Tuesday, December 23, 2025
၁၈။ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု
- စာသင်သားတို့ကို မေးခွန်းတစ်ခု မေးဖို့ (ကိုယ့်ပတ်ဝန်ကျင်မှာ (၁) လေးစားအားကျတဲ့သူ (၂) ကြည်ညိုတဲ့သူ (၃) ထိုနှစ်မျိုးလုံးနဲ့ ပြည်စုံတဲ့သူ (လူတော်လူကောင်း၊ သူတော်ကောင်းလူအ)
- ကျောင်းတိုက်စီမံခန့်ခွဲမှုမှာ နဝကမ္မ စီမံခန့်ခွဲခြင်း (ငွေကို ဘယ်လိုသဘောထားမလဲ၊ ဘယ်လို ရည်ရွယ်ချက်နဲ့ လက်ခံသင့်လဲ၊ ငွေကို အပ်စပ်အောင် ဘယ်လို အလှူခံမလဲ)ကို ထည့်သင်ရန်
- လူတစ်ဦးသေရင် လိုအပ်ပါက ကျန်ရစ်သူမိသားစုအတွက် ငွေကြေးစသည့် လူမှုအထောက်အပံ့များကို ကျောင်းထိုင်ဆရာတော် ဦးဆောင်၍ စီမံပေးသင့် (Community Development) (ကိုငြိမ်း ဦးဆောင်၍ ဆွေးနွေးရန်)
- ဆရာသမားက တပည့်တွေရဲ့ အရည် အသွေးကို ကြည့်ပြီး ဒကာ၊ ဒကာမ ရှာဖွေသတ်မှတ်ပေးသင့်) Leadership & Management မှာလည်း ထည့်နိုင်။ Succession Plan
- ဆွမ်းစားကျောင်း စီမံခန့်ခွဲမှု / ဆွမ်းစားကျောင်းဘုန်းကြီး (အရှင်ဒဗ္ဗ) (သံဃာတော်များနှင့် သပ္ပါယဖြစ်စေမယ့် အစားအစာတွေကို သေချာ တွက်ချက်ပြီး ချက်ပြုတ်ဖို့၊ ဟင်းပိုထမင်းပို မဖြစ်စေဖို့။ ဆွမ်းကပ်ကုန်ကျငွေစာရင်း။
- နာယကဂုဏ် ၆ ပါး (ခမာ၊ ဇာဂရိယ၊ ဥဋ္ဌာန၊ သံဝိဘာဂ၊ ဒယာ၊ ဣက္ခနာ - ဆင်ခြင်တုံတရား) နီတိကျမ်းထဲက ဖြစ်မယ်။
- မင်္ဂလာလက်ထပ်ပွဲနှင့် ဘာသာရေး၏ အခန်းကဏ္ဍ
၁၇။ စာပေရေးသာမှု အတတ်ပညာ သင်ရိုးမာတိကာ
- Story Telling
- ပိဋကတ်ဆိုင်ရာ ဘာသာပြန် အတတ်ပညာ (Translation Methods) (နမူနာ ... ပါဠိ = မြန်မာ။ ပါဠိ = အင်္ဂလိပ်)
၁၅။ ဒဿနိကဗေဒ သင်ရိုးမာတိကာ
- Secularism
- Spiritualism
- အိန္ဒိယဒဿနပညာ၊ (ဝင်းအောင် - ဒဿန) (သားငယ်စာအုပ်တိုက်က ကာလုပဟာနာကိုလည်း ဘာသာပြန်ထားတယ်။)
၉။ ပိဋကတ်စာပေ သင်ရိုးမာတိကာ
- အဋ္ဌကထာကြီးများအကြောင်း (ကျမ်းပြုသူအပါဝင်သုံးသပ်ချက်များ)
- ဋီကာစစ်ပွဲ (လယ်တီဒီပနီပေါင်းချုပ် - ဒုတွဲ - ဂူ)
- ပခုက္ကူစာသင်နည်း၊ မန္တလေးစာသင်နည်း
- ပိဋကတ်အနှစ် (ဝိနည်းအနှစ်ချုပ်၊ မဟာဝါအနှစ်ချုပ်) (အနှစ်ချုပ်သုံးသပ်ချက်)
- ပိဋကတ်သမိုင်း
၆။ သမိုင်း သင်ရိုးမာတိကာ
- အသောကမင်းတရားကြီး (ဒေါက်တာဓမ္မာစာရ၊ ဦးကေသရ)
- အိန္ဒိယဗုဒ္ဓဘာသာ
- ကလျာဏီကျောက်စာ (ကလျောဏီကျောက်စာ အမည်ဖြင့် ပညာရေးမှတ်စုတွင် မှတ်စုသိမ်းထားသည်။ ဆရာပါရဂူ၏ ရာဇာနှင့် သာသနာစာအုပ်မှ ကူးယူထားခြင်း ဖြစ်သည်။)
- ကေသရ (ဦး) (သာသနာဝင်ကျမ်းရေး ရေးခဲ့တဲ့ဆရာတော်)
- စေတီတော်ဖွဲ့စည်းပုံ (ထီး၊ ဟာမိက၊ ခေါင်းလောင်းပုံ၊ ပစ္စယာအဆင့်ဆင့်စသည်)
- ဆရာဆိုင် (ပါဠိပြင်ဆရာကြီး) (အဘိဝံသရပြီးမှ လူထွက်ပြီး မြန်မာအမျိုးသမီးနဲ့ အိမ်ထောင်ကျ၊ ဆဋ္ဌသင်္ဂါယနာမှာ ပါဠိပြင်အနေနဲ့ ပါခဲ့။)
- ဆန်းထွန်း (မန်းတက္ကသိုလ်) (ကိုငြိမ်း တာဝန်ယူရန်)
- နာလန္ဒာတက္ကသိုလ် (ပညာရေးစနစ်မှတ်စု ဘလော့ဂ်မှာ "သမိုင်း" ဘာသာရပ်အနေနဲ့ ဆောင်းပါးတစ်ပုဒ် သိမ်းထားပါတယ်။)
- ပဋိပတ်သာသနာ့သမိုင်း (လယ်တီ၊ မိုးညှင်း၊ မဟာစည်၊ မိုးကုတ်၊ ဖားအောက်စသည်)
- ပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲသမိုင်း (စာဖြေသူအရေအတွက်နှင့် စာအောင်သူ)
- ပံသကူမထေရ်နှင့် နရသူမင်း (မင်းက ကတိပျက်လို့ သီဟိုဠ်ကို သွားတာ)
- ဖာဟီယန်
- ဘုန်းတော်ကြီးသင် ပညာရေးစနစ် (ပျူခေတ်ကစလို့ ကုန်ဘောင်ခေတ်အထိ)
- ယေ ဓမ္မာ ဂါထာ
- ရာဇာနှင့် သာသနာ (ဆရာပါရဂူရေးတဲ့ စာအုပ်နာမည်။ ဒီခေါင်းစဥ်နဲ့ ဆောင်းပါးတစ်ပုဒ် ထည့်သင့်။ ဒီမိုကရေစီခေတ်မှာ "သာသနံ ဟိ ရာဇာပဓာနံ" ဆိုတဲ့ အယူအဆကို အရမ်းကြီး မမှီခိုသင့်တော့ဘူး။)
- ရှင်ဥပဂုတ္တသမိုင်း
- သံဃာအရေအတွက် (ရဟန်း၊ သီလရှင်) (နှစ်အလိုက် သံဃာအရေအတွက်)
- သံဝေဇနိယလေးဌာန / အဝိဇဟိတရှစ်ဌာန
- အိန္ဒိယဒဿနပညာ၊ (ဝင်းအောင် - ဒဿန) (သားငယ်စာအုပ်တိုက်က ကာလုပဟာနာကိုလည်း ဘာသာပြန်ထားတယ်။)
၅။ အင်္ဂလိပ်စာ သင်ရိုးမာတိကာ
- ဒီဃာဝု (မဟာဝါ၊ ကောသမ္ဗကခန္ဓက)
- ရာဓပုဏ္ဏား၏ ရဟန်းခံမင်္ဂလာ (မဟာဝါအဋ္ဌကထာ ၂၉၁၊ ဉတ္တိစတုတ္ထကမ္မဝါစာနှင့် ရဟန်းခံ၊ အရှင်သာရိပုတ္တရာရဲ့ ကျေးဇူးသိတတ်မှု၊ ရာဓရဟန်းက သူ့ဆရာကို လေးစားတယ်။ ဧတဒတ် = ပဋိဘာနေယျကာနံ (၁) လျင်သော ဉာဏ်ပညာနှင့် ပြည့်စုံသူ၊ (၂) (ဘုရားရှင်၏) ဒေသနာဉာဏ်ကို ဖြစ်စေတတ်သော၊ (မထေရ်)။ ဘုရားကို တရားဟောချင်စိတ်ဖြစ်အောင် နှိုးဆွပေးသူ) ယဒိဒံ ရာဓော (အံ၊၁၊၂၆)။ ရာဓသံယုတ်) (ဝိနည်းထဲမှာလည်း ပါသည်။)
- ရာဟုလာ၏ ရှင်ပြုမင်္ဂလာ၊ (မဟာဝါအဋ္ဌကထာ ၂၉၁)
- ရောဟိဏီအရေးတော်ပုံ
- အဘိဓမ္မာနိဒါန်း (ဇံရွှေအောင်၊ ဘိက္ခုဗောဓိ)
Friday, December 12, 2025
၄။ မြန်မာစာ သင်ရိုးမာတိကာ
- ၁၂ လ ရာသီများအကြောင်း (တန်ခူး၊ ကဆုန်၊ နယုန် စသည်)
- ၁၂ လ ရာသီ ပွဲတော်များအကြောင်း
- ၃၇ မင်း
- အဋ္ဌကထာဆရာများအကြောင်း (အရှင်မဟာဗုဒ္ဓဃောသ၊ အာစရိယဓမ္မပါလ၊ အရှင်အနုရုဒ္ဓါ (သင်္ဂြိုဟ်ကျမ်းပြု)၊ ) (ပိဋကတ်စာပေထဲ ထည့်လည်းရ)
- အနာလယော (ဘိက္ခု)
- အလင်္ကာ (မြန်မာစာ အရေးအသားနဲ့ တွဲသင်သင့်တယ်။ ပြဇာတ်တွေနဲ့ တွဲသင့်တယ်)
- အနေကဇာတင်ခြင်း (ဓမ္မဒူတအရှင်ပညာဇောတရေးသည့် ဆောင်းပါးရှိ)
- အနုရုဒ္ဓမထေရ် (သင်္ဂြိုဟ်ကျမ်းပြုအကြောင်း) (အရှင်ကေလာသရေးထားသည့် ဆောင်းပါးကို "ဆောင်းပါး" ခေါင်းစဥ်အောက်တွင် ရှာနိုင်သည်။)
