Thursday, November 21, 2024

ပညာရှင်စာရင်း (သင်ရိုးညွှန်တမ်းရေးရန်)

သင်ရိုးညွှန်တမ်း ရေးဆွဲရေး ပညာရှင်

  1. ဆရာကြီးဦးဝင်းအောင်
  2. ဒေါက်တာဒေါ်နုနုဝင်း
  3. ဦးဝိစိတ္တ (မဟာချူလာ)
  4. ဦးအေးမင်းထိုက် (Aye Min Htike) Curriculum Specialist (https://www.facebook.com/aye.htike.18007)


ပန်းချီ
  1. ဒေါက်တာစိုးစိုးစံ (မန္တလေး) (ဗုဒ္ဓအနုပညာပန်းချီ)


ဆရာဖြစ်သင်တန်းအတွက်
  1. ဦးထင်အောင်ကျော် (https://www.facebook.com/henry.lewis.39589)

Tuesday, November 12, 2024

အတန်းများခွဲခြင်း

  1. ပါဒကတန်း/ မူကြိုတန်း (၁၁ နှစ်ပြည့်ပြီးသူများသာ စာမေးပွဲ ဖြေဆိုခွင့်ပြုရန်)
  2. မူလတန််း
  3. အငယ်တန်း (ပထမငယ်)
  4. အလတ်တန်း (ပထမလတ်) (ပေါက်ကူး) (၁၄ နှစ်ခန့်)
  5. အကြီးတန်း (ပထမကြီး)
  6. အထက်တန်း (ဝိသိဋ္ဌတန်း)
  7. ဥပစာတန််း (ပေါင်းကူး) (၁၇ နှစ်ခန့်)
  8. ဓမ္မာစရိယတန်း (ပထမနှစ်) (၁၈ နှစ်ခန့်)
  9. ဓမ္မာစရိယတန်း (ဒုတိယနှစ်)
  10. ဓမ္မာစရိယတန်း (တတိယနှစ်)
  11. ဓမ္မာစရိယတန်း (စတုတ္ထနှစ််) (၂၁ နှစ်)
  12. မဟာဓမ္မာစရိယတန်း (၂) နှစ်
  13. ဓမ္မပါရဂူတန်း (၃ နှစ်မှ ၅ နှစ်)

ပေးအပ်မည့် ဘွဲ့များ
  • ဥပစာတန်း အောင်မြင်ပြီးသူများကို "သာသနာလင်္ကာရ" ဘွဲ့ ပေး၍ မိမိအမည်၏နောက်တွင် "အလင်္ကာရ" တပ်နိုင်သည်။ ဥပမာ ... ဇယာနန္ဒာလင်္ကာရ၊ စိတ္တပါလာလင်္ကာရ။ (သာသနာလင်္ကာရဘွဲ့ရသူတစ်ဦးသည် အများပြည်သူတို့ကို တရားဟောပြောခွင့်နှင့် ကျောင်းထိုင်ခွင့် ရရှိမည် ဖြစ်သည်။)
  • ဓမ္မာစရိယ စတုတ္ထနှစ် အောင်မြင်ပြီးသူများကို "သာသနဓဇဓမ္မာစရိယ" ဘွဲ့ ပေး၍ မိမိဘွဲ့၏နောက်တွင် (သို့မဟုတ်) မိမိဘွဲ့၏ ရှေ့တွင် "အာစရိယ" တပ်နိုင်သည်။ ဥပမာ ... ကုသလာစရိယ (သို့မဟုတ်) အာစရိယ ကုသလ

