Wednesday, January 29, 2025

ဘာသာရပ်များ (Subjects)

  1. ဝိနည်း 
  2. သုတ္တန် 
  3. အဘိဓမ္မာ 
  4. ပါဠိဘာသာ (Pali Language) (ဝိနည်းနှင့် သုတ္တန် ဘာသာရပ်များနှင့် တွဲသင်ရန်)
  5. မြန်မာစာ
  6. အင်္ဂလိပ်စာ
  7. သမိုင်း (မြန်မာ့နိုင်ငံဗုဒ္ဓသာသနာ့သမိုင်း၊ ကမ္ဘာ့ဗုဒ္ဓသာသနာ့သမိုင်း၊ Civilization)
  8. Buddhist Art and Architecture (သမိုင်းနှင့်တွဲသင်ရန်)
  9. ပိဋကတ်စာပေ (ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတို့ထဲ အသီးသီး ခွဲထည့်ရန်)
  10. သင်္ချာ (အထွေထွေဘာသာထဲ ထည့်ရန်)
  11. သိပ္ပံ (Science) (အထွေထွေဘာသာထဲ ထည့်ရန်)
  12. အသုံးချဘာသာရပ် (ကံကြီးကံငယ်၊ တရားဟောနည်း၊ ရေစက်ချနည်း၊ ပြည်သူ့နီတိ etiquotes / dos & don'ts စသည်) (ဝိနည်းဘာသာရပ်နှင့် တွဲရန်)
  13. စိတ်ပညာ (Psychology) (အထွေထွေဘာသာ ထဲ ထည့်ရန်)
  14. ဒဿနိကဗေဒ (philosophy) (အထွေထွေဘာသာ ထဲ ထည့်ရန်)
  15. သုတေသနနည်းနာ (Research Methodology) (အထွေထွေဘာသာ ထဲ ထည့်ရန်)
  16. IT Technology (အထွေထွေဘာသာ ထဲ ထည့်ရန်)

  • အထွေထွေဘာသာ (စိတ်ပညာ၊ ဒဿနိကဗေဒ၊ သိပ္ပံ၊ သင်္ချာ၊ သုတေသနနည်းနာ၊ IT Technology)


ဆွေးနွေးရန် အကြောင်းအရာများ
  • အနုပညာ ထည့်သင့်၊ မသင့်
===============================


ကျောင်းဖွင့်ချိန်
  • ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ စတင်ဖွင့်ရန်

စာသင်ချိန်
  • တစ်ရက်ကို (၃) ကြိမ်နှုန်း သင်ကြားပေးရန်။​ တစ်ကြိမ်လျှင် တစ်နာရီနှုန်း
  • ဥပုသ်တစ်ပတ်လျှင် (၆) ရက်နှုန်း (၃x၆=၁၈)
  • တစ်လလျှင် (၄) ပတ်ရှိ၍ (၁၈x၄=၇၂)
  • တစ်နှစ်လျှင် (၉) လ (၇၂x၉=၆၄၈)
  • စုစုပေါင်း စာသင်ချိန် (၆၄၈) ရှိမည်။ ထိုစာသင်ချိန်များကို (၇) ဘာသာအတွက် အချိန်ခွဲဝေလျှင် တစ်ဘာသာလျှင် (၉၂.၅) ချိန်/နာရီ ရမည်။ (၆၄၈÷  ၇=၉၂.၅)
  • ဓမ္မာစရိယစတုတ္ထနှစ်အထိ (၁၁) တန်းရှိမည်ဖြစ်၍ တစ်ဘာသာလျှင် စာသင်ချိန် (၁၀,၁၇) ချိန်/နာရီ ရှိမည် ဖြစ်သည်။ (၉၂.၅x၁၁=၁၀,၁၇)
  • တစ်ဘာသာလျှင် သင်ရိုးမာတိကာ (၁၀,၁၇) ချိန်/နာရီစာ ပြင်ဆင်ရပါမည်။
စာသင်ချိန် (အသေးစိတ်)
  • တစ်ဘာသာလျှင် စာသင်ချိန် ၁၀,၁၇ ဆိုတာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်းတို့အတွက် အဓိက ဖြစ်ပါတယ်။ အထွေထွေဘာသာထဲမှာ ထည့်ထားတဲ့ ဒဿနိကဗေဒစတဲ့ ဘာသာရပ်များအတွက် သင်ရိုးမာတိကာ ၂၀၀ စီလောက်ဆိုရင် လုံလောက်နိုင်ပါတယ်။