- အာနန္ဒမေတ္တေယျဘိက္ခု (ဦးကေသရ ရေးထားသည့် ဆောင်းပါးရှိ။ "ဆောင်းပါး" ခေါင်းစဥ်အောက်တွင် ရှာနိုင်)
- အမျိုးသမီးအခွင့်အရေး
- အသုဘဓလေ့ (မီးသင်္ဂြိုဟ်၊ မြေမြုပ်၊ ရေမျှော၊ ကောင်းကင်သင်္ဂြိုဟ်စသည်၊ ဟိန္ဒူတို့၏ အသုဘဓလေ့ အထူးပြုလေ့လာရန်)
- ဥပုသ်စောင့်ခြင်း
- ကဆုန်လပြည့် ဗုဒ္ဓနေ့
- ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ (ဒေါက်တာအာစာရ၊ ထေရဝါဒမှာ ကထိန်အကြောင်း ကျမ်းရေးပြီး ဒေါက်တာဘွဲ့ရခဲ့တာ)
- ကန်တော့ဆွမ်း (အတိစ္ဆထ ဘန္တေ) ကန်တော့ဆွမ်းဆိုတဲ့ စကားရဲ့ ဇစ်မြစ်ကို လေ့လာသင့်တယ်။ စကားလုံးက အလင်္ကာမြောက်တယ်။ အရှင်နာဂသေနနဲ့ မိလိန္ဒမင်းတို့၊ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဝတ္ထုရဲ့ ပုံဝတ္ထုကို သုံးသင့်) (ရဝေနွယ် (အင်းမ) ရေးသား၊ ကုသိုလ်ဖြစ်အောင် တွေးမယ် စာအုပ်ကို ကြည့်ပါ။) (အရင်က ပထမပြန်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြဋ္ဌာန်းစာမှာ အရှင်နာဂသေနဲ့ မိလိန္ဒ ပါတယ်။)
- ကဗျာဖွဲ့နည်း (ကဗျာလင်္ကာစီကုံးနည်း)
- ကြာပန်း (ဗုဒ္ဓသာသနာ၏ သင်္ကေတ၊ ပိန်းကြာပတ်တွင် ရေမတင်သကဲ့သို့)
- ကျောင်ထိုင်ဆရာတော်များ သိမှတ်ဖွယ်
- ကျောက်စာလေ့လာခြင်း / ကျောက်စာ
- ကျမ်းညွှန်းနည်းစနစ် (အင်္ဂလိပ်၊ မြန်မာမူ)
- ကျမ်းရေးနည်း
- ကျမ်းရှာနည်း
- ခုနှစ်နေ့အသုံးအနှုန်းသမိုင်း (တနင်္လာ၊ အင်္ဂါ စသည်) (နေ့ရက်များအကြောင်း ဟူသောခေါင်းစဥ်ဖြင့် ပို့စ်တစ်ခု တင်ထားပါသည်။) ဆရာကြီး ဦးဖိုးလတ် "မြန်မာအစ" စာအုပ်
- ဂီတနှင့် ဗုဒ္ဓဘာသာ
- ဂိုအင်ကာ (ဆရာကြီး)
- စကားကြီးဆယ်မျိုး
- စကားခြောက်ခွန်း၊ လူ၌ထွန်းလည်း (အဘယရာဇကုမာရသုတ်)
- စကားပြေရေးနည်း
- စာရေးနည်းနှစ်မျိုး (စကားပြောဟန်၊ စာရေးဟန်) (ဒေါက်တာအောင်မြင့်ဦး ရေးထားတာရှိ)
- စရိယသုံးပါး (ဗုဒ္ဓတ္ထစရိယ၊ ဉာတတ္ထစရိယ၊ လောကတ္ထစရိယ)
- စလေဦးပုည / အချုပ်တန်းဆရာဖေ
- စာဖက်နည်း (ဦးဝိမလ၊ ကိုငြိမ်း၊ အောက်စ်ဖို့ဒ်ဆရာတော်)
- စေတီတည်ထားကိုးကွယ်ပုံ (စေတိယပကာသနီကျမ်း (ဘဒ္ဒန္တမေဓာဝီ) မိမိစာအုပ်စင်မှာရှိ)
- စေတီတော် အခေါ်အဝေါ်များနှင့် တည်ဆောက်ပုံ
- စိတ်ပုတီးသမိုင်း နှင့် အသုံးပြုပုံ (ပုတီးသမိုင်းနှင့် ပုတီးစွမ်းရည် အမျိုးမျိုး - နှစ်ဖက်လှ ဦးကျော်လွင်)
- ဆရာကန်တော့ပွဲ (လူတွေအတွက် သက်ကြီးပူဇော်ပွဲ (ဂါရဝ, နိဝါတ မင်္ဂလာ၊ ကတညုတ, ကတဝေဒီ)
- ဆာဦးသွင်
- ဆူးတွင်းပစ်ဆရာတော်
- ဆွမ်းခံကျင့်ဝတ် (ပိဏ္ဍပါတ/ပိဏ္ဍာစာရ)
- ဇာတိရွာအကြောင်း ရေးသားရန်
- ဇော်ဂျီ
- ဉာဏမောဠိ (ဘိက္ခု)
- တောင်တန်းသာသနာပြု
- တောင်ဖီလာဆရာတော် (ဗုဒ္ဓစာပန်းချီတွင် ကြည့်ရန်)
- တက္ကသိုလ်ဟူသည် (တက္ကသိလ / တက္ကသီလ) (ဝိ၊၃၊၃၇၉၊၄၂၈)
- ဒုလ္လဘရဟန်းခံ (အခြားထေရဝါဒနိုင်ငံများနှင့်လည်း နှိုင်းယှည်တင်ပြရန်) (ဆရာမကြီး ဒေါ်ခင်မျိုးချစ် - မြန်မာမှန်ရင် ရဟန်းခံဘူးရမယ်၊ ပုဂံရောက်ဖူးရမယ်၊ ပွဲကြည့်ဖူးရမယ်။) ချမ်းမြေ့ဆရာတော် ဒုလ္လဘသိမှတ်ဖွယ်။ လူတွေက သံသရာမှာ အထောက်အကူပြုဖို့ ရဟန်းပြု၊ ပါရမီဖြစ်ဖို့။ ဂရုကအာပတ်တွေရယ်၊ လူတွေနဲ့ ဆက်စပ်နေတဲ့ အာပတ်တွေ မသင့်ဖို့ အထူးကြပ်မက်ပေးသင့်တယ်။ ညစာ မစားရ ခြင်းအကြောင်း၊ ခေါင်းရိတ်ရခြင်းအကြောင်းစသည်ကို သေချာလေး ရှင်းပြသင့်။ ပျူခေတ်ကစလို့ ကိုလိုနီခေတ် မတိုင်ခင်အထိ လူတွေက ကျောင်းမှာ ကိုရင်ဝတ်၊ ဦးဇင်းဝတ်နဲ့ ပညာသင်ကြတယ်။
- ဒီပါးမား (နေနော်ကို တာဝန်ပေးရန်)
- ဒေဝဒတ် (ဗုဒ္ဓနှင့် ဒေဝဒတ် စာအုပ် - ပါဠိပါရဂူ ဦးအောင်မိုး)
- နန္ဒမာလာဘိဝံသ (ပါချုပ်ဆရာတော်)
- နိုင်ငံရေးနှင့် ဗုဒ္ဓဘာသာ (Philosophy?)
- ဓမ္မသာမိ (ဒေါက်တာ)
- ပရိတ်တန်ခိုး
- ပရိယတ္တိသာသနာ့ဟိတအသင်း
- ပါဠိသတ်ဝေါဟာရ (ဝေါဟာရတ္ထပကာသနီ၊ ဝေါဟာရလီနတ္ထပကာသနီ၊ ဦးဖိုးလတ်ရေး မြန်မာစကားလုံးပြောင်းပုံကျမ်း)
- ပိဋကတ်စာပေလာ မြန်မာစကားပုံများ / မြန်မာ့ဆိုရိုးစကားများ
- ပန်းဆယ်မျိုး (မှတ်စုတွင် ထိုနာမည်နှင့် ကြည့်ရန်)
- ပြက္ခဒိန်အကြောင်း
- ပုတီးသမိုင်း (နှစ်ဖက်လှ ဦးကျော်လွင်)
- ဖိုးသူတော် (ဖိုးသူတော်ဝတ်ပေးခြင်းအစဉ်အလာ၊ ထိုင်းမှာ ကိုရင်မဝတ်ခင် အနာဂါရိကအဖြစ် လူဝတ်ကြောင်အနေနဲ့ တစ်နှစ်နေရတဲ့ အစဥ်အလာ)
- ဖိုးသူတော်ဦးနု ဆုံးမစာ
- ဗောဓိ (ဘိက္ခု)
- ဗျာဒိတ်စကား (ဒေါက်တာအာစာရ)
- ဗြဟ္မီအက္ခရာ (Brahmi script)
- ဗုဒ် (ဦးဗုဒ်)
- ဗုဒ္ဓဃောသ၊ မဟာ၊ အရှင် (ဆရာတော်ဦးကေလာသ၊ အမေရိကန်)
- မဟာဂန္ဓာရုံဆရာတော်
- မဟာဗောဓိအသင်းကြီး
- မဟာမောဂ္ဂလိပုတ္တတိဿမထေရ် (ဦးကေသရ မေးရန်)
- မလွန်ဆန်လှူအသင်း
- မင်းကွန်းဆရာတော်
- မင်းသုဝဏ်
- မိဘကျေးဇူး
- မဇ္စျိမပဋိပဒါ
- မာန်လည်ဆရာတော်
- မြစေတီကျောက်စာ (ရာဇကုမာရကျောက်စာ)
- မြန်မာအက္ခရာပြောင်းလဲပုံသမိုင်း
- မြန်မာအက္ခရာတို့၏ ဇစ်မြစ် (မောင်ခင်မင်၊ ဓနုဖြူ)
- မြန်မာအက္ခရာဖောင့်များ ပြောင်းလဲခြင်း (ဆောင်းပါး Label တွင်ကြည့်ပါ)
- မြန်မာခက်ဆစ်
- မြန်မာစကားပုံ
- မြန်မာစာလုံးပေါင်းသတ်ပုံ
- မြန်မာစာပေသမိုင်း (ဦးဖေမောင်တင်ရေးသည့် စာအုပ်) ၊ တိဘက်တိုဘားမန်း
- မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းများ (ဒေါက်တာတင့်ဆွေ)
- မြန်မာ့ဆိုရိုးစကား
