Friday, October 25, 2024

ပညာရေးစနစ်သစ် ဦးတည်ချက်များ

မဟနအဖွဲ့၏ ပရိယတ္တိပညာရေးဆိုင်ရာမူကြီး (၄) ချက်
  1. အကျင့်သီလ မြင့်မားစေခြင်း
  2. ပိဋကတ်ကျမ်းဂန် နှံ့စပ်စေခြင်း
  3. ပါဠိဘာသာတတ်မြောက် ကျွမ်းကျင်စေခြင်း
  4. မြန်မာစာပေအရေးအသား တော်စေခြင်း

ခေတ်သစ်ပရိယတ္တိစာမေးပွဲ ဦးတည်ချက်များ

  1. အကျင့်ကောင်း၍ စာတတ်သော သာသနာ့ဝန်ထမ်းများ မွေးထုတ်နိုင်ရေး
  2. ပိဋကတ်စာပေနှံ့စပ်ရေးနှင့် ကျွမ်းကျင်ရေး
  3. ပဋိယတ်နှင့် ပဋိပတ် ယှည်တွဲကျင့်သုံးနိုင်ရေး
  4. ထေရဝါဒ၏ အနှစ်သာရများကို ထိမ်းသိမ်းစောင့်ရှောက်ရေး
  5. စာပေဖတ်ရှုနိုင်မှုစွမ်းရည် မြှင့်တင်နိုင်ရေး
  6. တရားဟောပြောမှုနှင့် စာပေရေးသားမှုစွမ်းရည်များ တိုးတက်စေရေး
  7. သာသနာ့ဝန်ထမ်းများ၏ ပြည်တွင်း၊ ပြည်ပသာသနာပြုစွမ်းရည်များ မြှင့်တင်နိုင်ရေး
  8. အစိုးရပညာရေးစနစ်များနှင့် ဟန်ချက်ညီညီ ချိတ်ဆက်နိုင်သော ပညာရေးစနစ်ဖြစ်မြောက်ရေး (ရဟန်းဘဝ၊ သီလရှင်ဘဝကို မပျော်ပိုက်၍ လူထွက်ခဲ့သော် လူ့ဘဝအတွက် အသုံးချနိုင်သော ပညာရေးစနစ်ဖြစ်ရေး)
  • အင်းဝခေတ်ကဲ့သို့ မြန်မာစာပေ တခေတ်ဆန်း၍ ဖွံ့ဖြိုးတိုးတက်စေရေး
  • အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်းထက် နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချနိုင်စွမ်းကို ပိုမိုအလေးထားသည်။ 

=============
  • တောတောင်ရေမြေကို စိတ်ဝင်စားသည့် အကြောင်းအရာများ ထည့်သင်ရန်


Education is teaching our children to desire the right things. (Plato)
"ပညာရေးဆိုတာ ကလေးတွေကို မှန်ကန်တဲ့ အရာတွေ လိုချင်လာအောင် သင်ကြားပေးတာပါ" (ပလေတို)


No comments:

Post a Comment