မဟာချူလာ Curriculum

Monday, January 27, 2025

နေ့ရက်များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လို့ ခေါ်ရတာလဲ.." စသည်ဖြင့်ပါ။ အကြောင်းအရင်းတော့ ရှိရမှာပေါ့..။

နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့အခါမှာ မြန်မာဘာသာစကားပညာရှင် ဆရာကြီး ဦးဖိုးလတ် ရဲ့ "မြန်မာအစ" ဆိုတဲ့ စာပေတွေမှာ နေ့ရက်တွေရဲ့ အမည်တွေကို ရေးသားထားတာတွေ့လို့ အနာဂတ် မြန်မာလူငယ်လေးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
တနင်္ဂနွေနေ့
..................
မြန်မာအယူအဆမှာ တနင်္ဂနွေ ဟာ နေမင်းကြီးကို ကိုယ်စားပြုတဲ့ နေ့ပါပဲ..။ ပုဂံကျောက်စာ များမှာ.. "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊၊ တန်နှင်ကနွေ" ဟု ပါရှိတယ်လို့ မှတ်သားရပါတယ်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်း ဖြစ်ပြီး ဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပါယ် ရပါတယ်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပါယ် ရပါတယ်။
တနင်္လာနေ့
.................
အလုပ်လုပ်တဲ့သူတွေနဲ့ ကျောင်းတက်သူတွေ တော်တော်များများ မနှစ်သက်တဲ့ တနင်္လာနေ့ဟာ အမှန်တော့ အေးချမ်းခြင်းနိမိတ်ကိုဆောင်တဲ့ လမင်းကြီး (Moon) ကို ကိုယ်စားပြုတဲ့နေ့ ဖြစ်ပါတယ်။ တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး "တန်နှင်လာ" မှ လာသည် လို့ဆိုပါတယ်။ "လာ" ဟူသောပုဒ်မှာ အလွန် ရှေးကျသော "လ" ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် "တနင်္လာ" ဆိုသည်မှာ "နေ့လ" သို့မဟုတ် "လမင်းနေ့" ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင် ဖြစ်ပါတယ်။
အင်္ဂါနေ့
............
တနင်္ဂနွေ၊ တနင်္လာမှအပ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါတယ် ။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရပါတယ်။ "အင်္ဂါရ"ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့်"အင်္ဂါ" ဆိုသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပါယ်ရပါတယ်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့
..............
ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊ "ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က "ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။
ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကို အမည်လွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင် ပါသည်။ ထို့ကြောင့် "ပုတ္တ" မှာ "ဗုဒ္ဓ" ပင်ဖြစ် သည်။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် "ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်လို့ရပါတယ်။
ကြာသပတေးနေ့
.......................
ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသွတိ" မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (သို့) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုပါတယ်။
၄င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်သည်။
သောကြာနေ့
..................
တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော "သောကြာ" ကို အစွဲပြု၍ "သောကြာ" ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ "သုကြာ" ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည် ။ "သုကြာ" ဟူသောပုဒ်မှာ သက္ကတဘာသာ "သုကြ" မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ "သုကြာ" မှ သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ "ဖြူစင်တောက်ထွန်းခြင်း" ဖြစ်၏
စနေနေ့
...........
ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ် ၊ တနင်္ဂနွေ ဂြိုဟ်မင်း၏ မယား ၊ ယသိဆာယာတွင် ဖွားမြင်သောသား "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည် ။
ပုဂံ ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ဂနိ" (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ "ဖြည်း ညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်။
အနာဂတ် လူငယ်များအတွက်..
kyzn
#တခြားသူတွေ သိဖို့တွက်လည်း shareပေးလိုက်ပါအုံးနော်