- မြန်မာနေ့ရက်များအကြောင်း (တနင်္လာ၊ အင်္ဂါစသည်။ ဦးဖိုးလက်၏ "မြန်မာအစ" စာအုပ်တွင်ပါသည်။ မြန်မာနေ့ရက်များအကြောင်း - ဆိုပြီး "ဆောင်းပါးများ" ခေါင်းစဥ်မှာ ရှာပါ။)
- မြန်မာဒေသိယစကားများ (တောင်ရိုး၊အင်းသား၊မြိတ်၊ရခိုင်၊ဓနု၊ထားဝယ်)
- မြန်မာပြက္ခဒိန်
- မြန်မာသဒ္ဒါ
- မြန်မာ့ပွဲတော်များအကြောင်း
- မြန်မာ့ဆယ်နှစ်လရာသီနှင့် ပွဲတော်များ
- ယူဇနာအတိုင်းအတာ အယူအဆ
- ရဟန်းခံရှင်ပြု (Ordination) (မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဝိနည်း သုံးဘာသာလုံး ထည့်နိုင်သည်။)
- ရာဇကုမာရကျောက်စာ
- ရေးတော့အမှန်၊ ဖတ်တော့ အသံ (ဆောင်းပါးထည့်ရန်)
- လိင်တူဆုံမက်သူများ (LGBT)
- လက်ရေးအလှရေးနည်း
- လက်ထပ်ထိမ်းမြားခြင်းနှင့် ဗုဒ္ဓဘာသာ
- လယ်တီဆရာတော်
- လယ်တီပဏ္ဍိတဦးမောင်ကြီး
- လောကဓံရှစ်ပါး (မင်္ဂလသုတ် နောက်ဆုံးဂါထာ၊ ပရိတ်ကြီးနိဿယသစ်မှာ ကြည့်)
- လောကီမင်္ဂလာ (၁၂) ပါး
- ဝါဆိုခြင်း နှင့် ဝါပန်ခြင်း
- ဝါဆိုသင်္ကန်း
- သခင်ကိုယ်တော်မှိုင်း
- သင်ပုန်းကြီး (သင်ပုန်းကြီးဋီကာအဖွင့်ကျမ်း၊ ပုဂံခေတ်နှောင်းရေး)
- သုတစာပေနှင့် ရသစာပေ
- သင်္ကန်းသမိုင်း (ဓမ္မအမေးအဖြေများ ပေါင်းချုပ် - ၄ (အရှင်ကေလာသ) နှာ - ၁၇၄၅
- သင်္ကြန်ပွဲနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှု့
- သက္ကရာဇ်နှင့် ခုနှစ်များအကြောင်း
- သာသနာပြု ပုဂ္ဂိုလ်ကျော်များ (မဟာခရီးသည် - ပါရဂူ)
- သာသနာ့အလံသမိုင်း
- သင်္ဂဇာဆရာတော်
- သံဃာ့ကျေးဇူး (ပူ တူတူး ရေးသည့် ကျေးဇူးစကားလုံး၏ ဇစ်မြစ်ဆောင်းပါးကိုလည်း ကြည့်ပါ။ ဆောင်းပါး Label အောက်တွင် ပါသည်)
- သံဖျင်ဋီကာ (ကျစွာမင်းအကြောင်း၊ သမီးတော်အကြောင်း)
- သိကြားသာသနာ (ပညာရှင်ရှု့ထောင့်မှ ရေးသားရန်၊ ထည့်သင့်၊ မသင့် သေခြာဆုံးဖြတ်ရမည်။) (ဗုဒ္ဓအဘိဓမ္မာမဟာနိဒါန်း - ၂၄၆) ဦးပုညတေးထပ်
- သိန်းမောင် (ဦး)၊ တရားရေးဝန်ကြီးချုပ်
- သန္တုဋ္ဌိ နှင့် Minimalism (Frugal Lifestyle) [ဒေါက်တာဖြိုးသီဟ - ဗုဒ္ဓနှင့် Minimalism]
- သေနာသနဝတ် (အရှင်သာရိပုတ္တရာ တံမြက်စည်း လှည်းတဲ့အကြောင်း၊ အရှင်နာဂသိန်နှင့် မိလိန္ဒမင်းကြီး လျောင်းလျာနှစ်ဦး၊ အရှင်မဟာဗုဒ္ဓဃောသ အလောင်းအလျာ)
- သေဋ္ဌိလာဘိဝံသ (ဦး)
- သိင်္ဂါလောဝါဒသုတ် [လူ့ကျင့်ဝတ်များ (သို့မဟုတ်) ဂိဟိဝိနယ (သို့မဟုတ်) လူ့ဝိနည်းများ]
- သိင်္ဃသူ့သမီးကျောက်စာ (၁၁ တန်း မြန်မာစာ) (မျိုးဆွေသန်း ကို တာဝန်ပေးသင့်)
- သုတနှင့် ရသစာပေ
- Minimalism နဲ့ သန္တုဋ္ဌိ (Frugal Lifestyle) [ဒေါက်တာဖြိုးသီဟ - ဗုဒ္ဓနှင့် Minimalism]
- လူမဟုတ်သောရဟန်း (ရဟန်းသားရေးသည်)
- ဗုဒ္ဓစာပန်းချီ (ငွေဥဒေါင်း)
- အာဒိစ္စဝံသ (ဦး)
- ဥက္ကဋ္ဌ (ဦး)
- တောင်ဖီလာဆရာတော်
- မဟာရဋ္ဌသာရ၊ ရှင်
- မဟာသီလဝံသ၊ ရှင်
- ရေငုံဆရာတော်
- ရွှေကျင်ဆရာတော်
- လယ်တီဆရာတော်
- သေဋ္ဌိလ၊ ဆရာတော်
- သီလ၊ဦး၊ရဟန္တာဟု ထင်ရှား
- ခုနှစ်နေ့ဘုရားရှိခိုး
- ငါးဆူရွှေကြာ
- မဃဒေဝကဗျာများ
- သာသနာပျက်လို့ ခက်လိမ့်မည် (ဂန္ဓာရုံဆရာတော်) (တိတ်ဆိတ်မှုအကြောင်း ရေးထားခြင်း ဖြစ်သည်။ သီးသန့်ပို့တင်ထားသည်)
- ဆရာတော်ဦးဩဘာသ
- အလင်္ကာပန်းကုံး (အစိုးရတက္ကသိုလ်မှာ ထုတ်နှုတ်ပြဋ္ဌာန်းထားတယ်။)
- ကကြီးခခွေး မတတ်သေး လူရေးညံ့တော့သည် (စာအုပ်၊ ဆရာကြီး ဒေါက်တာထွန်းတင့် - မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်) (မြန်မာ့ဗျည်းအက္ခရာ ၃၃ လုံးအကြောင်းကို အသေးစိတ် ရှင်းပြထားသည်။)
- ကဗျာဗန္ဓသာရကျမ်း
- ဂုဏ်၊ အလင်္ကာ၊ ရသ သင်ကြားရေး (မောင်ခင်မင်၊ ဓနုဖြူ)
- နှုတ်ပြောမြန်မာသဒ္ဒါ (မောင်ခင်မင်၊ ဓနုဖြူ)
- ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ၏ စာအုပ်များ
- ဆယ်စောင်တွဲ
- ပါဠိသက်ဝေါဟာရအဘိဓာန် (ဒဂုံဦးထွန်းမြင့်) (စိတ်ကူးချိုချို)
- ဗြဟ္မနိရုတ္တိနယသင်္ဂဟကျမ်း ခေါ် မြန်မာစကားလုံးပြောင်းပုံကျမ်း (ဆရာတော် ဦးကောသလ္လ) ကိုကိုသက်မှူးကို မေးရန်
- မဟာသမ္ပုဏ္ဏ(သင်ပုန်းကြီး) အဋ္ဌကထာနှင့် ၆ ကျမ်းတွဲ - ဦးညွှန့်မောင် (UCL) (PDF File ရှိ)
- မြန်မာကဗျာဖွဲ့နည်း (တင်မိုး) - မြန်မာ့ဘဝ မြန်မာ့ဝန်းကျင်နှင့် မြန်မာ့ကဗျာ (စာတမ်း)
- မြန်မာစာပေသမိုင်း (ဦးဖေမောင်တင်)
- မြန်မာစာပေသင်ကြားရေး (တက္ကသိုလ်မောင်မောင်ကြီး)
- မြန်မာဆယ့်နှစ်လ (မောင်ထင်)
- မြန်မာနိုင်ငံ ပါဠိစာပေသမိုင်းဦး (သို့မဟုတ်) သရေခေတ္တရာ ပျူဒေသ၏ ပိဋကတ်စာပေ အခြေအနေ (ဦးအောင်မွန်)
- မြန်မာဘာသာစကား ကျမ်းခြောက်ဆယ်အညွှန်း (မောင်ခင်မင်၊ ဓနုဖြူ)
- မြန်မာ့စာပေတိုက်ပွဲ (မေမြို့မိုးကြည်)
- မြန်မာ့ရိုးရှေးအစဥ်အလာ ဆုံးမစာပေါင်းချုပ် (အပါးတော်မြဲစာအုပ်တိုက်)
- ရသစာပေနိဒါန်း (မင်းသုဝဏ်)
- ဝေါဟာရတ္ထပကာသနီ (ဒုတိယကျော်အောင်စံထားဆရာတော်) (စိတ်ကူးချိုချို)
- ဝေါဟာရလီနတ္ထပကာသနီ (လှေသင်းအတွင်းဝန်မင်းကြီး) (စိတ်ကူးချိုချို)
- သင်ပုန်းကြီးဋီကာအဖွင့်ကျမ်း (ပုဂံခေတ်နှောင်းရေး)
၃။ အဘိဓမ္မာ သင်ရိုးမာတိကာ
- ဘဝင်စိတ်
- ပရမတ္ထစက္ခုဒီပနီ (ဒီပဲယင်းဆရာတော်)
- အဘိဓမ္မတ္ထသရူပမာလာ (ပွင့်လှသိမ်ကုန်း - ပြည်)
- ကိုယ်ကျင့်အဘိဓမ္မာ (မဟာဂန္ဓာရုံဆရာတော်)
- စေတသိက်ပို့ချချက် (ဝိုင်အမ်ဘီအေအဘိဓမ္မာ) (ဝဋံသကာ ဦးကျော်ထွက်)
- သဒ္ဓမ္မဇောတိကအဘိဓမ္မာ (ဝဋံသကာ ဦးကျော်ထွက်)
