Friday, October 25, 2024

သင်ရိုးညွှန်တမ်းအသစ် လိုအပ်မှု

  • ဘာသာခြားနယ်ချဲ့များက နှစ်ပေါင်းတစ်ရာခန့် မြန်မာပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့ကြသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နှင့် မွန်ပြည်တို့၌ ၄င်းတို့ဘာသာ တိုးမပေါက်ခဲ့သည်မှာ ဘုန်းကြီးကျောင်း ပညာရေးစနစ်ကြောင့် ဖြစ်ပါသည်။ ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန် အများစုမှာ ဘုန်းကြီးကျောင်းများတွင် ပညာမျိုးစုံသင်ကြားပြီး ကြီးပြင်းလာကြသူများ ဖြစ်သည်။ ထို့ကြောင့် ၄င်းတို့၏ နေ့စဥ်ဘဝတွင် ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓစာပေ၊ ဗုဒ္ဓဘာသာ ယဥ်ကျေးမှုများသည် အရေးခဲ့သည်။ နယ်ချဲ့အစိုးရက လောကဓာတ်ကျောင်းများ ဖွင့်လှစ်ခဲ့ချိန်မှစ၍ ဘုန်းကြီးကျောင်းများ၏ ဩဇာမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပေသည်။ 
  • ဘုန်းကြီးကျောင်းများက လူပုဂ္ဂိုလ်တို့ကို ပြန်လည်သင်ကြားရန် မဖြစ်နိုင်တော့သော်လည်း ရဟန်းသာမဏေသီလရှင်များအတွက် ခေတ်နှင့်လျှော်ညီ၍ ခေတ်နှင့်လိုက်လျောညီထွေ ဖြစ်နိုင်မည့် ခေတ်သစ်ပညာရေးစနစ် လိုအပ်တော့မည် ဖြစ်သည်။ အထူးသဖြင့် သာသနာဘောင်သို့ ရောရှိလာကြမည့် သာသနာ့ဝန်ထမ်းများအတွက် နှစ်လမ်းသွား ပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့ လိုပါသည်။

No comments:

Post a Comment