Friday, October 25, 2024

ပရိယတ္တိပညာရေးစနစ်

  • ပထမဆုံး လက်ရှိပညာရေးစနစ်၏ အားနည်းချက်၊ အားသာချက်တို့ကို စနစ်တကျ လေ့လာသုတေသနပြုရန်နှင့် ပြဋ္ဌာန်းကျမ်းစာများ သက်မှတ်၊ ရေးသားရန် အဖွဲ့အစည်းတစ်ခု အခိုင်အမာ ဖွဲ့စည်းတည်ထောင်ရမည်။
  • ပရိယတ္တိပညာရေးနှင့် ပတ်သက်၍ နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ရမည်
  • အတန်းသက်မှတ်ရေး စနစ်တကျ ဆွေးနွေး သုတေသနပြုရန်။ အတန်းမည်မျှ သက်မှတ်မည်နည်း? အရေးကြီးသော အပိုင်း ဖြစ်သည်။ အတန်းများ၏ အမည်ကို ယခင်အတိုင်း ခေါ်ဝေါ်မည်လော။ အမည်အသစ် ပေးမည်လော။ 
  • စိတ်ပညာဘာသာရပ် (ဒကာ၊ ဒကာမများနှင့် ဆက်ဆံ ပြောဆိုရာ၌ အနောက်တိုင်း စိတ်ပညာဘာသာရပ်ကို သိထားသင့်၏။ ထို့နောက် မြတ်စွာဘုရား အသုံးပြုခဲ့သည့် Counselling ဘာသာရပ်ကိုလည်း စနစ်တကျ သိထားသင့်လှသည်။)
  • ဟောပြောမှုပညာ (ရဟန်းတော်တိုင်းအတွက် အရေးပါလှ၏။)
  • ဒဿနိကဘာသာရပ် (အရှေ့တိုင်း၊ အနောက်တိုင်း ဒဿနိက ဘာသာရပ်များကို ဗုဒ္ဓဒဿနနှင့် နှိုင်းယှည် လေ့လာသင့်၏။)  
  • ပဋိပတ်မကင်းသော ပဋိယတ်၊ ပဋိယတ် မကင်းသော ပဋိပတ် ဖြစ်ရေး
  • ကျောက်စာအထူးပြု ဘာသာရပ်အနေဖြင့် Master Degree Course တစ်ခု ရှိသင့် (သမိုင်းနဲ့ ဘာသာရေးမှာ ကျောက်စာ အရေးကြီး)
  • Thesis ရေးသား၍ ကျမ်းတင်သည့် စနစ်ကို ထည့်သွင်း သက်မှတ်ရမည်။
  • ပရိယတ္တိ ပညာရေးစနစ်တွင် Debate စနစ် ထည့်သွင်း သက်မှတ်ရေး၊ ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပသက်မှတ်ရေး (မြို့နယ်၊ တိုင်းနှင့် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်)
  • မဟာဂန္ဓာရုံဆရာတော်ကြီး၏ "ပရိယတ္တိသင်ပြနည်း စည်းမျည်းဥပဒေ" စာအုပ်ကို ကြည့်ရှုလေ့လာ
  • န.ပ.သ တက္ကသိုလ်များ သာသနာပြု စေလွှတ်သကဲ့သို့ ပြည်မအတွင်းမှ ကျေးရွာများသို့ သာသနာပြု စေလွှတ်သည့် စနစ်ကျင့်သုံးရေး (ထိုသို့ စေလွှတ်ရာ၌ အောက်ပိုင်းမှ သံဃာများကို အထက်ပိုင်းသို့ စေလွှတ်ရေး၊ အထက်ပိုင်းမှ သံဃာများကို အောက်ပိုင်းသို့ စေလွှတ်ရေး)
  • ပြဋ္ဌာန်းကျမ်းစာ သက်မှတ်ရေးနှင့် ရေးသားရေးအတွက် အကြံပေးအဖွဲ့ကို ပီပီပြင်ပြင် ဖွဲ့စည်းရန်
  • စာသင်တိုက်ကြီးများမှ စာချဆရာတော်များကို ပင့်ဖိတ်၍ ၎င်းတို့၏ အမြင်တို့ကို နားထောင်မှတ်သားရန်
  • စာသင်သားများကို အင်တာဗျူး၍ အစီအရင်ခံစာ ရေးသားတင်ပြရန်
  • လက်ရှိကျင်းပနေသည့် စာမေးပွဲများစနစ်နှင့် တာဝန်ယူမှုအပိုင်း (သာသနာရေးဝန်ကြီးဌာန စသည်) ကို စနစ်လေ့လာ သုံးသပ်၍ အကြံပြုချက်များ ရေးသားတင်ပြရန်
