Wednesday, October 30, 2024

သင်ကြားရေးနည်းစနစ်

  • ပါဠိတော်ကို ပါဠိတော်အဖွင့်နဲ့ လေ့လာနည်း ခေတ်စားကြီးကျယ်လာတဲ့ တစ်နေ့ မြန်မာရဟန်းတော်တွေရဲ့ ဉာဏ်ပညာဟာ အဋ္ဌကထာဋီကာဆရာတို့ရဲ့ဉာဏ်နဲ့ တန်းတူဖြစ်လာမှာပါ။ အချို့နေရာ သာတာလေးတွေတောင် ရှိလာမှာပါ။
  •  သင်ကြားရေးနည်းစနစ်နဲ့ ပတ်သက်ရင် ဗြိတိသျှကောင်စယ်၊ အမေရိကန်စင်တာမှာ သုံးတဲ့ သင်ကြားရေး နည်းစနစ်များကို ယူ၍ ပြဋ္ဌာန်းကျမ်းစာတွင် ထည့်သွင်းအသုံးပြုရန််
  • သင်ရိုးကို စာကြည့်တိုက်နဲ့တွဲပြီး သုံးနိုင်အောင် စီစဉ်ရန်
  • အင်တာဗျူးခြင်း အတတ်ပညာကို စာတွေ့လက်တွေ့ သင်စေခြင်း
  • စာသင်နေတဲ့အချိန်မှာ Question မေးဖို့က အရေးကြီးတယ်။ ဒါကို သင်္ခမ်းစာတိုင်းမှာ ပါအောင် ဆရာကိုင်လမ်းညွှန်တွေမှာ သေသေချာချာ ထည့်သွင်းမှာကြားထားဖို့
  • အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်းထက် နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချနိုင်စွမ်းကို ပိုမိုအလေးထားသည်။ 
  • ကျောင်းသားကို စာသင်ခန်းထဲ ပိတ်လှောင်ထားခြင်းထက် သဘာဝတွင် ပညာသင်၊ ပတ်ဝန်းကျင်တွင် ပညာသင်၊ လုပ်ငန်းခွင်တွင် ပညာရှာဆိုသည့် သင်ခန်းစာများ ထည့်ပေးရန်
  • လေ့လာထားသည်များကို အတန်းထဲတွင် ပြန်ပြီး ရှင်းလင်းရန် 
  • တောတောင်ရေမြေကို ချစ်မြက်နိုးသူများဖြစ်လာစေရန် အချို့သင်ခန်းစာများကို သစ်ပင်အောက်တွင် သင်ဖို့ ဒီဇိုင်းဆွဲရန်။ တောတောင် ရေမြေကို စိတ်ဝင်စားသည့် အကြောင်းအရာများ ထည့်သင်ရန်
  • ပြတိုက်များသို့ ခေါ်သွား၍ လေ့လာစေခြင်း
  • အနီးဆုံး ရှေးဟောင်းနယ်မြေသို့သွားပြီး လေ့လာစေခြင်း၊ မိမိအတွေ့အကြုံကို စာတစ်မျက်နှာစာ ရပို့တင်စေခြင်း
  • ပုံပြောခြင်းအနုပညာ  (စာဖတ်တာကို အားပေးဖို့၊ confidence building, creative thinking)

No comments:

Post a Comment