  • https://www.facebook.com/share/p/1FQyhMCS8w/

မြန်မာအက္ခရာဖောင့်များ ပြောင်းလဲခြင်း

အက္ခရာပုံစံများလေ့လာခြင်း

ZINBO (Graphic Design နဲ့ Font Design ရေးသူ)




မြန်မာအက္ခရာပုံစံတွေကိုလေ့လာရင်နဲ့ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာ စတာတွေထဲက သဘောကျမိတဲ့ဟန်လေးတွေကို ပြန်လည်ရေးဆွဲတင်ပြလိုက်ပါတယ်။ ပျူစာ၊ ပုဂံကျောက်စာ၊ ပေစာ၊ ပုရပိုက်စာ၊ ပုံနှိပ်စာ ဆိုပြီးစဉ်ထားပါတယ်။ အဓိကကတော့ မတူညီတဲ့ရေးဆွဲဟန်လေးတွေကို လေ့လာတာမို့၊ ခေတ်တွေကတော့ ရှေ့နောက် အရမ်းကွာနေတာ နားလည်ပေးပါ။ အားလုံးကို သူ့မူရင်းအရသာဟန်လေးတွေရအောင် ကြိုးစားရေးဆွဲထားပါတယ်။ “နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့စာကြောင်းကတော့ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာ စတဲ့စာအချို့ရဲ့အစမှာ ရေးလေ့ရှိတဲ့စာကြောင်းလေးမို့ အားလုံးကို အဲ့စာကြောင်းလေးနဲ့ပဲရေးထားပါတယ်၊ ရာဇကုမာရကျောက်စာမှာတော့ “နမောဗုဒ္ဓာယ” ဆိုတာလေးနဲ့စထားတာတွေ့မိပါတယ်။ စာကြောင်းတွေကို တွဲယှဉ်ကြည့်ခြင်းဖြင့် ပြောင်းလဲလာတဲ့ အက္ခရာပုံစံတွေ ရေးဟန်တွေကိုလည်း လေ့လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ပထမဆုံးစာကြောင်းကတော့ အရင်ကဆွဲဖူးတဲ့ ပျူစာကြောင်းအဟောင်းကိုပြန်ထည့်ထားတာပါ။
ဒုတိယအက္ခရာကတော့ ပုဂံခေတ်ကရေးဟန်ပါ၊ ပြန်ကူးဆွဲတဲ့ ကျောက်စာပါသက္ကရာဇ်အရတော့ ရာဇကုမာရကျောက်စာထက် နှစ် ၂ရာဝန်းကျင်လောက် နောက်ကျမယ်ထင်ပါတယ်။ ရေးဟန်က လေးထောင့်ဟန်ကိုအသားပေးထားပြီး အကွေ့ဝိုက်လေးတွေလဲပါဝင်ပါတယ်။
တတိယ တစ်ခုကတော့ ရတနာပုံခေတ်လောက်က ပေစာတစ်ခုကပါ ပေချပ်ပေါ်မှာ မင်/ဆေးနဲ့ရေးထားတာမျိုးပါ၊ လေးထောင်ဟန်ရေးထားပြီး အထူပါးလေးတွေနဲ့ ရေးဟန်တွေလဲ အတော်စနစ်ကျပါတယ် မြန်မာ Black Letter လို့ပြောရမလိုပါပဲ။
စတုတ္ထတစ်ခုကတော့ စစ်ကိုင်းသမိုင်းစားပေ ဆိုတဲ့ပုံကနေ ပြန်ကူယူဆွဲထားတာပါ၊ ပေချပ်ပေါ်မှာ ကညစ်နဲ့ရေးထားတာမျိုးပါ၊ တွေ့ဖူသလောက်ပေစာတွေထဲမှာ သဘောကျမိတဲ့ရေးဟန်လေးပါ၊ သိကြတဲ့အတိုင်း လေးထောင်ဟန်ရေးရင် ပေရွက်ကျောတွေပျက်တတ်လို့ အဝိုင်းဘက်ကိုရောက်လာတဲ့ ရေးဟန်ပါ၊ တွေ့မိတာလေးတစ်ခုက ခုလိုပေစာတွေမှာ မှားရေးမိရင် အလယ်မှာ ဝတ်ဆံလေးထည့်ပြီး ဖျက်တဲ့သဘောရှိပါတယ်၊ ပုံထဲမှာလည်ထည့်ထားပါတယ်။
ပဉ္စမတစ်ခုကတော့ ရွှေနန်းလက်သုံးပုံ ပုရပိုက်ထဲက ရေးဟန်နဲ့ရေးထားတာပါ၊ ပုရပိုက်ဖြူဆိုတဲ့ စက္ကူပေါ်မှာ မင်/ဆေးနဲ့ ရေးထားဟန်ရှိပါတယ်၊ အဝိုင်းမကျ လေးထောင့်မကျ အတော်လေးလှတဲ့ ရေးဟန်လို့မြင်မိပါတယ်။
နောက်ဆုံးတစ်ခုကတော့ ပုံနှိပ်စာ လို့ပြောရမယ် ပုံနှိပ်ခေတ်အစေားပိုင်းသုံးခဲ့တဲ့ ခဲစာလုံးဟန်၊ ကျနော့်ရဲ့ Z03-Press နဲ့ရေးထားတာလေးပါ။
စာအရမ်းရှည်သွားမှာစိုးလို့ အတိုချုံ့ရေးထားပါတယ်။ သမိုင်းနဲ့ပတ်သက်လို့ မသိနာမလည်တာတွေများတာမို့ လိုအပ်တာများရှိရင် ဝေဖန်အကြံပြုနိုင်ပါတယ်ခဗျ။
အားလုံးပဲအဆင်ပြေကြပါစေ။