Wednesday, December 10, 2025
မြောင်းမြဆရာတော် ၏ ပညာရေးအမြင်
- ဝိသုဒ္ဓါရုံမြောင်းမြဆရာတော် (ဝန်ဆောင်ဆရာတော်ရေး) စာ - (၁၆၄) စာအုပ်မှ။
မြန်မာနိုင်ငံ ဘုန်းတော်ကြီး ပညာရေး နိမ့်ကျသွားရခြင်း အကြောင်းရင်း
#မြောင်းမြ ပဇ္ဇောတာရုံ တိုက်ဟောင်း၌ မိန့်ကြားသော ဩဝါဒမှ
(မြောင်းမြဆရာတော်သည် မြန်မာနိုင်ငံ ဘုန်းတော်ကြီးပညာရေးကို ပြောင်းလဲခဲ့သော တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရား ငယ်ဆရာရင်း ဖြစ်သည်)
“အခု ဒီအထဲမှာ တော်တော်ဉာဏ်သဘောရှိတဲ့ ကိုယ်တော်လေးတွေပါတယ်၊ ဒါသတိထားကြ၊ သာသနာရေး သာသနာရေးစကား ပြောနေပေမယ်လို့ သာသနာရေးကို တကယ်ထိရောက်အောင် စဉ်းစားဉာဏ်ရှိမှ သိမယ်၊ စဉ်းစားဉာဏ် မရှိဘူးဆိုရင် မသိဘူး၊ အလုပ်လုပ်တာကတော့ သာသနာရေးချည်းပဲ ပြောနေကြတယ်၊ သာသနာရေးလုပ်ပေမယ်လို့ သာသနာရေး မပါဖြစ်နေကြတယ်။
ဟိုရှေးတုန်းက ကြက်သွန်ခင်းဆရာတော်တို့ဆိုတာ ရှိတယ်၊ အင်မတန် ဝိနည်းဘက်လိုက်စားတဲ့ ဆရာတော်ကြီးတွေ၊ ဒီစာမေးပွဲတွေကို ကြိုက်ကို မကြိုက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စာမေးပွဲက အချိန်ကုန်တယ်၊ တပည့်တော်တို့လဲ အမှန်အားဖြင့်ကတော့ စာမေးပွဲကို ကြိုက်တာမဟုတ်ဘူး၊ စာမေးပွဲက အင်မတန် အချိန်ကုန်တယ်။
လူတွေက ဘာသိလဲ၊ ဘာမှမသိဘူး၊ လူချင်းယှဉ်လိုက်ရင် ဘာမေးလဲ၊
ကိုရင်တွေ့တွေ့ ရဟန်းတွေ့ တွေ့၊ “ကိုယ်တော် ဘယ်အတန်းအောင်လဲ၊ ပထမငယ်အောင်သလား၊ ပထမလတ်အောင်သလား၊ ပထမကြီးအောင်သလား၊ ဓမ္မာစရိယအောင်သလား၊” အဲဒါ မေးသွားတယ်။
ဒီတော့ ဘုန်းကြီးတွေကလဲ ခေတ်ဆန်ဆန်လုပ်လာကြတယ်၊ အဲဒီလို ခေတ်လိုက်ပီးလုပ်တဲ့အတွက် စာမေးပွဲတွေကတော့ ပေါတယ်၊ မှန်တယ်၊ အောင်တဲ့လူတွေလဲ ပေါတယ်၊ မှန်တယ်၊ ကဲ စာတတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ အင်မတန်နဲတယ်၊ စာမေးပွဲအောင်တဲ့ ပုဂ္ဂိုလ်တွေဆိုရင်ဖြင့် မြန်မာပြည်မှာ ခုအခါ အတော့်ကိုများတယ်၊ အဲဒီစာမေးပွဲအောင်တဲ့ ပုဂ္ဂိုလ်တိုင်း စာတတ်သလားဆိုရင် မတတ်တာ အမှန်ပဲ၊ ဘာဖြစ်လို့ မတတ်တာလဲ၊ ဒီစာမေးပွဲကိုကပဲ စာတတ်အောင်လုပ်ပေးတဲ့ စာမေးပွဲ မဟုတ်လို့ပဲ။
အထက်တန်းအကျဆုံး စာချတန်း-ဆိုတာဟာ သဒ္ဒါရေးတွေချည်းပဲ လျှောက်လုပ်နေတယ်၊ သဒ္ဒါရေးတွေချည်း မေးနေတာပဲ၊ “ပါဠိတော်ရဲ့ အဓိပ္ပာယ်၊ အဋ္ဌကထာရဲ့ အဓိပ္ပာယ် ဒီအထဲမှာ ပါသလားဆိုရင် မပါဘူး၊ ဘယ်ဝါကျ ဘယ်လိုတက်ပြခဲ့ပါ၊ ဘယ်ဟာကို ဘယ်လိုထွက်ပြခဲ့ပါ၊ ဘယ်ပုဒ်နဲ့ဘယ်ပုဒ် (ဥပမာဆိုရရင် တုဏီ-ဆိုတဲ့ပုဒ်နဲ့ တုဏှိ-ဆိုတဲ့ပုဒ်) ဘယ်ဟာ မှန်သလဲ ဆုံးဖြတ်ခဲ့ပါ၊ ထူးထူးဆန်းဆန်းကြီးလုပ်ပီး မေးတာတွေ။
ဒီတော့ စာတတ်အောင် စာရဲ့ အဓိပ္ပာယ် မေးသလား-ဆိုတော့ စာရဲ့ အဓိပ္ပာယ် မပါတာချည်း များနေတယ် စာချတန်းတွေမှာ၊ အဲဒါကို အခု ပရိယတ္တိပညာ လာသင်တဲ့ ကိုယ်တော်လေးတွေ ကြပ်ကြပ်သတိထား။
ဟုတ်တယ်၊ ဓမ္မာစရိယတော့ အောင်တယ်၊ အဲဒီ ဓမ္မာစရိယအောင်တဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်စာတော်သလား၊ တော်တဲ့ပုဂ္ဂိုလ်တွေ ပါပါတယ်၊ အင်မတန်နဲတယ်၊ ရှာမှရှားတဲ့အထဲက၊ မတော်တဲ့ပုဂ္ဂိုလ်တွေက များနေတယ်။
ဒီတော့ စာတော်အောင် ဘယ့်နှယ်လုပ်ရမလဲ၊ ပါဠိတော်, အဋ္ဌကထာကို သေသေချာချာတက်၊ သေသေချာချာစဉ်းစား၊ ပါဠိတော်ရဲ့အဓိပ္ပာယ်ကို စဉ်းစား၊ ဘုရားဟောတော်မူလိုရင်း ကြပ်ကြပ်ကျအောင် ကြံစည်စဉ်းစားမှ ဖြစ်မယ်။
ခုတော့ ပါဠိတော်ကို သိပ်မေးတာ မဟုတ်ဘူး၊ မေးတာလဲ အဋ္ဌကထာကို မေးတယ်၊ အဋ္ဌကထာမှာလဲ အဋ္ဌကထာရဲ့ အဓိပ္ပာယ်ဟာ အင်မတန် အပါ နဲနေတယ်၊ သဒ္ဒါရေးတွေချည်းပဲ လျှောက်မေးနေတယ်၊ ဒီတော့ စာလုပ်တဲ့ ပုဂ္ဂိုလ်တွေကလဲ သဒ္ဒါရေးတွေချည်း လျှောက်လုပ်နေကြရတော့တာပဲ၊ စာချဘုန်းကြီးတွေကလဲ သဒ္ဒါရေးတွေချည်း လျှောက်ပြောနေရတယ်၊ အဲဒါနဲ့တင် အချိန်ကုန်သွားတာပဲ၊ ပြောလိုက်ရင် “ဓမ္မာစရိယ၊ ဒီဘုန်းကြီးက ဓမ္မာစရိယပဲ” ဟော-ဒီလို ပြောကြတယ်။
ဒီဓမ္မာစရိယတန်းဟာ တပည့်တော်တို့က ငယ်ငယ်ကထဲက အောင်ခဲ့တယ်၊ အခု ဓမ္မာစရိယ မဟုတ်ဘူး၊ အင်မတန် ခက်ခဲတယ်-ဆိုတဲ့ မြန်မာပြည်မှာ အခက်ဆုံးဖြစ်တဲ့ မန္တလေးမြို့ သကျသီဟစာမေးပွဲ၊ ရဟန်းတစ်ဝါရနေပြီ၊ ဒီတော့ အငယ်တန်း၊ နောက် ၂-နှစ် မဝင်ဘဲ နေတယ်၊ အောက်မြန်မာပြည်ရောက်နေတော့ မန္တလေး တက်မသွားတော့ဘူး၊ မဝင်ဘဲ နေလိုက်တယ်၊ နောက် ၄-ဝါရမှာ တက်ပီး အကြီးဝင်တယ်၊ ၄-ဝါရမှာ တစ်ကျမ်း၊ ၅-ဝါရမှာ တစ်ကျမ်း၊ ၆-ဝါရမှာ တစ်ကျမ်းပြီးသွားတယ်၊ ၆-ဝါ ရပြီးတော့ ဗဟုသုတတွေ လိုက်ပီးရှာနေတယ်။
အဲဒီ သကျသီဟစာမေးပွဲ အောင်ပြီးတဲ့နောက် တပည့်တော် ဗဟုသုတ လိုက်ရှာတယ်၊ မန္တလေးမြို့ မှာလဲ လိုက်ရှာတယ်၊ ဒီမအောင်ခင်က-ဆိုရင် တပည့်တော်တို့ဟာ တပည့်တော်တို့တိုက်ထဲမှာ လုပ်နေတာ၊ ဘယ်ကိုမှ မရောက်ဖူးဘူး၊ မစိုးရိမ်တိုက်နဲ့ တပည့်တော်တို့တိုက်ဟာ ကျောက်လမ်းကလေ ခြားတာ၊ မစိုးရိမ်တိုက်ထဲတောင် မဝင်ဖူးဘူး၊ အဲဒီလို နေလာခဲ့တယ်။ မြန်မာပြည်က ဘာဖြစ်နေသလဲ၊ မန္တလေး ပရိယတ္တိသာသနဟိတ သကျသီဟစာမေးပွဲအောင်ရင် စာတတ်ပြီ-လို့ ယူဆနေတယ်၊ တပည့်တော်တို့တော့ သူ့ကို မယူဆဘူး၊ တပည့်တော်လဲ အောင်လာခဲ့တဲ့လူပဲ၊ အောင်ပေတဲ့ “ဒီပရိယတ္တိစာမေးပွဲ ကောင်းတယ်”လို့ တပည့်တော် မချီးမွမ်းဘူး၊ ကြိုက်လဲ မကြိုက်ဘူး၊ တပည့်တော် တပည့်တွေမှန်သမျှကို မဝင်အောင်ချည်းပဲ လုပ်ထားတယ်။
