- ပါဒကတန်း/ မူကြိုတန်း (၁၁ နှစ်ပြည့်ပြီးသူများသာ စာမေးပွဲ ဖြေဆိုခွင့်ပြုရန်)
- မူလတန််း
- အငယ်တန်း (ပထမငယ်)
- အလတ်တန်း (ပထမလတ်) (ပေါက်ကူး) (၁၄ နှစ်ခန့်)
- အကြီးတန်း (ပထမကြီး)
- အထက်တန်း (ဝိသိဋ္ဌတန်း)
- ဥပစာတန််း (ပေါင်းကူး) (၁၇ နှစ်ခန့်)
- ဓမ္မာစရိယတန်း (ပထမနှစ်) (၁၈ နှစ်ခန့်)
- ဓမ္မာစရိယတန်း (ဒုတိယနှစ်)
- ဓမ္မာစရိယတန်း (တတိယနှစ်)
- ဓမ္မာစရိယတန်း (စတုတ္ထနှစ််) (၂၁ နှစ်)
- မဟာဓမ္မာစရိယတန်း (၂) နှစ်
- ဓမ္မပါရဂူတန်း (၃ နှစ်မှ ၅ နှစ်)
ပေးအပ်မည့် ဘွဲ့များ
- ဥပစာတန်း အောင်မြင်ပြီးသူများကို "သာသနာလင်္ကာရ" ဘွဲ့ ပေး၍ မိမိအမည်၏နောက်တွင် "အလင်္ကာရ" တပ်နိုင်သည်။ ဥပမာ ... ဇယာနန္ဒာလင်္ကာရ၊ စိတ္တပါလာလင်္ကာရ။ (သာသနာလင်္ကာရဘွဲ့ရသူတစ်ဦးသည် အများပြည်သူတို့ကို တရားဟောပြောခွင့်နှင့် ကျောင်းထိုင်ခွင့် ရရှိမည် ဖြစ်သည်။)
- ဓမ္မာစရိယ စတုတ္ထနှစ် အောင်မြင်ပြီးသူများကို "သာသနဓဇဓမ္မာစရိယ" ဘွဲ့ ပေး၍ မိမိဘွဲ့၏နောက်တွင် (သို့မဟုတ်) မိမိဘွဲ့၏ ရှေ့တွင် "အာစရိယ" တပ်နိုင်သည်။ ဥပမာ ... ကုသလာစရိယ (သို့မဟုတ်) အာစရိယ ကုသလ
ပေါင်းကူးပညာရေးစနစ်
- အလတ်တန်း (ပထမလတ်တန်း) အောင်မြင်ပြီးသူတစ်ဦးသည် သာသနာတော်၌ မပျော်ပိုက်၍ လူထွက်ပြီး အစိုးရတန်းကျောင်းများသို့ တက်ရောက် ပညာသင်ကြားလိုပါက အစိုးရအလယ်တန်းကို ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။ အစိုးရအလယ်တန်းစာမေးပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် ပေါင်းကူးကျောင်းများ၌ နေထိုင်၍ သင်္ချာ၊ သိပ္ပံစသော လိုအပ်သည့် ဘာသာရပ်တို့ကို သင်ယူရမည်။ ထိုပေါင်းကူးကျောင်းများက အလယ်တန်းစာမေးပွဲများ ဝင်ရောက်ဖြေဆိုပြီးသည်အထိ အခမဲ့ တာဝန်ယူ သင်ကြားပေးရမည်။
- ဥပစာတန်း အောင်မြင်ပြီးသူတစ်ဦးသည် သာသနာတော်၌ မပျော်ပိုက်၍ လူထွက်ပြီး အစိုးရတန်းကျောင်းများသို့ တက်ရောက် ပညာသင်ကြားလိုပါက အစိုးရအထက်တန်း (တက္ကသိုလ်ဝင်တန်း) ကို ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။။ အစိုးရအထက်တန်းစာမေးပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် ပေါင်းကူးကျောင်းများ၌ နေထိုင်၍ သင်္ချာ၊ သိပ္ပံစသော လိုအပ်သည့် ဘာသာရပ်တို့ကို သင်ယူရမည်။ ထိုပေါင်းကူးကျောင်းများက အထက်တန်းစာမေးပွဲများ ဝင်ရောက်ဖြေဆိုပြီးသည်အထိ အခမဲ့ တာဝန်ယူ သင်ကြားပေးရမည် ဖြစ်သည်။
- အစိုးရကျောင်းမှ အလယ်တန်းပြီးထားသူတစ်ဦးသည် ဘုန်းကြီးသီလရှင်ဝတ်၍ ပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုပါက အလတ်တန်း (ပထမလတ်တန်း) မှ စတင်ဝင်ရောက် ဖြေဆိုနိုင်သည်။ အထက်တန်းပြီးထားသူတစ်ဦးသည် အထက်တန်း (ဝိသိဋ္ဌတန်း)၊ အစိုးရတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရသူတစ်ဦးသည် ဥပစာတန်းမှ စတင်ဝင်ရောက် ဖြေဆိုနိုင်သည်။ သက်ဆိုင်ရာအတန်းများ မတက်ခင် အောက်အောက်အတန်းများ၌ ပြဋ္ဌာန်းထားသော ပါဠိသဒ္ဒါ၊ ဝိနည်း၊ သုတ္တန်နှင့် အဘိဓမ္မာ လေးဘာသာကို ဝင်ခွင့် ဖြေဆိုရမည်။
No comments:
Post a Comment