  • https://www.facebook.com/share/p/1EFsNpLZo7/

သိပ္ပံ (Science)

  • အလင်းနှစ် (Light Year)
  • မိုးရွာခြင်း
  • သိပ္ပံနှင့် ဝိဇ္ဇာ
  • ရာသီဥတု ပြောင်းလဲမှု ဖြစ်စဥ်
  • Neurology 

Saturday, January 25, 2025

အသုံးချဘာသာရပ်

ကိုးကားစာအုပ်စာရင်း
  • ဗုဒ္ဓအလိုကျ ကျင့်သုံးနေထိုင်နည်း - နှစ်တွဲရှိ (ပန်းကုံးဆရာတော်)

ဝိနည်းဘာသာရပ်
  • သမထက္ခန္ဓက (အဓိကရဏသမထ၊ ဝိနိစ္ဆယ)
  • သင်္ဂြိုင်းဓူတင်
  • ဒေသစာရီ (Camping၊ တောထဲမှာ စခန်းချ၊ တောရဆောက်တည်)


သုတ္တန်ဘာသာရပ်
  • ပုံပြောခြင်းအနုပညာ
  • အခမ်းအနားမှူး (အခမ်းအနားမှူးကောင်းတစ်ယောက် (သန်းသန်းဝင်း (မြန်မာ့ရုပ်/သံ-ငြိမ်း)
  • အသုဘဓလေ့ (ပျူအရိုးအိုးဓလေ့၊ မြေမြှုပ်၊ မီးသင်္ဂြိုဟ်ခြင်းဓလေ့များစသည်။ အသုဘအတွက် လုပ်ဆောင်ရမည့် ဆောင်ရန်ရှောင်ရန်များ။ အမျှဝေ ရေဆက်ချကိုလည်း တွဲစပ် ပြဋ္ဌာန်းရန်)
  • အသုံးချစိတ်ပညာ (ဒကာ၊ ဒကာမများနှင့် ဆက်ဆံ ပြောဆိုရာ၌ အနောက်တိုင်း စိတ်ပညာဘာသာရပ်ကို သိထားသင့်၏။ ထို့နောက် မြတ်စွာဘုရား အသုံးပြုခဲ့သည့် Counselling ဘာသာရပ်ကိုလည်း စနစ်တကျ သိထားသင့်လှသည်။)
  • အရုဏ်တက်ချိန် အဆုံးအဖြတ် (အရုဏောဒယဝိနိစ္ဆယ - မြင်းဝန်မင်းကြီးကျောင်းတိုက်၊ ပတ္တမြားဆရာတော်၊ ဘဒ္ဒန္တဥက္ကံသာဘိဝံသ - ၁၉၈၂ မှာ ရေးခဲ့။ ပါဠိပါရဂူရောင်ခြည်ကျမ်းပြုသူ)
  • ဩကာသသမိုင်း (ဩကာသဋီကာကျမ်း - နေရင်းမူ)
  • ကျန်းမာရေး (တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ယားနာ၊ သွေးလွန်တုပ်ကွေး၊ ကူးဆက်ရောဂါစသည်များ) ထည့်သင့်၊ မသင့် ဆွေးနွေးရန် 
  • ကံကြီးကံငယ် (ကမ္မာကမ္မ)
  1. ဥပုသ်ပြုခြင်း (ဥပုသ်ပြုနည်း)