အခုစာအုပ်တွေရေးနေတဲ့ တောင်မြို့ဘုန်းကြီး ရဟန်း ၅-ဝါရတယ်၊ “ပရိယတ္တိသကျသီဟစာမေးပွဲ ဝင်ပါရစေ၊ ခွင့်ပေးရင်ဖြင့် ဝင်ချင်ပါတယ်၊ ပထမစာတစ်စောင်ပေးတယ်၊ “မဝင်ပါနဲ့၊ ဘာလုပ်ဖို့ ဒီစာမေးပွဲ ဝင်ချင်သလဲ၊ မဝင်ပါနဲ့၊” ဒီလိုပဲ ပြန်လိုက်တယ်။ တစ်ခါ ဒုတိယစာတစ်စောင် ရောက်လာတယ် မကြာခင်ဘဲ၊ “မြန်မာပြည် တစ်ပြည်လုံး ကျော်ကြားနေတဲ့စာမေးပွဲ ဝင်ပါရစေ၊ ခွင့်ပြုပါ၊ ခက်ခဲတယ်ဆိုတဲ့ စာမေးပွဲ ဝင်ပါရစေ၊ ဝင်ပါမှလဲ လျော်ပါ့မယ်”၊ သူဆီက စာလာတယ်၊ တပည့်တော် ပယ်လိုက်တယ်၊ “မဝင်ပါနဲ့။” နောက်တစ်ခါ တတိယစာတစ်စောင် ရောက်လာပြန်တယ်၊ ဒီတော့ ပျံတော်မူသွားပြီ ကျွန်းကုန်းဆရာတော်၊ တပည့်တော်ရဲ့ မိတ်ဆွေ၊ သူ့ဆီလဲ ရောက်နေတယ်၊ ဒီအခါ “သူ ဒီလောက်ဝင်ချင်တဲ့ဥစ္စာ၊ သူလဲ စွမ်းရည်ရှိတဲ့ လူပဲ၊ ခွင့်ပေးသင့်ပါတယ်၊' ကျွန်းကုန်းဆရာတော်က ပြောတယ်၊ ဒါနဲ့ ဝင်ခွင့်ပေးလိုက်တယ်၊ ဒီတော့ သူလဲ ၅-ဝါ ရနေပြီ။
ဒီတော့ ပခုက္ကူဆရာတော်ကြီးတွေ သွားလျှောက်တယ်တဲ့၊ “မန္တ လေးမြို့ သကျသီဟစာမေးပွဲဝင်ဖို့ ခွင့်ပြုပါ၊ မန္တလေး သကျသီဟစာမေးပွဲ ပြန်မလို့ပါ၊ ခွင့်ပြုပါ”လို့ လျှောက်တော့ ပခုက္ကူဆရာတော်ကြီးတွေက ဘာပြောလိုက်သလဲ- ဆိုတော့ “မင်းဟာ ဇာတ်ကြီးထဲလိုက်နေပြီးတော့မှ အငြိမ့်လေးထဲ လိုက်တာနဲ့ တူတယ်”လို့ ပြောလိုက်တယ်။ လိုရင်းမှာ ခုကာလ ရှိသလေ၊ ဟို-ဖိုးစိန်ကြီးဇာတ်တွေ ရွှေမန်းတင်မောင်ဇာတ်ကြီးတွေ၊ အဲဒီဇာတ်ကြီးတွေထဲ လိုက်နေပီးတော့ တကယ်နိုင်နင်းတဲ့ သူက အငြိမ့်ကလေးထဲ ဝင်ကချင်တာနဲ့ တူတယ်၊ စာတွေတက်ပြီးတော့ စာတွေချနေပီးတော့ တကယ်နိုင်နင်းတဲ့လူက ဘာမဟုတ်တဲ့ စာမေးပွဲကလေး သွားပီး ဝင်ချင်ရသလား၊ ဒီစကားသုံးလိုက်တာ။
သို့သော်လဲ တောင်မြို့ဘုန်းကြီးက တပည့်တော့်တပည့်၊ ရွှေကျင်ဂိုဏ်းသား၊ ဒီတော့ “သူတို့ မတားနိုင်ဘူး”ဆိုတာ သိတယ်၊ သိလို့ ခွင့်ပြုလိုက်တယ်၊ ဒါ ကိုယ်တော်တို့ စဉ်းစားပါ၊ တပည့်တော် ၃-ခါ ထိအောင်ဖျက်တယ်၊ နောက်ဆုံးအကြိမ်ကျမှ ကျွန်းကုန်းဆရာတော်က “ခွင့်ပေးဖို့ကောင်းပါတယ်”ဆိုလို့ ပေးလိုက်တယ်။
ကဲ ၆-ဝါရမှာ အငယ်တက်ပြန်တယ်၊ အောင်သွားတယ်၊ အောင်ပြီးမှ ပခုက္ကူပြန်သွားတယ်၊ နောက် ၇’ဝါရတဲ့နှစ်မှာ သူအကြီးတန်းတက်ပြန်တယ်၊ ၂-ကျမ်းစွဲသွားတယ်၊ နောက်တစ်နှစ်ပြန်တယ်၊ တစ်ကျမ်းစွဲသွားတယ်၊ ၃-နှစ်နဲ့ပြီးတယ်၊ ၈-ဝါရမှာ အကုန်ပြီးသွားတယ်။
သူက ပခုက္ကူတိုက်ကြီးထဲမှာ ၃-ဝါရကနေပီးတော့ စာချဖြစ်နေတယ်၊ အကြီးအကျယ်နာမည်ရ၊ ၅-ဝါရမှာ စာမေးပွဲဝင်ချင်တဲ့အကြောင်း ခွင့်တောင်းတယ်၊ သူက ကိုရင်ဝတ်နဲ့ကထဲက သကျသီဟစာမေးပွဲစာတွေ အကုန်ကုန်ပြီး ဖြစ်နေတယ်၊ ဒါပေမယ့် တပည့်တော်က ဝင်ခွင့်မပြုဘူး၊ “မဝင်ချင်ပါနဲ့၊’ တပည့်တော် ဒီလို ပိတ်လာခဲ့တယ်၊ ဝင့်ကို မဝင်ရဘူး ဒါ။ ၃-ဝါရမှာ စာချဘုန်းကြီး၊ နာမည်ရစာချဘုန်းကြီး ဖြစ်တယ်၊ ဒီတော့ ၆-ဝါရမှာ တက်ပြန်တယ်၊ အဲဒါ ဘာဖြစ်လို့လဲ-ဆိုတော့ မြန်မာပြည်က သကျသီဟစာမေးပွဲအောင်မှ စာတတ်တယ်ထင်တယ်၊ သကျသီဟစာမေးပွဲ မအောင်ဘဲနဲ့ စာတတ်တယ် မထင်ဘူး၊ သူက ၆-ဝါရမှ တက်ပြန်တယ်၊ တပည့်တော်တို့က ၆-ဝါရတော့ သကျသီဟ ပြီးနေပြီ။
ဒီသကျသီဟစာမေးပွဲ တပည့်တော်က အထင်မကြီးဘူး၊ မဝင်စေချင်ဘူး၊ မဝင်ပါနဲ့ပြောတဲ့ စကားကလဲ တပည့်တော်အောင်ပြီးသားဖြစ်လို့ ပြောတာ။
သို့သော် ခေတ်ကြီးက စာမေးပွဲမအောင်လို့ရှိရင်ဖြင့် “ဘာမှ အသုံးမကျဘူး”လို့ ဒကာ ဒကမတွေကလဲ ထင်နေကြတယ်၊ ဘုန်းကြီးတွေကလဲ ထင်နေကြတယ်၊ ဒါ့ကြောင့်မို့ “သူများမိုးခါးရေသောက်ရင် သောက်မယ်”လို့ဆိုပီး တပည့်တော်တို့ ပဇ္ဇောတာရုံတိုက်ကလဲ ဒါလုပ်ရတာ၊ လုပ်ချင်လို့ လုပ်နေတယ်-လို့ ကိုယ်တော်တို့ မထင်နဲ့၊ စာမေးပွဲတွေနဲ့ ဒီပရိယတ္တိတိုက်ကြီးကို တပည့်တော်တို့က ကြိုက်တာမဟုတ်ဘူး၊ ဘယ်နည်းနဲ့မှ မကြိုက်ဘူး။
စာမေးပွဲမပါရင် ဒကာ ဒကာမတွေက ဒီလောက်အားပေးမှာ မဟုတ်ဘူး၊ ပြီးတော့ ပရိယတ္တိက ဘယ်နှစ်ပါးအောင်တယ်၊ ပထမငယ်က ဘယ်နှစ်ပါး ပထမလတ်က ဘယ်နှစ်ပါး၊ ပထမကြီးက ဘယ်နှစ်ပါး၊ စာချတန်းက
ဘယ်နှစ်ပါး၊ ပါဠိပါရဂူက ဘယ်နှစ်ပါး၊ အောင်မယ် သူတို့က အဟုတ်ကြီး ထင်နေတာ၊ ဒါ မြို့သူမြို့သားတွေက သာသနာရေး အတော်အားထုတ်နေတဲ့ လူတွေ၊ အဲ သူတို့က ဒီလို လုပ်နေတာနဲ့ကို လုပ်နေရတယ်။ မလုပ်လဲ မဖြစ်တဲ့ခေတ်ကြီး ဖြစ်နေတယ်၊ စာမေးပွဲသာ မပါရင် ဒီကျောင်းတိုက်ကို ဘယ်နည်းနဲ့မှ သူတို့အားပေးမှာ မဟုတ်ဘူး၊ ကျောင်းပေါက်တောင်မှ ပြူလို့ကြည့်ချင်မှကြည့်မယ်၊ အဲ-ဒီလို ခေတ်ကြီးက ဖြစ်နေတော့ သာသနာကိုလဲ သူတို့အားပေးချင်သလောက် အားပေးပါစေ-ဆိုပီးတော့ တပည့်တော်တို့က လုပ်နေရတာ။
ဒါကြောင့်မို့ တပည့်တော် ပြောလိုရင်းက ဘာလဲ၊ ဒီစာမေးပွဲတွေ သိပ်ပြီးတော့ ကောင်းတာမဟုတ်ဘူး၊ မကောင်းပေမယ့် အခုနက ပြောသလိုပဲ ဒကာ ဒကမတွေကိုက ဒီစာမေးပွဲအောင်မှ၊ အဲ-သူတို့တိုက်က အောင်တယ်ဆိုရင် ပြုံးလို့၊ ပြောမဆုံးနိုင်ဘူး၊ တပြုံးပြုံးဖြစ်နေတယ်၊ တို့တိုက်က ဘယ်နှစ်ပါးအောင်တယ်၊ ဘယ်လိုအောင်တယ်၊ ဘာဖြစ်တယ်၊ သူတို့လုပ်နေတယ်။
အခုလဲပဲ အောင်တဲ့ပုဂ္ဂိုလ်လေးတွေကို တစ်နေ့က “ခင်မောင်ရင်”ဆိုတာ လာလျှောက်တယ်၊ 'ဆုပေးပွဲလုပ်ချင်ပါတယ်”တဲ့၊ “အေး-မင်းတို့ဘုန်းကြီးနဲ့ မင်းတို့တော့ လုပ်ပေါ့ကွယ်၊ ငါ့တော့ မပင့်ပါနဲ့”လို့ ပြောလိုက်တယ်၊ “ဒီဆုပေးပွဲ ငါ့လဲ မပင့်နဲ့၊ မင်းတို့ဘုန်းကြီးနဲ့ မင်းတို့လုပ်ကြပေတော့ကွယ်၊ လုပ်တာကတော့ ဝမ်းမြောက်ပါတယ်၊ ဝမ်းမမြောက်လို့ ပြောနေတာ မဟုတ်ပါဘူး။”
