Friday, October 25, 2024

ဘာသာရေးအမြင် ပြောင်းလဲရေး

  • ဗုဒ္ဓဘာသာဝင် အများစုသည် အဋ္ဌကထာစာပေတို့ကို အခြေခံသော ဘာသာရေးအမြင်ဖြင့် ပြုမူပြောဆို ကျင့်ကြံနေကြ၏။ ထိုသို့ဖြစ်နေခြင်းမှာ အဋ္ဌကထာအခြေခံသော ဘာသာရေးစာပေများကို ဖတ်ရှုလေ့လာကြ၍ ဖြစ်သည်။ ဘာသာရေးအမြင် ပြောင်းလဲရန်မှာ ပါဠိတော်အခြေခံသော ဘာသာရေးစာပေ ထွန်းကားဖို့ လိုအပ်၏။ သို့ဖြစ်၍ ဘုရားဟောစစ်စစ် ပါဠိတော် အခြေခံ စာပေများ ရေးဖို့ လိုအပ်သည်။ 
  • ငါးရာ့ငါးဆယ် ဇာတ်တော်များ နေရာတွင် ပါဠိတော်မှ ပုံဝတ္ထုများဖြင့် အစားထိုးဖို့ လိုသည်။ ငါးရာ့ငါးဆယ် ဇာတ်တော်များ၏ သမိုင်းကြောင်းအမှန်ကို အမှန်အတိုင်း သိဖို့ လိုသည်။ 
  • ဓမ္မပဒ အဋ္ဌကထာစသော အဋ္ဌကထာစာပေများကို စိစစ်ကာ ရေးသားဖို့ လိုသည်။ မဟုတ်လျှင် ဒဏ္ဍာရီဆန်ဆန် ပုံပြင်ဝတ္ထုတို့ဖြင့် လွှမ်းနေသည့် စာပေအဆင့်က တက်နိုင်မည် မဟုတ်ပေ။

No comments:

Post a Comment