  2. ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်ခြင်း)
  3. ပဝါရဏာ
  4. သိမ်အကြောင်းသိကောင်းစရာ
  • စာချုပ်စာတမ်းရေးပုံ
  • ဒေသနာကြားခြင်း
  • ဘာဝနာတရား ဆည်းဖြန်းခြင်း
  • မိတ္တဗလဋီကာ
  • မြန်မာနိုင်ငံမှ ကမ္မဋ္ဌာန်းနည်းများ (မဟာစည်၊ မိုးကုတ်၊​ ဖားအောက် စသည်)
  • ရဟန်းခံခြင်း
  • ရှင်ပြုခြင်း
  • ဝိပဿနာရှု့နည်း
  • ဟောရေးပြောရေး
  • သပိတ်ဖုတ်နည်း
  • Engaged Buddhism (ဦးသုမင်္ဂလသာမိ)

ပိဋကတ်စာပေ

  • အဋ္ဌကထာဟူသည်
  • အဋ္ဌကထာတို့၏ မူလအမည်များ (သုမင်္ဂလဝိသာသိနီ၊ မနောရထပူရဏီစသည်များ) (ဓမ္မာစာရိယတန်း ပထမနှစ်တွင် ထည့်နိုင်သည်။)
  • အဘိဓမ္မကောသကျမ်း
  • အာဂမကျမ်းစာများ (Agama Buddhist Scriptures)
  • အာဂုံဆောင်အစဥ်အလာ (Oral Tradition/ Transmission)
  • ဋီကာစစ်ပွဲ (မြင့်ဆွေ၊ ၁၉၆၉-ခုနှစ်၊ နိုဝင်ဘာလ၊ အမှတ်(၂၈၆)ထုတ် သွေးသောက်မဂ္ဂဇင်း စာမျက်နှာ(၇၄-၇၈) ထိ၌ လာရှိသောဆောင်းပါး) (ဒေါက်တာဝိသုဒ္ဓလည်း ဆောင်းပါးရေးခဲ့ဖူးခဲ့)
  • ကျမ်းကိုးနည်းစနစ် (အင်္ဂလိပ်လို၊ မြန်မာလို) (ကျမ်းကိုးနည်းစနစ် - ဆိုတဲ့ ခေါင်းစဥ်နဲ့ သီးသန့်မှတ်ထား)
  • တိဘက်ဗုဒ္ဓစာပေ
  • နိကာယ်ငါးရပ်
  • ပိဋကတ်စာပေသမိုင်း
  • ပိဋကတ်မိတ်ဆက်
  • ပိဋကတ်သုံးပုံအကြောင်း
  • ပေစာများ
  • ဘာဏကအစဥ်အလာ (Bhāṇaka Tradition)
  • မဟာယာနကျမ်းစာများ
  • ရှေးဦးဗုဒ္ဓဘာသာ/ မူလဗုဒ္ဓဘာသာ (Early Buddhism) (ဦးသုမင်္ဂလသာမိ)
  • လယ်တီဆရာတော်နှင့် လန်ဒန်ပါဠိဒေဝီ
  • ဝိသုဒ္ဓိမဂ်နိဒါန်း (မဟာစည်ဆရာတော်)
  • ဝိသုဒ္ဓိမဂ္ဂနှင့် ဝိမုတ္တိမဂ္ဂ
  • English Translation Texts
  • Pāli Text Society (PTS)