ဒကာ ဒကမတွေကိုကလဲ ဒီအထဲမှာ အထင်ကြီးနေတာ၊ စာမေးပွဲ အောင်လို့၊ ဒီအထဲမှာ စာသင်သားဖြစ်နေတဲ့ ဦးပဉ္စင်း ကိုရင်တွေကလဲ စာမေးပွဲအောင်ချင်တယ်၊ အင်မတန့်ကို အောင်ချင်တယ်၊ စာမေးပွဲမဝင်ရရင် သူတို့မနေနိုင်, မထိုင်နိုင် ဖြစ်နေတယ်၊ အဲ-ဒါမျိုးကြောင့် ပြောနေတာ။
စာမေးပွဲအောင်ရုံလေး မလုပ်ကြပါနဲ့၊ စာမေးပွဲအောင်ဖို့ရာက ဘာမှ ခက်တာမဟုတ်ဘူး၊ ဘာမှမခက်ဘူး၊ အောင်နေကြတာပဲ၊ နေရာတိုင်းမှာ အောင်နေကြတာပဲ။
ဒီထဲ လျှောက်ပီးပြောနေတာ ဒကာ ဒကမတွေ နားထောင်နေတယ်၊ စိုက်နားထောင်နေတာ၊ ဒီကပြောတဲ့အတိုင်း အကုန်လုံးမှတ်ချင်မှတ်သွားမှာ၊ ဒါကြောင့် အကုန်လုံးထုတ်ပြောလို့ မဖြစ်ဘူး၊ “တစ်သက်လုံး ဖုံးသမျှ ကုန်းခါမှပေါ်”ဆိုသလို ဖြစ်နေအုံးမယ်၊ ဒါ့ကြောင့် ခပ်လျှော့လျှော့ပြောတော့မယ်၊
ကြိုးစားလုပ်ကြပါ၊ အခုနည်းကိုလဲ မလုပ်ရဘူး-လို့ မဆိုဘူး၊ လုပ်ကြပါ၊ သာသနာ့အနှစ်သာရထိအောင် ဒီက ကျကျနန လုပ်ပေးပါ၊ စာမေးပွဲအောင်ရုံလေး မလုပ်ပါနဲ့၊ ခုနကပြောသလို ပိဋကတ်သုံးပုံ နိကာယ်ငါးရပ် တကယ့်ကို ချနိုင်ပို့နိုင် သိအောင်, နားလည်အောင်, သိနားလည်တဲ့ အခြေအနေမျိုး ရောက်အောင် လုပ်ကြပါ၊ တိုက်တွန်းပါတယ်။”
(မြောင်းမြပဇ္ဇောတာရုံတိုက်ဟောင်း၌ မိန့်ကြားသော သြဝါဒမှ။)
ကူးယူတင်ပြသူ-
အရှင်ဃောသိတာနန္ဒာလင်္ကာရ
(အစိုးရဓမ္မာစရိယ၊ ဝိနယဝိဒူ)
မိဂဒါဝုန်တောရကျောင်းတိုက် (မှော်ဘီ)
--------------------
- မူရင်းလင့် = https://www.facebook.com/ashin.ghosita.10/posts/pfbid02RFDLusgzLMTaMXzRoRkmYjacDZsJaEug8b1k6xVWPCHt1aF4Sm4XvmY4JEaU82NCl
၂။ သုတ္တန် သင်ရိုးမာတိကာ
- ၁၅၀၀ ကိလေသာနှင့် ၅၂၈ သွယ်မေတ္တာ
- အဂတိလေးပါး
- အဂ္ဂညသုတ်
- အနတ္တလက္ခဏသုတ်
- အနန္တော အနန္တငါးပါး (ဗုဒ္ဓဘာသာကောင်းတစ်ယောက်)
- အတ္တဝါဒနှင့် အနတ္တဝါဒ (ဗုဒ္ဓဘာသာမှလွှဲ၍ ကျန်သောဘာသာများသည် အတ္တဝါဒများ ဖြစ်ကြသည်။)
- အနိစ္စ၊ ဒုက္ခ၊ အနတ္တ (လက္ခဏာရေးသုံးပါး)
- အပရိဟာနိယတရား (၇) ပါး (ရဟန်းတွေ တိုးတက်ကြောင်း၊ ဆုတ်ယုတ်ကြောင်းများ)
- အဗျာကတကထာ
- အဘယရာဇကုမာရသုတ် (စကားကြီး ခြောက်ခွန်း)
- အဘိဏှသုတ်
- အရိယူပဝါဒကံ
- အရှင်အာနန္ဒာနှင့် အမျိုးသမီး အခွင့်အရေး (ဘိက္ခုနီသာသနာ - ဘိက္ခုနီကျောင်းတွေထဲက အရှင်အာနန္ဒာရုပ်တု၊ ဘုရားပရိနိဗ္ဗာန်မစံခင် အမျိုးသမီးတွေ ဘုရားဖူးဖို့ စီစဥ်ပေး။ ဘိက္ခုနီသုတ် (အံ၊၁)
- အောင်ခြင်းရှစ်ပါး (အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး၊ ဇယမင်္ဂလဂါထာ)
- အနေကဇာတင်နည်း
- အက္ကောသဘာရဒွါရသုတ္တံ (ဒေါသကို သည်းခံခြင်း)
- အိမ်သစ်တက်မင်္ဂလာ
- ဥပါလိသုတ် (မ၊၂၊၃၅) (ဂျိန်းဘုန်းကြီးများကို ဆက်လက်ထောက်ပံ့ဖို့ မိန့်)၊ သီဟသုတ္တန်
- ဥပက္ကိလေသသုတ် (အံ၊၁၊၃၆၂) ရဟန်းဘဝ ညစ်နွမ်းကြောင်းလေးပါး (အရက်၊ မေထုန်၊ ငွေ၊ မိစ္ဆာဇီဝ)
- ဥပုသ်စောင့်ခြင်း (ဥပုသ်အဓိပ္ပါယ်၊ ဥပေါသထသုတ္တံ။ လူပုဂ္ဂိုလ်များ အတွက် ဥပုသ်၊ ဥပုသ်နဲ့ ပတ်သတ်တဲ့ အလေ့အထ၊ ယဥ်ကျေးမှု) ဥပုသ်နဲ့ ပတ်သတ်တဲ့ ကဗျာ (ဦးကေသရမေးရန်)
- ကုသိုလ်နှင့် အကုသိုလ်
- ကေသိသုတ် (အံ၊၄၊၄၂၇)
- ကမ္မစတုက္က
- ကံဟူသည် (ဗုဒ္ဓဘာသာဂုဏ်ရည်စာအုပ်)
- ကမ္မဋ္ဌာန်းလေးဆယ်
- ကမ္မဋ္ဌာန်းနည်းများ (ဗုဒ္ဓဘာသာကောင်းတစ်ယောက် - စာ - ၅၄၇)
- ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းနှင့် ရောဂါပျောက်ကင်းခြင်း (တော်ကူးဆရာတော်နှင့် ထူးဆန်းစွာ ရောဂါပျောက်ခြင်းများ၊ ဒေါက်တာမင်းတင်မွန်)
- ကမ္မပထတရား (၁၀) ပါး (ဒုစရိုက်နှင့် သုစရိုက် ခေါင်းစဥ်နဲ့လည်း ထည့်ထားတယ်)
- ဂန္ထဓူရနှင့် ဝိပဿနာဓူရ
- စကားပြောနည်းနာ = စကားပြောတဲ့အခါ လာဘသက္ကာရသိလောက တည်းဟူ သော ပါပိစ္ဆာများ ကင်းရှင်းရမည်။ စကားအင်္ဂါ (၅) ပါး (ဘူတေန၊ သဏှေန၊ မေတ္တာစိတ္တေန၊ ကာလေန၊ အတ္ထသံဟိတေန)။ ဖရုသံ ဝါစံ ပဟာယ ဖရုသာယ ဝါစာယ ပဋိဝိရတော သမဏော ဂေါတမော, ယာ သာ ဝါစာ နေလာ ကဏ္ဏသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ တထာရူပိံ ဝါစံ ဘာသိတာ" (ဒီ၊၁၊၄)။ သုစရိုက် ဝစီကံလေးပါးကို သေချာလေ့လာပြီး ထည့်သင့်။ မေတ္တာသုံးမျိုးထဲက ဝစီကံမေတ္တာ။ အတ္တာနဥ္စ ပရဥ္စ အနုပဝဇ္ဇ။ အတ္တုက္ကံသန, ပရဝမ္ဘ န မပါဘဲ ပြောရမယ်။
- စရိယသုံးပါး (ဗုဒ္ဓတ္ထစရိယ၊ ဉာတတ္ထစရိယ၊ လောကတ္ထစရိယ)
- စာရိတ္တသီလနှင့် ဝါရိတ္တသီလ (ဗုဒ္ဓဘာသာဂုဏ်ရည် - စာ - ၂၂၅)
- စာလည်းတတ်ပါစေ၊ အကျင့်လည်း မြတ်ပါစေ။ (ပရိယတ်နှင့် ပဋိပတ်ကို တန်းတူ တန်ဖိုးထားပါ၊) (စာတတ်ပြီး မကျင့်ရင် ဟင်းမွှေတဲ့ ယောင်းမနဲ့တူပုံ)
- (ပရိယတ္တိမူလကံ သာသနံ ဆိုတဲ့စကားက အစွန်းတစ်ဖက်ရောက်တယ်လို့ ခံစားရ၊ ဘုရားရှင်က ပဋိပတ်တရားကျင့်ပြီးမှ၊ ပရိယတ် တရားကို ဟောခဲ့တာ။ ဒါကြောင့် သာသနာရဲ့ မူလဟာ ပဋိပတ်ရော ပရိယတ်ပါ မျှတူဖြစ် တယ်လို့ ဆုံးဖြတ်မှ ဘုရားအလိုတော်ကျပါတယ်။ ရှေးရှေးတုန်းက ပရိယတ်စာပေတွေ မပျောက်ပြတ်ဖို့ ကြိုးစားပမ်းစား ထိန်းသိမ်းလာခဲ့ရတယ်။ ဒ့ါကြောင့် ပရိယတ္တိမူလကံ သာသနံလို့ ဆိုခဲ့တာ။ ဒါကို နင်းပြီး ပရိယတ်က အရေးကြီးကျောင်း ဆိုခဲ့ကြတာ။ ပဋိပတ် မကင်းသော ပရိယတ်ဖြစ်ဖို့ လိုအပ်တယ်။)
