Saturday, July 12, 2025

ဆွေးနွေးစရာများ

  1. အနက်တေးစာအုပ်များကိစ္စ 
  2. ဥက္ကုဋိကံ (စောင့်ကြောက်ထိုင်ခြင်း) (အင်းစိန်ဆရာတော်ကြီး၏ အယူအဆ ဆောင်းပါး။ ပညာရေးစနစ် မှတ်စု တွင် "ဥက္ကုဋိကံ ပုဒ် အနက်အယူအဆ သုတေသန" ခေါင်းစဥ်ဖြင့် ရှာရန်)
  3. ကျမ်းကိုးစနစ်ကို သုံးတဲ့အခါ ဘယ်နည်းကို သုံးမလဲ (စာပိုဒ်ကို ကိုးကားတဲ့ နည်းအကြောင်းလည်း ဆွေးနွေးရန်)
  4. ကျောင်းများ စီမံခန့်ခွဲ အုပ်ချုပ်ရေးစနစ် (ကုမ္ပဏီတွေမှာ ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါ။ ခိုင်မာတဲ့ System ကိုပဲ တည်ဆောက်ပါတယ်။)
  5. ဂီတနှင့် ပတ်သက်တဲ့ သဘောထား 
  6. ကော်မာ၊ ပုဒ်ထီး၊ ပုဒ်မ = မြန်မာစာ ရေးရာမှ ဖြစ်ဖြစ်၊ ပါဠိရေးရာမှာ ဖြစ်ဖြစ်၊ ပုဒ်ထီး၊ ပုဒ်မ ရေးရမယ့် နေရာမှာ ကော်မာတွေ ခံပြီး ရေးကြတယ်။ ကွက်ရှင်မှတ်တွေ ထည့်ကြတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်ပုံစံကို လိုက်မယ်ဆိုတာ သေသေချာချာ ဆွေးနွေးသင့်တယ်။ (ဦးပညာဓဇရဲ့ တိပိဋကဆော့ဖ်ဝဲ မှာ ကော်မာတွေ အများကြီး သုံးထားတယ်။ ဆဋ္ဌမူ စာအုပ်တွေနဲ့ ကွဲလွဲနေတာ တွေ့ရတယ်။)
  7. စောင့်ကြောက်ထိုင်ခြင်း (ဥက္ကုဋိကံ) (အင်းစိန်ဆရာတော်ကြီး၏ အယူအဆ ဆောင်းပါး။ ပညာရေးစနစ် မှတ်စု တွင် "ဥက္ကုဋိကံ ပုဒ် အနက်အယူအဆ သုတေသန" ခေါင်းစဥ်ဖြင့် ရှာရန်)
  8. ဇာတကများ ပြဋ္ဌာန်းကျမ်းစာမှာ ထည့်သင့်၊ မထည့်သင့် ဆွေးနွေးရန်
  9. ဋီကာကျော် ကို ဆက်လက် ပြဋ္ဌာန်း သင့်၊ မသင့် ဆွေးနွေးရန်
  10. တစ်ခု နဲ့ တခု၊ တစ်ကောင်နဲ့ တကောင် စသည် တစ်နှင့် တ ဆွေးနွေးရန်
  11. ဓမ္မပဒများ ပြဋ္ဌာန်းကျမ်းစာမှာ ထည့်သင့်၊ မထည့်သင့် ဆွေးနွေးရန်
  12. ပိဏ္ဍပါတ လား ပိဏ္ဍာစာရ လား
  13. ပြုံးရယ်မှု။ ဒကာ၊ ဒကာမတွေကို စကားပြောတဲ့အခါ ပြုံးပြုံးရွှင်ရွှင် ပြောသင့်လား။ ဓာတ်ပုံရိုက်တဲ့အချိန် ပြုံးထားသင့်လား။
  14. ဖိနပ်စီခွင့်ပြုရေးကိစ္စ။ သင်ခန်းစာထဲ ထည့်သင့်၊​ မသင့်။
  15. ဗုဒ္ဓသာသနာ။ ဗုဒ္ဓဘာသာလို့ သုံးမယ့်အစား ဗုဒ္ဓသာသနာလို့ သုံးရင် မကောင်းဘူးလား။ (ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု)
  16. မြတ်စွာဘုရား၏စံတော် (ဆံထုံးနဲ့လား၊ ကတုံးနဲ့လား) (ပန်းချီ ဆွဲရာမှာ ထည့်သွင်းစဥ်းစားရမယ့်အချက်ပါ)
  17. ရဟန်းနှင့် ပြုံးရယ်ခြင်း (တည်တည်ကြည်ကြည်နဲ့ နေသင့်လား၊ ပြုံးပြုံးရွှင်ရွှင် နေသင့်လား) (ပန်းချီ ဆွဲရာမှာ ထည့်သွင်းစဥ်းစားရမယ့်အချက်ပါ)
  18. သာသနာ့အလံကိစ္စ (လက်ရှိအလံကို ဆက်သုံးမလား၊ အလံသစ် ထွင်မလား)
  19. သီလရှင်တွေရဲ့ အခန်းကဏ္ဍကို ဆွေးနွေးရန် (သီလရှင်တွေအနေနဲ့ ဘာတာဝန်တွေ ယူသင့်လဲ)

No comments:

Post a Comment