Friday, January 24, 2025

ပါဠိဘာသာ (Pali Language)

ပညာရှင်အဖွဲ့
  1. ဦးငြိမ်းထွန်းကျော် (ဦးဇာဂရ)
  2. ဦးထေရဝံသ (ထေရဝါဒ) 
  3. ဦးဓမ္မာစာရ (မန္တလေးသီတဂူ) (အပြော၊ အရေး၊ ဘာသာပြန်)
  4. အာဂုံမဲ့သဒ္ဒါ ဦးဇင်း
  5. ဦးသာသနဝရ (စိန်ရတနာဆရာတော်)
  6. သာမဏေကျော်ဆရာတော် (ပါဠိသိက္ခာကျမ်းစာများ)
  7. ဒေါက်တာထေရိန္ဒ (ရန်ကုန် နပသ) 
  8. ဒေါက်တာကေတု (ရန်ကုန် နပသ)
  9. ဦးဘူရိပည (မန်း နပသ)
  10. ကိုဇော်မင်းဦး 
  11. ဦးရဲမင်းသူ

အဘိဓာန်၊ အလင်္ကာ၊ ဆန်း
  • အဘိဓာန်၊ အလင်္ကာ၊ ဆန်းတို့ကိုလည်း ဤဘာသာအောက်တွင် ထည့်သွင်း ပြဋ္ဌာန်းရန်။​ အဘိဓာန်ကို လက်လွတ်ကျက်မှတ်ရန် မဟုတ်ဘဲ ကိုးကားကျမ်းစာအဖြစ်သာ ထားရှိရန်။ အလင်္ကာကို မြန်မာစာထဲ ထည့်သင့်၊ မသင့် ဆုံးဖြတ်ရန်
ဆွေးနွေးစရာများ
  • သက္ကတ သင်သင့်၊ မသင်သင့် ဆွေးနွေးဆုံးဖြတ်ရန်
  • ဘာသာဘေဒ
  • ဓမ္မာစရိယတန်းပြီးလျှင် ပါဠိဘာသာကို အင်္ဂလိပ်လို ရှင်းရှင်းလင်းလင်း သင်နိုင်သူများဖြစ်အောင် သင်ရိုးကို စီမံသင့်သည်။


သင်ရိုးမာတိကာ
  • အဂ္ဂဝံသ (သဒ္ဒနီတိကျမ်းပြု)
  • ဆန်းစစ် (မြစကြာမှတ်စု)
  • နမော ဗုဒ္ဓါယ / နမော ဗုဒ္ဓဿ (ဆောင်းပါးရှိ)
  • နိုင်ငံတကာပါဠိအသံထွက်နည်း
  • ပါဠိစကားပြော
  • ပါဠိစာပေမိတ်ဆက်
  • ပါဠိရွက်ဖတ်နည်း
  • မြောင်းပြပဇ္ဇောတာရုံပါဠိသင်နည်းစနစ်
  • သက္ကတဘာသာ (ပါဠိဘာသာနှင့် နှုန်းယှည်ရေးသားနိုင်သည်)
  • Brahmi Script 
  • Romanized Pali Writing & Reading

IT Technology

ပညာရှင်များ
  • ဦးပညာသီဟ (ပညာကောလိပ်)
  • ဦးပညာဓဇ
  • ကိုရဲမင်းသူ

  • Computer
  • IT
  • AI
  • Programming