- စိတ္တလပဗ္ဗတောင်က ရဟန်းတစ်ပါးအကြောင်း (ပြန်မယ်ဆိုတော့ တောစောင့်နတ်က တားတယ်။ မေတ္တာအကြောင်း ပြဆိုဖို့) (အရှင်အနုရုဒ္ဓါတို့ သူငယ်ချင်းရဟန်းတွေ ညီညီညွတ်ညွတ် နေကြလို့။ မဟာဂေါဝိန္ဒသုတ္တံ ထင်တယ်။)
- ဆရာဒကာဆက်ဆံရေး (ဗဟုပကာရသုတ်၊ စိတ္တသံယုတ်)
- ဇေတဝန်ကျောင်းတော်
- တောင်းပန်ခြင်းနှင့် ခွင့်လွှတ်ခြင်း (အစ္စယော မံ ဘန္တေ စသည်၊ အဇာတသတ်ဘုရင်အကြောင်း။ ဥဇ္စျာနသညိသုတ်၊ သဂါထာဝဂ္ဂသံယုတ်၊ ၂၂)
- တန်ခိုးနဲ့ပညာ (ကေဝဋ္ဋသုတ်၊ သင်္ဂါရဝသုတ်)
- တန်ခိုးပြာဋိဟာရိယာ (၃) မျိုး (ကေဝဋ္ဋသုတ်၊ သင်္ဂါရဝသုတ်) (သမိုင်းဘာသာရပ်၊ နာလန္ဒာတက္ကသိုလ် အကြောင်းနှင့် တစ်တန်းထဲ ချိတ်ဆက်ပြဋ္ဌာန်းရန်)
- ဒါန၊ သီလ၊ ဘာဝနာ
- ဒုစရိုက်နှင့် သုစရိုက် (ဒုစရိုက် သုစရိုက်ခွဲတမ်း - လူ့စည်းကမ်း ဥပဒေတော်ကြီး) (ဒုစရိုက် ၁၀ ပါးနှင့် သုစရိုက် ၁၀ ပါးကို ပါဠိတော် အာဂုံရအောင် လုပ်သင့်။)
- ဒိဋ္ဌိသုံးပါး (နတ္ထိကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ) (မ၊ဋ္ဌ၊၂၊၈၅)
- ဓမ္မကထိကလမ်းညွှန် (အင်္ဂါငါးပါး၊ အသံဆွဲပြီး မဟောအပ်)
- နမက္ကာရဘုရားရှိခိုး
- နေထွက်နေဝင် မေတ္တာပို့ (မဟာဝိသုဒ္ဓါရုံဆရာတော်ကြီး) အဆိုတော်ကိုင်ဇာက သီချင်းလုပ်ပြီး ဆိုထား
- နိယာမ (၅) ပါး
- နိဗ္ဗာန် (၂) မျိုး (ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန်)
- နတ်ကိုးကွယ်မှုနှင့် သရဏဂုံ (နတ်ကိုးကွယ်ရင် သရဏဂုံပျက်သလား)
- ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် ဝိသုဒ္ဓိမဂ်
- ပဋိစ္စသမုပ္ပါဒ်ဒေသနာ
- ပရိယတ္တိစာပေ သင်ကြားနည်း (တိဿော ဟိ ပရိယတ္တိယော - အလဂဒ္ဒူပမာ, နိဿရဏတ္ထာ၊ ဘဏ္ဍာဂါရိကပရိယတ္တီတိ) (ဝိ၊ဋ္ဌ၊၁၊၁၉) (အလဂဒ္ဒပရိယတ္တိ၊ နိတ္ထရဏပရိယတ္တိ၊ ဘဏ္ဍာဂါရိကပရိယတ္တိ) (မ၊ဋ္ဌ၊၂၊၁၃) (သင်္ဂါရဝသုတ် - နီဝရဏငါးပါး၊ အလဂဒ္ဒူပမသုတ်)
- ပရိတ်ဟူသည် / ပရိတ်ကြီး ၁၁ သုတ် / စတုဘာဏဝါရပါဠိ (ပရိတ် ၁၁ သုတ် သမိုင်း - မန်းနပသ ပါဠိဌာနမှူး ဒေါက်တာဉာဏိန္ဒ) (ပရိတ်ရည်၊ ပရိတ်ချည်၊ ပရိတ်ကြိုး)
- ပိဋကတ်တော်လာ ကြီးပွားရေးလမ်းညွှန်ချက်များ၊ (ရှင်သောဘိတ၊ အမ်အေ၊ 2011၊) ရန်ကုန်သာသနာ့တက္ကသိုလ်)
- ပိဋကတ်တော်လာ လူမှုဆက်ဆံရေးပညာ၊ (အရှင်နန္ဒာစာရ၊ အမ်အေ၊ 2013၊)
- ပုတီးစိပ်ခြင်း
- ပုညကိရိယာဝတ္ထု (၃) ပါးနှင့် (၁၀) ပါး
- ဗြဟ္မစိုရ်လေးပါး (မေတ္တာအကျိုး ၁၁ ပါးအပါ)
- ဗုဒ္ဓ (၄) မျိုး
- ဗုဒ္ဓကိစ္စ (၅) ပါး (Timetable of the Buddha)
- ဗုဒ္ဓ၏ ဆုံးမနည်းနာများ၊ (သုတ္တန်ကိုးကားချက်များ) (ဦးအေးမောင်၊ ဗုဒ္ဓဝါဒနှင့် စဉ်းစားမြော်မြင်မှု)
- ဗုဒ္ဓခေတ်ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ (အရှင်အာဒိစ္စံဝသ၊ အမ်အေ၊ 2011.)
- ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် (ဗုဒ္ဓဘာသာဂုဏ်ရည် - စာ - ၈၄)
- ဗုဒ္ဓဘာသာငါးမျိုး (ကုလ၊ လာဘ၊ ဘယ၊ သဒ္ဓါ၊ ပညာ) (အရှင်ရေဝတ၊ သရက်ကောင်း၊ “ဘုရားချစ်တဲ့သူ”စာအုပ်မှ)
- ဗောဓိပက္ခိယတရား (၄၇) ပါး (သံယုတ်ပါဠိတော်မှ သက်ဆိုင်ရာသံယုတ်များ)
- ဗောဓိသုတ္တံများ (ဥဒါန်းပါဠိတော်)
- ဘာဏကဓလေ့ (Bhāṇaka Tradition) (Dhammaruwam)
- ဘာဝနာ (သမထနှင့် ဝိပဿနာ)
- ဘာသာရေးငြင်းခုံမှုအပေါ် သဘောထား (ဗြဟ္မဇာလသုတ်လာ လမ်းညွှန်ချက်)
- ဘုရားရှင်၏ အလုပ်အကျွေးရဟန်းတော်များ
- ဘုရားရှင်အား အမြတ်ဆုံးပူဇော်ခြင်း၊ (ဒီ၊ 2၊ 114-စသည်၊) (အရှင်ရေဝတ၊ သရက်ကောင်း၊ “ဘုရားချစ်တဲ့သူ”စာအုပ်မှ) (ယောမင်းကြီး ဦးဖိုးလှိုင် - ဝိမုတ္တိရသကျမ်းမှာလည်း ရေးထားတယ်။)
- ဘုရားလက်ထက် ကျောင်းတော်ကြီးများအကြောင်း (ဇေတဝန်၊ ဝေဠုဝန်စသည်)
- မဟာကဿပသံယုတ်
- မဟာပဒေသလေးပါး (မဟာပဒေသသုတ္တံ၊ အံ၊၁၊၄၈၆) (ပါရာဇိကဏ်အဋ္ဌကထာ ၊၁၊၁၉၄) (ပါဠိ၊ အဋ္ဌကထာ၊ အာစရိယဝါဒ၊ အတ္တနောမတိ) သုတ္တန်မဟာပဒေသနှင့် ဝိနည်းမဟာပဒေသ
- မဟာပရိနိဗ္ဗာနသုတ်
- မာတိကမာတာ
- မာန (၃) မျိုး (စိတ်ပညာသုံး စကားလုံးများနှင့် တွဲစပ်ဖော်ပြရန်)
- မင်္ဂလာဆောင်တရား (ဇနီးမောင်နှံများအတွက် သိမှတ်ဖွယ်ရာဒေသနာများ၊ ( အရှင်ခေမာသိရီလင်္ကာရ၊ အမ်အေ 2003)
- မင်းကျင့်တရား (၁၀) ပါး
- မေတ္တာပြရုပ် (မေတ္တာသုတ်လာ မေတ္တာပုဗ္ဗင်္ဂမပဋိပဒါ ၁၅ ပါး)
- မဂ္ဂင်ရှစ်ပါး
- မိစ္ဆာဒိဋ္ဌိ (ဗုဒ္ဓဘာသာဂုဏ်ရည် - စာ - ၄၀၂) အကိရိယဝါဒ၊ အဟေတုကဝါဒ၊ နတ္ထိကဝါဒ၊ နိယတနှင့် အနိယတ
- မိစ္ဆာဒိဋ္ဌိ (၆၂) ပါး
- မြန်မာနိုင်ငံ ပဋိပတ္တိသာသနာသမိုင်း (ပဋိပတ္တိရေစီးကြောင်း)။ (လယ်တီ၊ အနာဂါမ်ဆရာသတ်ကြီး၊ ဆရာကြီးဦးဘခင်၊ ဂိုအင်ဂါ။ မဟာစည်။ မိုးညှင်း၊ မိုးကုတ်၊ သဲအင်းဂူ၊ ဖားအောက်စသည်)
- ရတနာသုံးပါးကို ကဲ့ရဲ့အပြစ်တင်မှုကို ကိုင်တွယ်ခြင်း (ဗြဟ္မဇာလသုတ်နိဒါန်း)
- ရတနာသုံးပါးဂုဏ်တော်ပြသုတ်များ
- ရဟန်းတန်ဖိုး (ဒေါက်တာ ပညာဝေဓ၊ အင်းတကော်ဗုဒ္ဓတက္ကသိုလ်၊)
- ရဟန်းတော်များနှင့် လာဘသက္ကာရသိလောက (အရှင်ဇနိန္ဒ၊ အမ်အေ၊ 1994၊ ရန်ကုန်နပသ)
- ရေစက်ချနှင့် အမျှဝေ (အမျှဝေခြင်းဆိုင်ရာ သုတ္တန်အထောက်အထား၊ (ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ၊ ဒဂုန်ဦးစန်းငွေ၊ အံ၊ ဒသကနိပါတ်၊ ၄၇၈၊)
- ရှင်ရဟန်းနှင့် လောကပါလတရား၂-ပါး၊ (လဇ္ဇီရဟန်းလက္ခဏာများနှင့် ချိတ်ဆက်တင်ပြနိုင်)
- လက္ခဏာရေး (၃) ပါး
