၀,၁၇) ချိန်/နာရီစာ ပြင်ဆင်ရပါမည်။
သင်္ဂါယနာသမိုင်း
- သင်္ဂါယနာ (၆) တန်အကြောင်း
- အခြားနိုင်ငံများက အသိအမှတ်ပြုထားသည့် သင်္ဂါယနာများအကြောင်း ထည့်သင့်၊ မသင့် ဆွေးနွေးရန်
- ရခိုင်မှာလုပ်တဲ့ သင်္ဂါယနာ
Sunday, August 10, 2025
ကျမ်းပြု နှင့် သာသနာပြု
ကျမ်းပြု
- ဓမ္မာစရိယတန်း စတုတ္ထနှစ်ရောက်လျှင် စာမျက်နှာ (၈၀) မှ (၁၂၀) ခန့် ဘွဲ့ယူစာတမ်း တင်သွင်းရမည်။
သာသနာပြု
- ကျေးရွာ ဘုန်းကြီးကျောင်းများတွင် သုံးလသာသနာပြုခြင်း
Friday, August 8, 2025
Workshop
- စွမ်းနိုင်သူများကို တစ်ကျမ်းစီ တာဝန်ပေး၍ လေ့လာစေပြီး Workshop တွင် တင်ပြအစီရင်ခံစေ၍ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ရန်
- ဘယ်ပုံစံပြဋ္ဌာန်းမလဲ၊
- ဘယ်အတန်းတွေမှာ ဘယ်အပိုင်းကို ပြဋ္ဌာန်းမလဲ။
Workshop မှာ ဖိတ်ကြားရန် ပညာရှင်များ
- ဒေါက်တာပါရမီ (ထေရဝါဒ) (ဝိနည်း)
- ဦးထေရိန္ဒ၊ ရန်ကုန်နပသ (အဘိဓမ္မာ)
- ဒီဃနိကာယ်
- မဇ္စျိမနိကာယ်
- သံယုတ္တနိကာယ်
- အင်္ဂုတ္ထရနိကာယ်
- ခုဒ္ဒကနိကာယ်
- ဝိနည်း
- အဘိဓမ္မာ
Teacher Training
- သင်ရိုးအသစ် ရည်ရွယ်ချက်များနှင့်အတူ ဆရာနှင့် ကျောင်းသား အချိုးကျ ဖြစ်စေရေး (Students + Teacher Ratio) အလေးထားရန်
Monday, August 4, 2025
Subscribe to:
Posts (Atom)
-
ပညာရှင်များ ဦးအဘယာလင်္ကာရ ဝိနည်းဘာသာ ပြဋ္ဌာန်းကျမ်းစာများ ပစ္စဝေက္ခဏာ (၄) ပါး လိင် (၁၀) ပါး ဒဏ် (၁၀) ပါး သေခိယသိက္ခာပုဒ် (၇၅) ပါး ခန္ဓကဝတ် (...
-
မြန်မာနိုင်ငံဗုဒ္ဓသာသနာ့သမိုင်းကို စုပေါင်းရေးသားရန်။ မရေးသားမီ စာအုပ်စာတမ်း၊ ကျောက်စာစသည်များမှ သာသနာ့သမိုင်းနှင့် ပတ်သက်သော အချက်အလက်အား...
-
ပညာဗိုလ် - ကျောက်ဆည် (သ၊စ၊အ ဓမ္မာစရိယ) မဟာဂန္ဓာရုံ ပညာရေးအကြောင်း (၁) --------------- "တေသု - ထိုနှစ်ဦးတို့တွင်၊ အနာထပိဏ္ဍိကေန - အနာထပိ...