ပေါင်းကူးပညာရေးစနစ်
  • အလတ်တန်း (ပထမလတ်တန်း) အောင်မြင်ပြီးသူတစ်ဦးသည် သာသနာတော်၌ မပျော်ပိုက်၍ လူထွက်ပြီး အစိုးရတန်းကျောင်းများသို့ တက်ရောက် ပညာသင်ကြားလိုပါက အစိုးရအလယ်တန်းကို ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။ အစိုးရအလယ်တန်းစာမေးပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် ပေါင်းကူးကျောင်းများ၌ နေထိုင်၍ သင်္ချာ၊ သိပ္ပံစသော လိုအပ်သည့် ဘာသာရပ်တို့ကို သင်ယူရမည်။ ထိုပေါင်းကူးကျောင်းများက အလယ်တန်းစာမေးပွဲများ ဝင်ရောက်ဖြေဆိုပြီးသည်အထိ အခမဲ့ တာဝန်ယူ သင်ကြားပေးရမည်။  
  • ဥပစာတန်း အောင်မြင်ပြီးသူတစ်ဦးသည် သာသနာတော်၌ မပျော်ပိုက်၍ လူထွက်ပြီး အစိုးရတန်းကျောင်းများသို့ တက်ရောက် ပညာသင်ကြားလိုပါက အစိုးရအထက်တန်း (တက္ကသိုလ်ဝင်တန်း) ကို ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။။ အစိုးရအထက်တန်းစာမေးပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် ပေါင်းကူးကျောင်းများ၌ နေထိုင်၍ သင်္ချာ၊ သိပ္ပံစသော လိုအပ်သည့် ဘာသာရပ်တို့ကို သင်ယူရမည်။ ထိုပေါင်းကူးကျောင်းများက အထက်တန်းစာမေးပွဲများ ဝင်ရောက်ဖြေဆိုပြီးသည်အထိ အခမဲ့ တာဝန်ယူ သင်ကြားပေးရမည် ဖြစ်သည်။
  • အစိုးရကျောင်းမှ အလယ်တန်းပြီးထားသူတစ်ဦးသည် ဘုန်းကြီးသီလရှင်ဝတ်၍ ပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုပါက အလတ်တန်း (ပထမလတ်တန်း) မှ စတင်ဝင်ရောက် ဖြေဆိုနိုင်သည်။​ အထက်တန်းပြီးထားသူတစ်ဦးသည် အထက်တန်း (ဝိသိဋ္ဌတန်း)၊ အစိုးရတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရသူတစ်ဦးသည် ဥပစာတန်းမှ စတင်ဝင်ရောက် ဖြေဆိုနိုင်သည်။ သက်ဆိုင်ရာအတန်းများ မတက်ခင် အောက်အောက်အတန်းများ၌ ပြဋ္ဌာန်းထားသော ပါဠိသဒ္ဒါ၊ ဝိနည်း၊ သုတ္တန်နှင့် အဘိဓမ္မာ လေးဘာသာကို ဝင်ခွင့် ဖြေဆိုရမည်။

ကျေးဇူး စကားလုံး၏ ရင်းမြစ်

 (ပူ တူတူး)