- လူဝင်စား (Rebirth in Early Buddhism & Current Research_Bhikkhu Analayo) ဓမ္မရုဝဏ်၊ မအက္ခရာရဲ့ သမီးများ၊ မြင်းခြံမြို့နယ်, ဗလုံရွာက လူဝင်စား ကိုမိုးသန်း (ဦးသာဂရ)
- လောင်းကစား (ဒီဃဇာဏုသုတ္တံ - အံ၊၃၊၁၀၇။ ပရာဘဝသုတ်၊ သိင်္ဂါလသုတ္တံ - လောင်းကစားခြင်း အပြစ်ခြောက်ပါး။ ဗြဟ္မဇာလသုတ္တံ)
- ဝစီပိတ်ကျင့်စဥ် (မူဂဗ္ဗတအကျင့် = ဆွံ့အနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အကျင့်။ ရေငုံဆရာတော်)
- ဝီရိယသုံးပါး (အာရမ္ဘဓာတ်၊ နိက္ကမဓာတ်၊ ပရက္ကမဓာတ်)
- ဝေနေယျဇ္စျာသယ (ပုဂ္ဂလဇ္စျာသယ)၊ ဣန္ဒြိယပရောပရိယတ္တိ
- ဝေလာမသုတ္တံ
- သတိပဋ္ဌာန်လေးပါး
- သရဏဂုံဟူသည် (ဗုဒ္ဓဘာသာဂုဏ်ရည် - ဓမ္မာစရိယဦးအေးနိုင် - စာ - ၅၆) (သရဏဂုံဝိနိစ္ဆယကျမ်းသစ် - လယ်တီဆရာတော်)
- သံဃာညီညွတ်ရေး (စူဋ္ဌဂေါသိင်္ဂ၊ အာကင်္ခေယျသုတ်၊ သာရဏီယသုတ် -အံ၊၂၊၂၅၅)
- သုတ္တံ၊ ဂေယျံ ဝေယျာကရဏံ စသည်တို့ရဲ့အကြောင်း
- သာဝကကြီးများအကြောင်း (သီးသန့်ခေါင်းစဥ်ဖြင့် မှတ်စုထုတ်ထားသည်။)
- သာသနာကွယ်ခြင်းအကြောင်း
- သာသနာကွယ်ပုံအဆင့်ဆင့် [(၁) အဓိဂမအန္တရဓာန - မဂ်ဖိုလ်စသော တရားထူးများ ကွယ်ပျောက်ခြင်း (၂) ပဋိပတ္တိ အန္တရဓာန - ကျင့်ကြံရမည့် အကျင့်သီလ ကွယ်ပျောက်ခြင်း (၃) ပရိယတ္တိ အန္တရဓာန - ပိဋကတ် သုံးပုံပါဠိ, အဋ္ဌကထာ, ဋီကာများ ကွယ်ပျောက်ခြင်း (၄) လိင်္ဂအန္တရဓာန - ရဟန်းအသွင် အပြင်များကွယ်ပျောက်ခြင်း (၅) ဓာတုအန္တရဓာန - ဘုရားရှင်၏ ဓာတ်တော်မွေတော်များ ကွယ်ပျောက်ခြင်း] (အံ၊ဋ္ဌ၊၁၊၆၇)
- သာသနာနှစ်ငါးထောင်
- သာသနာတော် (၃) ရပ် / သဒ္ဓမ္မသုံးဖြာ သာသနာ (သဒ္ဓမ္မဋ္ဌိတိယာတိ တိဝိဓော သဒ္ဓမ္မော – ပရိယတ္တိသဒ္ဓမ္မော, ပဋိပတ္တိသဒ္ဓမ္မော, အဓိဂမသဒ္ဓမ္မောတိ။ တတ္ထ ပိဋကတ္တယသင်္ဂဟိတံ သဗ္ဗမ္ပိ ဗုဒ္ဓဝစနံ ‘‘ပရိယတ္တိသဒ္ဓမ္မော’’ နာမ။ တေရသ ဓုတဂုဏာ, စုဒ္ဒသ ခန္ဓကဝတ္တာနိ, ဒွေအသီတိ မဟာဝတ္တာနိ, သီလသမာဓိဝိပဿနာတိ အယံ ‘‘ပဋိပတ္တိသဒ္ဓမ္မော’’ နာမ။ စတ္တာရော အရိယမဂ္ဂါ စတ္တာရိ စ သာမညဖလာနိ နိဗ္ဗာနဉ္စာတိ အယံ ‘‘အဓိဂမသဒ္ဓမ္မော’’ နာမ။ သော သဗ္ဗောပိ ယသ္မာ သိက္ခာပဒပညတ္တိယာ သတိ ဘိက္ခူ သိက္ခာပဒဉ္စ တဿ ဝိဘင်္ဂဥ္စ တဒတ္ထဇောတနတ္ထံ အညဉ္စ ဗုဒ္ဓဝစနံ ပရိယာပုဏန္တိ, ယထာပညတ္တဉ္စ ပဋိပဇ္ဇမာနာ ပဋိပတ္တိံ ပူရေတွာ ပဋိပတ္တိယာ အဓိဂန္တဗ္ဗံ [PTS 1.226] လောကုတ္တရဓမ္မံ အဓိဂစ္ဆန္တိ, တသ္မာ သိက္ခာပဒပညတ္တိယာ စိရဋ္ဌိတိကော ဟောတိ။ တေန ဝုတ္တံ – ‘‘သဒ္ဓမ္မဋ္ဌိတိယာ’’တိ။ (ဝိ၊ဋ္ဌ၊၁၊၁၉၀) (ကပိလမစ္ဆဝတ္ထု (ဓမ္မပဒ၊ဒု၊၃၂၇)
- သာသနာပြုဩဝါဒ (လောကာနုကမ္ပာယ)
- သာသနာ့ဝန်ဆောင် ရဟန်းများ (ဓမ္မကထိက၊ စာချ၊ ကမ္မဋ္ဌာန်းတရားပြ၊ သုတေသနနှင့် ကျမ်းပြု၊ ကျောင်းထိုင်) (မဟာစုန္ဒသုတ်၊ အံ၊၂၊၃၁၂)
- သီလပေးနည်း (ငါးပါးသီလ၊ ရှစ်ပါးသီလ၊ အာဇီဝဋ္ဌာမကသီလ၊ ကိုးပါးသီလ) (ဗုဒ္ဓဘာသာသာကောင်းတစ်ယောက်။ စာ - ၅၃၊ ၇၅)
- သုတ္တံ၊ သုတ္တန်၊ သုတ္တန္တ
- သုတ္တန်ပိဋကတ်ကို ချည်းကပ်ခြင်း (သုတ္တန်ပိဋကတ်ကို လေ့လာနည်း) (ဦးရွှေအောင်၊ ဆရာကြီးဦးအေးမောင်၊ ဘိက္ခုဗောဓိ၊ ဘိက္ခုအနာလယော၊ ဘိက္ခုသုဇာတော၊ ကိုအောင်သန်းမြင့်စသည်)
- သုတ္တန်ပိဋကတ်ဖွဲ့စည်းပုံ
- သိက္ခာ (၃) ပါး (သီလ၊ သမာဓိ၊ ပညာ)
- သီလဗ္ဗတပရာမာသ (ဒေဝဒတ်ရဲ့ တောင်းဆိုချက် (၅) ချက်၊ မဟာသစ္စကသုတ်၊ ကုက္ကုရဝဋိကသုတ်၊ မဟာစည်ဆရာတော်ရဲ့ အဆိုအမိန့်၊ ဆရာလေးဒေါ်ခေမာစာရီ ဒေါက်တာကျမ်း၊)
- သစ္စာလေးပါး
- သောဏဒဏ္ဍ (သီလနဲ့ပညာ) (မျိုးရိုးနှင့် အဆင့်အတန်း) (အရှင်အာနန္ဒာရဲ့ တစ်သက်တာမှတ်တမ်းမှာ ကြည့်)
- သုညတ
- သု,စိ,ပု,ဘာ၊ ဝိ,လိ,သိ,ဓာ (အရှင်မဟာရဋ္ဌသာရရဲ့ စာသင်နည်းစနစ်)
- ကမ္မဋ္ဌာန်းဟူသည်
- စျာန်ဟူသည်
- နီဝရဏတရား (၅) ပါး
- သမထနှင့် ဝိပဿနာ
- အနတ္တလက္ခဏသုတ် (ဒုတိယဒေသနာ)
- အာဒိတ္တပရိယာယ (တတိယဒေသနာ)
- ကာလာမသုတ် (ကေသမုတ္တိသုတ်)
- တိတ္ထာယတနသုတ်
- ပါယာသိသုတ်
- ပါသာဒိကသုတ်
- မဟာပဒေသသုတ်
- မဟာသတိပဋ္ဌာနသုတ်
- ဗြဟ္မဇာလသုတ်
- ဓမ္မစက္ကပဝတ္တနသုတ် (ပထမဒေသနာ)
- ဓမ္မဝိဟာရီသုတ်
- သာမညဖလသုတ်
- သံဝေဇနိယသုတ်
- သင်္ဂဟဝတ္ထုသုတ္တံ (သင်္ဂဟလေးပါးအဖွင့် ဗလသုတ် (အံ၊၃၊၁၇၄)
- သိင်္ဂါလောဝါဒသုတ်
- သေဒကသုတ်
- အရှင်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း (မြန်မာစာ ရည်ညွှန်းကျမ်းအဖြစ် အသုံးပြုနိုင်)
- ပိဋကတ်လမ်းညွှန်
- ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ (ဦးအေးမောင်) (Controversial)
- ဗုဒ္ဓဘာသာဂုဏ်ရည် (ဓမ္မာစရိယဦးအေးနိုင်)
- ရတနာ့ဂုဏ်ရည်
- ဗဟုသုတလင်းရောင်ခြည်ကျမ်း (သို့မဟုတ်) မဟာသုတဒီပနီ (အရှေ့လယ်တီဆရာတော်)
သာဝကများအကြောင်း
ဘိက္ခု
- မောဂ္ဂလာန
- သာရိပုတ္တ
- သီဝလိ
- အာနန္ဒ
ဘိက္ခုနီ
- ခေမာ
- ဥပ္ပလဝဏ်
ဥပါသကာ
- စိတ္တသူကြွယ်
- အနာထပိဏ်
ဥပါသိကာ
- နန္ဒမာတာ
- ဝိသာခါ
-
ပညာရှင်များ ဦးအဘယာလင်္ကာရ ဝိနည်းဘာသာ ပြဋ္ဌာန်းကျမ်းစာများ ပစ္စဝေက္ခဏာ (၄) ပါး လိင် (၁၀) ပါး ဒဏ် (၁၀) ပါး သေခိယသိက္ခာပုဒ် (၇၅) ပါး ခန္ဓကဝတ် (...
-
မြန်မာနိုင်ငံဗုဒ္ဓသာသနာ့သမိုင်းကို စုပေါင်းရေးသားရန်။ မရေးသားမီ စာအုပ်စာတမ်း၊ ကျောက်စာစသည်များမှ သာသနာ့သမိုင်းနှင့် ပတ်သက်သော အချက်အလက်အား...
-
ပညာဗိုလ် - ကျောက်ဆည် (သ၊စ၊အ ဓမ္မာစရိယ) မဟာဂန္ဓာရုံ ပညာရေးအကြောင်း (၁) --------------- "တေသု - ထိုနှစ်ဦးတို့တွင်၊ အနာထပိဏ္ဍိကေန - အနာထပိ...