Friday, October 25, 2024

သင်ကြားနည်းစနစ်များ (Teaching Methodology)

  ၁။ Group Discussion & Presentation

  • သင်တန်းရှိ ကျောင်းသားများကို လေးယောက် (သို့မဟုတ်) ငါးယောက်တစ်စု ခွဲလိုက်ပါ။ အုပ်စုတစ်စုစီကို လေ့လာစရာ အကြောင်းအရာ (Topic) တစ်ခုစီ ပေးလိုက်ပါ။ သူတို့အချင်းချင်း ဆွေးနွေးတိုင်ပင်ကြပါစေ။ ထိုအထဲမှာ နှစ်ယောက်ခန့်ရွေး၍ အတန်းရှေ့ထွက်၍ ပြောဆိုစေရမည်။
  • လေ့လာထားသည်များကို အတန်းထဲတွင် ပြန်လည်ရှင်းလင်းခိုင်းရန်
၂။ Debate ထည့်သွင်းရန်
  • ဒီဘိတ်စနစ်ထည့်သွင်း၍ သင်ကြားရန်၊ မြို့နယ်အလိုက်၊ တိုင်းအလိုက် ဒီဘိတ်ပွဲများ ကျင်းပ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ပါ ဒီဘိတ်ပြိုင်ပွဲ ပြုလုပ်ရန်
၃။ စာကြည်တိုက်အသုံးပြုခြင်း
  • ပြဌာန်းစာအုပ်တွင် အကြောင်းအရာတချို့ကို စာကြည့်တိုက်မှာ စာရှာခြင်းစနစ် ချိတ်ဆက်ထည့်သွင်းရန်
  • ရည်ညွှန်းကိုးကားစာအုပ်နှင့် အွန်လိုင်းဒေတာစနစ်ထည့်သွင်းရန်
၄။ IT ကို ဘာသာရပ်ကို ပြဌာန်းကျမ်းစာထဲ ထည့်ရန်
  • ပိဋကတ်စာရှာနည်း၊ ChatGBT, Google Search, Google Translate etc.
၅။ အင်တာဗျူးခြင်း
  • အကြောင်းအရာ ခေါင်းစဥ်တစ်ခု ပေးပြီး လူပုဂ္ဂိုလ်များကို အင်တာဗျူးခိုင်းခြင်း။ အင်တာဗျူးရာမှ သိလာသည့် အချက်အလက်တို့ကို ချရေးခိုင်းခြင်း၊ ပြန်လည်ပြောပြခိုင်းခြင်း
၆။ Group Project
  • အကြောင်းတစ်ခု မသင်ခင် (ဥပမာ - ရာဇကုမာရကျောက်စာ) ကြိုတင်ပြီး အဲ့ဒီအကြောင်းအရာကို ဂရုလိုက် ကြိုတင်လေ့လာခိုင်းမယ်။ အဲ့ဒီအကြောင်းအရာ မသင်ခင် ဂရုခေါင်းစဥ်အကြောင်း ဆွေးနွေး ငြင်းခုံခိုင်းတဲ့နည်း။

No comments:

Post a Comment