''ကျေးဇူး'' ကို (၁၁) ရာစု ရာဇကုမာရ်ကျောက်စာ မြန်မာပျူစာဘက်မှာ '' က္ဠေးဇြော'' လို့ရေးတယ်။
ရာဇကုမာရ်ကျောက်စာ မြန်မာစာမှာတော့ '' ‌က္လ ည္ဇော'' လို့ရေးတယ်။
က္ဠေးဇြော = က္လည္ဇော (ပုဂံခေတ်)
ရေးနည်းမတူပေမဲ့ အဓိပ္ပါယ် တူတယ်။ အသံလည်း တူပုံရတယ်။
ဒါပြီးတော့ နှစ်ပေါင်း ၁၇၀ အကြာ ပုဂံခေတ်နှောင်းပိုင်း သက္ကရာဇ် ၆၄၇( ခရစ် ၁၂၈၅ ခု)ရှင်ဒိသာပါမောက် ကျောက်စာမှာ ''က္လည်စူ'' လို့ရေးတယ်။
က္ဠေးဇြော = က္လည္ဇော > က္လည်စူ
ဒီနေရာမှာ ရာဇာကုမာရ်ကျောက် မြန်မာပျူစာမှာ သုံးခဲ့တဲ့ -
''သဝေညော၊ ဒေညေ၊ ဗြေညေ''
ဆိုတဲ့ လှပတဲ့စကားလုံးအတွဲလေးကို သတိရမိတယ်။
ဒီနေရာမှာ
''သဗ္ဗညုတဉာဏ'' ကနေ ''သဝေညော''
''ဒေသနာပညာ'' ကနေ ''ဒေညေ''
''အဘိဉာဏ'' ကနေ ''ဗြေညေ''
ဆိုပြီး လှလှ ပပ သုံးစွဲထားတာဖြစ်တယ်။ မြန်မာတွေဟာ ပျူခေတ်ကတည်းက ပါဠိဝေါဟာရတွေကို မိခင်ဘာသာစကားလို ပြောဆိုခဲ့ကြတယ်ဆိုတဲ့ သဘောလို့ ယူဆမိတယ်။
ပုဂံခေတ်ဦးမြန်မာကျောက်စာတွေမှာ ပါဠိစကားကို မြန်မာစကားအဖြစ် တွင်တွင်ကျယ်ကျယ်သုံးနေကြောင်း အထောက်အထား များစွာတွေ့ရတယ်။ ဒီလို သုံးတဲ့ပုံစံဟာ ပုဂံခေတ်ရောက်မှ ပါဠိစာတွေတတ်ပြီး ကောက်ကာငင်ကာထ သုံးတာမျိုးမဟုတ်ဘဲ ပုဂံခေတ်မတိုင်မီ နှစ်ထောင်ချီ ကတည်းက မြန်မာတို့ဟာ ပါဠိစကားကို မိခင်စကားလို သုံးနှင့်တာကြာပြီ ဖြစ်တဲ့သဘောကို တွေ့ရတယ်။
သဘောအားဖြင့် ပုဂံခေတ်ဦးမြန်မာစာထဲက အနည်းငယ် ထုတ်နုတ်ကြည့်ရင်
''ပူဇာ'' ကို ''ပုစဝ်'' ''ပူဝ်ေ''(ပူဇော်)
''ဟိရိ'' ကို ''သျက်''(ရှက်)
''မဟတ္တ'' ကို '' မ္လတ်''(မြတ်)
''အရဟန္တ'' ကို ''ရဟန်''(ရဟန်း)
''ခြင်္သေ့'' ကို ''ခြင်သိယ္အ်''(ခြင်္သေ့)
''နိရယ'' ကို ''ငာရယ်'' ''ငြာယ်'' (ငရဲ)
''ဃဋီ'' ကို ''နဍီ'' (နာရီ)
''ရူပ နာမ '' ကို '' ရုံနံ'' (ရုပ်နာမ်)
''ဥယျာန'' ကို ''ဦယန်'' (ဥယျာဉ်)
''ဘရိယာ'' ကို ''မိယာ'' (မယား)
''ပလ္လင်္က'' ကို '' ပန်လင်''(ပလ္လင်)
''ဂုဟာ'' ကို ''ကူ''(ဂူ)
''ကပ်ပ'' ကို '' ကံဖာ''(ကမ်ဘာ)
''ဉာဏပညာ'' ကို '' ညာဏ်ပြဇ္ညာ'
''ထူပက'' ကို '' အထောတ်''(အထွတ်)
ဒီလို လေးတွေ သုံးခဲ့ကြတယ်။