  • ပရိယတ္တိပညာရေးစနစ်ကို ပြင်ဆင်ရာ၌ အစိုးရ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယ စာမေးပွဲများအတွက် အဓိကထား ပြင်ဆင်ရမည် ဖြစ်သော်လည်း နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၊ တိပိဋကစာမေးပွဲ၊ နိကယ်ငါးရပ်စာမေးပွဲ၊ လူပုဂ္ဂိုလ်တို့အတွက် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်စာမေးပွဲများအတွက်ပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
  • ပုဂ္ဂလိကအနေဖြင့် ကျင်းပပေးနေသည့် ဘိဝံသစာမေးပွဲများ၊ သာမဏေကျော်စာမေးပွဲများ အတွက်လည်း ဝေဖန်သုံးသပ် အကြံပြုချက်များ ရေးသားတင်ပြရမည်။
  • ပြဋ္ဌာန်းကျမ်းစာထဲ အင်္ဂလိပ်၊ မြန်မာစာ၊ သမိုင်းဘာသာရပ်များ ထည့်ရမည်ဖြစ်၍ ထိုဘာသာရပ်နှင့် ဆိုင်သော လူပုဂ္ဂိုလ် ပညာရှင်များကို ရှာဖွေသက်မှတ်ရန်
  • အဘယ့်ကြောင့် ပြဋ္ဌာန်းကျမ်းစာများကို ပြင်ဆင်သင့်ကြောင်း၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သမိုင်းစသော ဘာသာရပ်အသစ်များ ထည့်သွင်း သက်မှတ်သင့်ကြောင်း အကြံံပြုလျောက်ထားလွှာ ရေးသားရန်
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများမှ ပရိယတ္တိပညာရေးစနစ်များကို စနစ်တကျ လေ့လာ သုတေသနပြု၍ တင်ပြရန်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သို့ ကိုယ်စားလှယ်များ စေလွှတ်၍၎င်း၊ (သို့မဟုတ်) ထိုနိုင်ငံများတွင် လက်ရှိ ပညာသင်ကြားနေကြသည့် ပညာသင် ရဟန်းတော်များကို အဖွဲ့ကိုယ်စား တောင်းပန်လျောက်ထား၍ လေ့လာသုတေသန ပြုစေပြီး အကြံပြုလွှာ ရေးသား လျောက်ထားစေခြင်းဖြင့် အသုံးဝင်မည့် အချက်အလက်များ၊ အကြံပြုချက်များ ရရှိမည် ဖြစ်သည်။
  • မဟာယာနဗုဒ္ဓဘာသာနိုင်ငံများမှ ပရိယတ္တိပညာရေးစနစ်များကို စနစ်တကျ လေ့လာ သုတေသနပြု၍ တင်ပြရန်။ အထူးသဖြင့် တိဘက်တို့ အခြေစိုက်ရာ အိန္ဒိယနိုင်ငံ၊ ဒရန်ဆာလာသို့ကိုယ်စားလှယ်များ စေလွှတ်၍၎င်း၊ (သို့မဟုတ်) အိန္ဒိယနိုင်ငံတွင် လက်ရှိ ပညာသင်ကြားနေကြသည့် ပညာသင် ရဟန်းတော်များကို အဖွဲ့ကိုယ်စား တောင်းပန်လျောက်ထား၍ လေ့လာသုတေသန ပြုစေပြီး အကြံပြုလွှာ ရေးသား လျောက်ထားစေခြင်းဖြင့် အသုံးဝင်မည့် အချက်အလက်များ၊ အကြံပြုချက်များ ရရှိမည် ဖြစ်သည်။
  • ပညာရေးကောင်းမွန်သည့် အနောက်နိုင်ငံ ပညာရေးစနစ်များကို လေ့လာသုတေသန ပြုရန် (စင်္ကာပူနိုင်ငံ၏ ပညာရေးစနစ်ကိုပါ လေ့လာနိုင်သည်)
  • ပြဋ္ဌာန်းကျမ်းစာများ ရေးသားပြီးချိန်၊ လက်ရှိပညာရေးစနစ်၏ အားနည်းချက်၊ အားသာချက်တို့ကို လေ့လာသုတေသနပြု၍ အကြံပြုလျှောက်ထားလွှာ ရေးသားပြီးချိန်တွင် မဟနဆရာတော်ကြီးတို့ကို စနစ်တကျ ကြိုတင်လျှောက်ထားရမည်။ တိုင်ပင်ကိုက်၍ ပြီးမှသာ မဟန အစည်းအဝေးတွင် အတည်ပြုချက် ရရေး အဆိုတင်သွင်းနိုင်ရေး လုပ်ဆောင်ရမည်။

No comments:

Post a Comment