ဂုဟာ(ပါဠိ)= ဂူ
ဂုဟာ > ဂုဟ် > ကူ > ဂူ
ဂုဟာ ရဲ့ ပါဠိဇစ်မြစ်ပုဒ် အသံ (√ဂုဟ်) ကို မြန်မာပျူစာရေးနည်းနဲ့ ရာဇကုမာရ်ကျောက်စာမှာ ''ဂေါ့'' လို့ရေးတယ်။ 'မြန်မာစာဘက်မှာတော့ ''ကူ'' လို့ရေးတယ်။
ဒီနေရာမှာ မြန်မာပျူစာရေးနည်း အရ ''ဂေါ့'' သည် '' ဂူ'' လို့အသံထွက်မယ် ထင်တယ်။ ဒီလိုဘဲ ဒီနေ့ ''ပုဂံ'' ကို ပုဂံခေတ်က '' ပုကံ'' လို့ ရေးခဲ့ပုံထောက်ရင် '' ကူ'' အသံထွက်ဟာ ဒီနေ့အသံထွက်လိုဘဲ '' ဂူ'' ဖြစ်လိမ့်မလားလို့ မှန်းဆကြည့်တယ်။
ဒါကိုကြည့်ရင် ပျူခေတ် ပုဂံခေတ် မြန်မာတွေဟာ ဘုရား ဂူကျောင်း စတဲ့ ပါဠိ ''ဂုဟာ'' ကို ပါဠိ‌ရေးနည်းအတိုင်းမရေးဘဲ မြန်မာစကားအနေနဲ့ ''ဂေါ့'' ''ကူ'' လို့ သုံးနေပြီဆိုတာ တွေ့ရတယ်။
ဒီလိုဘဲ ပုဂံခေတ်က ပါဠိဝေါဟာရကို မြန်မာစကားပြုထားတဲ့ အသုံးဟာ ပျူခေတ်ကတည်းက သုံးခဲ့တာဆိုတဲ့ အထောက်အထားကို ပုဂံခေတ်ဦးမြန်မာစာ နှင့် ပထမထောင်စုနှစ်က ပျူစာတို့မှာ အထင်အရှားတွေ့ရတယ်။
ဒီလိုဘဲ
ကတညုတာ(ပါဠိ)=
(က) ပြုခဲ့ဖူးသော ကျေးဇူးကို သိတတ်သော သူ၏အဖြစ်။
(ခ) ပြုအပ်ပြီးသော ကောင်းမှု ကုသိုလ်တို့၏ကျေးဇူးကို အဖန်ဖန် အောက်မေ့ခြင်း။
ရှေ့က ဆိုခဲ့တဲ့
''သဗ္ဗညုတဉာဏ'' ကနေ ''သဝေညော''
''ဒေသနာပညာ'' ကနေ ''ဒေညေ''
''အဘိဉာဏ'' ကနေ ''ဗြေညေ'' လို့ မြန်မာပျူစာအသုံးကို ထောက်ရင်
''ကတညုတာ'' ကနေ '' က္လည္ဇော'' ဖြစ်လာတာကို သတိပြုမိနိုင်ပါတယ်။
ကတညုတာ ကို
မြန်မာပျူစာမှာ '' က္ဠေးဇြော ''
ပုဂံခေတ်ဦးမြန်မာစာမှာ ''က္လည္ဇော''
ပုဂံခေတ်နှောင်းမြန်မာစာမှာ ''က္လည်စူ''
ဒီနေ့ခေတ်မှာတော့ ''ကျေးဇူး'' လို့ သုံးလာကြတယ်။
ပျူခေတ်ကတည်းက မြန်မာတွေ ပါဠိစာတတ်ခဲ့ကြတဲ့ အကြောင်းကို သုံးသပ်ကြည့်တော့ ဒါဟာ ပျူခေတ် မြန်မာဘုန်းတော်ကြီးသင်ပညာရေးကြောင့် ဆိုတာ အဓိကအကြောင်းလို့ တွေ့ပါတယ်။ ပျူခေတ်ကတည်းက မြန်မာ့ပညာရေးဟာ မြန်မာဘုန်းတော်ကြီးသင် ပညာရေးစနစ်လို့ ဆိုရမယ်။ ပျူခေတ်ကတည်းက မြန်မာတွေ ပါဠိစာတတ်ရခြင်း အဓိက အကြောင်းတခုဟာ မြန်မာဘုန်းတော်ကြီးတွေရဲ့ကျေးဇူးကြောင့် ဖြစ်တယ်လို့ အခိုင်အမာယုံရပါတယ်။


  • ကချင်လို = ကျေးကျူး
  • ပအိုဝ်းလို = ကေစူ